ကလေးငယ်များ တစ်နေ့လျှင် နွားနို့ လီတာဝက်ခန့် သောက်သုံးပါက ဦးနှောက် ဖွံ့ဖြိုးမှုကို ထောက်ပံ့ ပေးကြောင်း ဆေးပညာ ရှင်များ အကြံပြု
ပေကျင်း ဒီဇင်ဘာ ၁၉
အသက်နှစ်နှစ်မှ ငါးနှစ်အရွယ် အကြားရှိ ကလေးငယ်များသည် တစ်နေ့လျှင် နွားနို့ လီတာဝက်ခန့် သို့မဟုတ် ရှစ်အောင်စ ရှိသော နို့နှစ်ခွက်ကို သောက်သုံး သင့်ကြောင်း လေ့လာမှု တစ်ရပ်တွင် အကြံပြုထားသည်။
တိုရွန် တိုမြို့ စိန့်မိုက်ကယ် ဆေးရုံမှ သုတေသန ပညာရှင် တစ်ဦးဖြစ်ပြီး ကလေး အထူးကု ဆရာ ဝန် တစ်ဦးလည်း ဖြစ်သူ ဒေါက်တာ ဂျိုနသန် မာဂူရီက ဦးဆောင်၍ ပြုလုပ်ခဲ့သည့် လေ့လာမှု တစ်ရပ်အရ ကလေးငယ်များသည် နွားနို့ကို လုံလုံလောက်လောက် မသောက်သုံးပါက ဗီတာမင်ဒီ ချို့တဲ့မှု ကို

ဖြစ်ေ ပ်ါစေမည်
ဖြစ်ပြီး ကလေးများ တစ်နေ့လျှင် နွားနို့ တစ်လီတာခန့် သောက်သုံးပါက ၎င်းတို့၏
အရိုး များကို ကျန်းမာသန်စွမ်း စေနိုင်ကြောင်း အချို့ သုတေသီများက
ပြောကြားထားသည်။
နွားနို့သည် ကလေးငယ်များ အတွက် အရေးကြီးသော အစာ အာဟာ ရ
ဖြစ်ကြောင်း မာဂူရီက ပြောကြားသည်။ သို့သော်လည်း ကလေးများ တစ်နေ့တွင်
နွားနို့ မည်မျှ သောက်သုံးသင့်သည် ဆိုသည့် ပမာဏနှင့် စပ်လျဉ်း၍ အငြင်း
ပွားမှုများ ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ယခု စမ်းသပ်မှုတွင် ဒေါက်တာ ဂျိုနသန်
မာဂူရီနှင့် အဖွဲ့များက အသက် နှစ်နှစ်မှ ငါးနှစ် အရွယ်ရှိ ကလေးငယ် ၁၃၁၁
ဦးကို လေ့လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Posted in: ကလေးတို့ကျန်းမာခြင်း