လူအတော်များများမှာ
အသက်အရွယ် ရလာတဲ့အခါ များသောအားဖြင့် သွေးတိုးရောဂါ
ဖြစ်လေ့ရှိတတ်ကြပါတယ်။ စာရေးသူကိုယ်တိုင် ခေါင်းတွေကိုက်ပြီး ဇက်ကြောတွေ
တက်လို့ ဆေးခန်းသွားပြတဲ့အခါ သွေးတိုးရှိနေကြောင်းကို ပထမဆုံး သိရပါတယ်။
သွေးတိုးဝေဒနာရှင်များအနေနဲ့
မိမိကိုယ်တိုင် အလွယ်တကူ ဖော်စပ်ပြီး စားသုံးနိုင်တဲ့ ဆေးနည်းတစ်ဖုံကို
စာရေးသူကိုယ်တိုင် ဖော်စပ်စားသုံးခဲ့ပြီးမို့
သွေးတိုးဝေဒနာရှင်များအတွက် ကိုယ်ချင်းစာစိတ်ထားပြီး
ဖော်ပြပေးလိုက်ပါတယ်။
ဆေးနည်းမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဘုမ္မရာဇာမြစ်
ဥနှဲမြစ်
ငုမြစ်
နနွင်းစိမ်း
ဆင်တုံးမနွယ်
၎င်းဆေးအမည် ၅-မျိုးကို ဆတူယူ၍ ညက်အောင် အမှုန့်ကြိတ်ပြီး ပျားရည်နဲ့ တေပါ။ ပြီးလျှင် ရွေးစေ့ခန့်အရွယ် အလုံးကလေးများ လုံးထားပါ။
သွေ့သွားအောင်
ဆေးလုံးများကို နေရောင်ပြပြီး ပုလင်းထဲထည့်ပြီး လေလုံအောင် ပိတ်ထားပါ။
နံနက်-တစ်လုံး၊ ညပိုင်း-တစ်လုံး နေ့စဉ်သောက်သွားပါက သွေးတိုးရောဂါ
သက်သာပျောက်ကင်းသွားပါလိမ့်မယ်။
ကိုယ်တစ်ခြမ်း သေခြင်းနှင့်
အထိုင်အထ ခက်ခဲတဲ့ ဝေဒနာရှင်များလည်း စွဲစွဲမြဲမြဲ စားသုံးပေးပါက
သက်သာပျောက်ကင်းပါတယ်။ ရောဂါပျောက်တဲ့အခါ နေ့စဉ် စားသုံးဖို့
မလိုအပ်တော့ဘဲ တစ်ခါတစ်ရံမှသာ စားပေးဖို့ လိုပါတယ်။
သွေးတိုးအတွက် နောက်တစ်နည်း---
သွေးတိုးရောဂါကြောင့်
သွေးတက်ပြီး အခံရခက်နေတဲ့ အချိန်မှာ ဒန့်သလွန်ပင်မှ တမာစေးလိုထွက်နေတဲ့
အစေးကို မန်းကျည်းစေ့ (၂-ပဲသားခန့်) စားပေးပါကလည်း သွေးပေါင်ကျပြီး
သက်သာပျောက်ကင်းသွား ပါတယ်။
ဒန့်သလွန်အစေးကို အပင်မှ ချက်ချင်း ခွါယူတဲ့အစေးကသာ ပိုပြီး အာနိသင် ကောင်းပါတယ်။ အစေးကို ခွါယူပြီး ဆောင်ထားရင်လဲ ရပါတယ်။
မိမိအိမ်မှ
ဒန့်သလွန်ပင်ကိုဖြစ်စေ၊ မိမိအိမ်မှာ မရှိခဲ့ရင် အိမ်နီးဝန်းကျင်မှ
ဒန့်သလွန်ပင်များကို ဖြစ်စေ၊ ပိုင်ရှင်ကို ပြောပြခွင့်တောင်းပြီး
အစေးများ ထွက်လာအောင် ပင်စည်ကို ဓားနဲ့ အနည်းငယ် ထစ်ထားဖို့ လိုပါတယ်။
ဒါမှသာ လိုအပ်တဲ့အချိန်မှာ ဒန့်သလွန်အစေးကို အလွယ်တကူ ရနိုင်မှာဖြစ်ပါတယ်။
ဒန့်သလွန်အရွက်နဲ့
အသီးများကို စားသုံးပေးခြင်းဖြင့် သွေးတိုးကျစေတဲ့
အစွမ်းသတ္တိရှိကြောင်းကိုတော့ အားလုံးသိရှိကြပါတယ်။ ဒါပေမယ့်
ဒန့်သလွန်အစေးရဲ့ အကျိုးအာနိသင်ထူးကိုတော့ လူသိနည်းကြပါသေးတယ်။
ဒါကြောင့်
အလွယ်တကူရရှိနိုင်တဲ့ ဒန့်သလွန်အစေးက အသီးနဲ့အရွက်များထက် ပိုပြီး
အစွမ်းထက်ကြောင်း ကောင်းမွန်ကြောင်းကို ဘဝတူသွေးတိုးဝေဒနာရှင်များအတွက်
တင်ပြပေးလိုက်ပါတယ်။
မင်းတပ် ဦးအောင်ခင်
credit to >>စိမ့်စမ်းရေ
1/31/2014
သွေးတိုးအတွက်သဘာဝ ဆေးနည်း
1/31/2014
Dim




