4/19/2014

*** ပျိုပျိုမေ နှင့် ဒေါက်မြင့်အန္တရာယ် ***

မ-သဘာဝအရ ငယ်စဉ်ကလေးဘ၀ကတည်းက ဒေါက်မြင့်ကြိုးသိုင်းဖိနပ်ကလေးများကို စွဲလန်းခဲ့ကြတာဓမ္မတာပါ။ လှသွေး ကြွယ်အရွယ်ရောက်ချိန်မှာ ဒေါက်မြင့်ဖိနပ်စီးမှ ဆွဲဆောင် မှုရှိသလိုလို မိမိကိုယ်ကိုယုံကြည်မှုအပြည့်နှင့်ပေါ့။ ဒေါက်မြင့်ဖိနပ်က ပုနေသူကို အရပ်မြင့် သယောင်၊ အရပ်ရှည်သူကို စတိုင်လာကျစေလို့ ပျိုပျိုမေတို့ သည်းခြေကြိုက် ဖြစ်လို့ နေပါတယ်။

မှန်ပါတယ်။ ဒေါက်ဖိနပ်များဟာ အနောက်တိုင်းအ၀တ်အစားများသာ မက၊ မြန်မာ့ရိုးရာ အ၀တ်အစားများနှင့်လည်း လိုက်ဖက်တာ ကြောင့် ကမ္ဘာ့အမျိုးသမီးပရိတ်သတ်အလယ် အရောင်စုံ/အသွေးစုံဒေါက်ဖိနပ်လေးများက အောင်ပွဲခံလျှက်ပါ။ အလှအပအတွက် မျက်စေ့ ပသာဓဖြစ်စေသော်လဲ၊ သက်တောင့်သက်သာမရှိ နာကျင်မှုဝေဒနာကို ဟန်လုပ်ပြုံးကာ မနည်း ကျားကန်ထားရ သည်ကို တော့ ကာယကံရှင်သာ အသိဆုံးပါ။

အသင့်အတင့် ဒေါက်မြင့်က ပြသနာမရှိလှပေမယ့်၊ spools (ခေါ်) ငါးမျှားကြိုးရစ်ဘီးဒေါက်၊ stilettos (ခေါ်) ရှည်လျား သွယ်ချွန် သောဖနောင့်ဒေါက်၊ cones (ခေါ်) ရေခဲမုန့် ကတော့ ပုံစံဒေါက် နှင့် wedges (ခေါ်) ဂေါက်သီးရိုက်တံဒေါက် တို့ ကို စီး နေမကျ ဘဲ အချိန်ကြာမြင့် စွာ စီးခြင်းဖြင့် အောက်ပါနောက်ဆက်တွဲဆိုးကျိုးများ ဖြစ်လာစေပါလိမ့်မည်။

** ဖက်ရှင်ဆန်ဆန်ဒေါက်ဖိနပ်ချွန်ချွန်လေးပေါ်ကို ခန္ဓာကိုယ်တစ်ခုလုံး ၀န်ပိ၍စီးခြင်းေ ကြာင့် ခြေချောင်း ၁၀ချောင်းလုံးရဲ့  အရိုးအဆစ်များကို ထိခိုက်နာကျင်စေပါတယ်။
 

** ဖိနပ်မြင်မြင့်စီးပြီး ခရီးဝေးသွားရတာ အင်မတန်ခက်ခဲလှပါတယ်။ ယိုင်လဲမသွားအောင် ဟန်ချက်ညီညီထိန်းလျှောက် ရခြင်းကြောင့် လိုရာပန်းတိုင်သို့  နှောင့်နှေးစေရုံသာ မက၊ ခြေ ဖ၀ါးအပါအ၀င်ခြေထောက်တစ်ခုလုံး မသက်သာလှပေ။
 

** သက်ကြီးပိုင်းအမျိုးသမီး ၆၀% ၏ ခါးနာဝေဒနာအစဟာ ဒေါက်မြင့်ကြောင့်ပါ။ အေ ကြာင်း ရင်းကတော့ အလေးချိန်စီးဆုံး တင်ပါးဆုံပိုင်းအတွက် ခါးက ဖိနပ်နှင့်အပြိုင် ဒေါက်ေ ထာက်ပေးနေရခြင်းကြောင့်ပါ။
 

** တခါတရံမှ ဒေါက်မြင့်သူများခြေချော်မကျအောင် အထူးသတိပြုပါ။ အဆစ်လွဲခြင်း၊ ခြေချင်းဝတ်လိမ်သွားပြီး နာကျင် ယောင်ကိုင်းခြင်း၊ 
အခမသင့်ပါက ခြေချောင်း ကျိုးခြင်း တို့ ဖြစ်စေတတ်ပါတယ်။
 

** အလွန်မြင့်တဲ့ ဒေါက်များဟာလမ်းလျှောက်ရခက်ခဲပြီး၊ တခါတရံ ခါးရှေ့ သို့ ကိုင်း၍အာြး ပုလျှောက်ရခြင်းကြောင့် ခြေမ အရိုးကောက်စေပြီး၊ ခြေသလုံးကြွက်တက်စေပါတယ်။


(ဆောင်းပါးရှင်... ပေါက်ပေါက်...မျှဝေသည်)
(ကိုးကား..Daily Health Tips)
--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)