၁။ အဆစ် နာကျင်မှုမှ ကင်းဝေးအောင် ဗီတာမင်စီ မှီဝဲပါ ဗီတာမင်စီဟာ အဆစ် ရောင်တဲ့ ဖြစ်စဉ်ကို
သိသိသာသာ နှေးကွေး စေရုံ သာမက နေ့စဉ် ၂၀၀ မီလီဂရမ် မှီဝဲတာကြောင့် အဆစ်ရောင် ရောဂါကို ၁၀၀ ရာခိုင်နှုန်း
မဖြစ်အောင် ကာကွယ် နိုင်တယ်လို့ လေ့လာမှု အရ သက်သေ ပြထား နိုင်ပါတယ်။
ဗီတာမင်စီမှာ အစွမ်းထက် ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ အမြောက်အမြား
ပါဝင်တာကြောင့် အဆစ်ကို ဒုက္ခပေးမယ့် ဓာတ်တိုး ပစ္စည်းတွေကို ဖျက်ဆီး
ပစ်နိုင်လို့ ပါလို့ ကျွမ်းကျင်သူ တွေက ရှင်းပြ ထားပါတယ်။
၂။
ရူမတွိုက် အဆစ်ရောင် ရောဂါကို ကာကွယ် နိုင်အောင် လက်ဖက်ရည်ကြမ်း သောက်ပါ
နေ့စဉ် လက်ဖက်ရည်ကြမ်း လေးခွက် သောက်တာကြောင့် ရူမတွိုက် အဆစ်ရောင် ရောဂါ
ဖြစ်နိုင်ခြေ ၅၃ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ သုတေသီတွေက
အကြံပေးထားကြပါတယ်။ လက်ဖက် ခြောက်မှာ ပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင်
ပစ္စည်းတွေဟာ အဆစ်တွေကို တိုက်ခိုက်မယ့် ခုခံအား ဆဲလ်တွေကို တားမြစ်
ပေးနိုင် လို့ပါ။
၃။ အဆစ်အတွင်း အာဟာရ ပြည့်ဝအောင် ငါးအဆီ စားပါ
အပတ်စဉ် ငါး ၁၈ အောင်စ ဒါမှမဟုတ် နေ့စဉ် Fish Oil ၁ဂရမ် မှီဝဲ တာကြောင့်
အဆစ် တစ်သျှူး အတွင်း အာဟာရ ပြည့်ဝစေပြီး အဆစ်ရောင် ရောဂါ မဖြစ်အောင်
ကာကွယ် နိုင်တယ်လို့ သုတေသီ တွေက ဆိုပါတယ်။
၎။ အရိုးနု တည်ဆောက်နိုင်တဲ့ လေ့ကျင့်ခန်း ပြုလုပ်ပါ
လေ့ကျင့်ခန်း အားလုံးဟာ ကြွက်သားတွေ တင်းအား ကောင်းမွန် စေပြီး အဆစ်တွေ
ကွေးနိုင် ဆန့်နိုင်အား မြင့်တက် စေနိုင် ပါတယ်။ ဒါပေမဲ့ စက်ဘီး
စီးတာလိုမျိုး ထပ်ကာထပ်ကာ ရွေ့လျားမှု ပြုလုပ်ရတဲ့ လေ့ကျင့်ခန်း တွေဟာ
ခြေထောက်နဲ့ တင်ပဆုံမှာရှိတဲ့ အရိုးနုတွေကို တည်ဆောက် နိုင်တာမို့ နေ့စဉ်
အနည်းဆုံး ၁၂ မိနစ်ခန့် စက်ဘီးစီး လေ့ကျင့်ခန်း ပြုလုပ်ပါ။
၅။ ရောင်ရမ်းမှု ဖြစ်စဉ်ကို တားမြစ်နိုင်တဲ့ သံလွင်ဆီနဲ့ ဟင်းချက်ပါ
သံလွင်ဆီမှာ ရောင်ရမ်းမှုကို တားမြစ်နိုင်တဲ့ အစွမ်းထက် ဒြပ်ပေါင်း
(Squlene) ပါဝင်တာမို့ အဆစ်ရောင် ရောဂါ ဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်းထိ
လျှော့ချနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
ဒေါက်တာခင်မိုးမိုး
2/04/2014
အဆစ်ရောင်ရမ်းမှု မဖြစ်အောင် ကာကွယ် နိုင်မည့် နည်းလမ်းများ
2/04/2014
Dim




