လူအများစုဟာ နံနက်စောစောမှာ ဆီးသွားချင်လို့ အိပ်ရာနိုးတာက တခြား အကြောင်းရင်းတွေထက် ပိုများပါတယ်။
အကြောင်းရင်း ကတော့ အညစ်အကြေး စွန့်ထုတ်တဲ့ အူမကြီးရဲ့ ကျုံ့နိုင်၊
ကျဉ်းနိုင်စွမ်းကို ထိန်းချုပ် ထားတဲ့ အူထဲက နျူရွန်တွေဟာ ခန္ဓာကိုယ် ဇီဝနရီ
ဖြစ်စဉ်ရဲ့ လွှမ်းမိုးမှု ရှိပါတယ်။
ဒီဇီဝနရီဟာ ညဘက်မှာ သင့်ကို
အိပ်ငိုက်ပြီး အိပ်မော ကျအောင် လုပ်ပေးသလို သင့်ကို နံနက် ခင်းမှာ နိုးထ
လာအောင်လည်း လုပ်ဆောင် ပေးပါတယ်။
ဒါကြောင့် လူအများစုဟာ ပုံမှန်
အချိန်ဆိုရင် ညဥ့်လယ်မှာ ဝမ်းသွားလိုစိတ်
မဖြစ်ပေါ် ကြတာပါ။
ပြီးတော့ ကျောက်ကပ်က ထုတ်လုပ်တဲ့ ဆီးအဆက်မပြတ်ကို
သိုလှောင်ရာ ဆီးအိတ် ကလည်း ညအိပ်စဉ် တဖြည်းဖြည်းချင်း ပမာဏ တစ်ခုအထိ
ပြည့်လာပါတယ်။
ပုံ မှန်အားဖြင့် လူတွေဟာ ဆီးမသွားဘဲ ၆-၈ နာရီခန့်အထိ
အိပ်မောကျ နေနိုင်ပါတယ်။
ဒါကြောင့် ပုံမှန်လူတွေ အဖို့ ညဘက် အိပ်မောကျပြီး
နံနက်ခင်းမှာ ဆီးသွားချင် စိတ်ကြောင့် အိပ်ရာက နိုးရတာ ဖြစ်ပါတယ်။
ဒါပေမဲ့
အိပ်ရာ မဝင်ခင် ရေနဲ့ အရည်တွေ များများ သောက်ထားတာ၊ တချို့ ဆေးတွေ
သောက်တာနဲ့ ကျန်းမာရေးအ ခြေအနေ တချို့ကြောင့် ညဘက်မှာပါ ဆီးသွားချင်လို့
အိပ်ရာက နိုးထရ တတ်ပါတယ်။
2/01/2014
နံနက်တွင်ဆီးသွားချင်၍ အိပ်ရာနိုးလာခြင်း
2/01/2014
Dim




