1/03/2014

Gospel Music Myanmar Vol-4

သီချင်းလေးပါ download link [ http://cl.ly/0t2v111i382t ]

Gospel Music Myanmar Vol-4

V:1 အများကဘုရားကျောင်းတက်ကြတဲ့အချိန်
လေးကွတစ်လက်နဲ့ငှက်ပစ်ထွက်တာ ကလေးဘဝတုန်းက
ကျွန်တော့်အကြင့်စရိတ်ဆိုးတွေ အလှူငွေဆိုရင် လာမပေးနဲ့
သရေစာခံအောင်ဝယ်စားမိစဉ် အဖေအမေကြိမ်အခါခါထိတာ
မမှတ်ဘူး …

V:1 ဘုရားကျောင်းထဲကထုံးတန်းဓလေ့တွေ
နှုတ်ကပတ်တရားရဲ့အေးငြိမ်းမှုတွေ ရေရေရာရာတစ်ခုမှ
မသိခဲ့ပါ နေရာတစ်ကာမှာနာမည်ဆိုးနဲ့ လူတွေအလယ်မှာ
ကျော်ကြားခဲ့သူ ခင်သူမင်သူ ကြင်နာသောသူမရှိဘူး …
ကျွန်တော်လူဆိုး ဆိုးချက်ကတော့ ကန်းကုန်တယ် …

CHO: ဒီလိုရက်စက်ဆိုးခဲ့ မိုက်ခဲ့ သောင်းကျန်းခဲ့တဲ့ဒဏ်ချက်များ
ခံရချိန်မှာဘယ်သူကယ်မလဲ လူမိုက်ကို သခင်ယေရှုရဲ့သားသမီးအချို့က
အပြစ်ရဲ့ကျေးကျွန်လူမိုက်အား ဆုတောင်းပဌာနာ အကြင်နာတွေပြခဲ့ကြလို့
ကျွန်တော်လူမိုက် အခုတော့ အသင့်လူဖြစ်လာပြီ …

[ Solo , ]

V:3 ဟိုး … ဘုရားကျောင်းမတက်လို့ တရားမဲ့ခဲ့သူ
ဒုစရိတ်အမှုနဲ့ဘဝပျက်ကြသူ ဒီကမ္ဘာပေါ်မှာရှိခဲ့ရှိဆဲဘဲ
ဒါဟာအန္တရာယ်မယ့်မီး သေမယ်ဆိုတာသိထားရက်သူ
အကြိမ်ကြိမ်အခါအခါ ဖလံပိုးလိုဝင်ကာတိုး …

[ V:2 , CHO ]

( သခင်ယေရှုရဲ့ အနှိုင်းတုမဲ့တဲ့ တစ်ဖက်သက် မေတ္တာချစ်ခြင်းများ
ထက်ကားတိုင်ပေါ် မျှော်ကာကြည့်ရင်မြင်ရမယ် ဒဏ်ရာများနဲ့
ရက်ရက်စက်စက် ပေးစပ်ခြင်းဟာ ကျွန်တော်တို့အတွက်
အမှန်သိလာပြီ ထာဝရချစ်ခြင်းကို ကျွန်တော်လူမိုက်အခုတော့
အသင့်လူဖြစ်လာပြီ ကျွန်တော်လူမိုက်အခုတော့ အသင့်လူဖြစ်လာပြီ
ကျွန်တော်လူမိုက်အခုတော့ အသင့်လူဖြစ်ခဲ့ပြီ …
Dar Weid - fb