ကမ္ဘာ့ကျန်းမာရေး အကောင်းဆုံးနေရာ အဖြစ် ဂျပန်နိုင်ငံ၊ အိုကီနာဝါ ကျွန်းက အရွေးချယ် အသတ်မှတ်ခံထားရပါတယ်။
အိုကီနာဝါကျွန်းမှာ အသက် ၁၀၀ ကျော်သူ ပျမ်းမျှအားဖြင့် လူဦးရေ ၄၅၀ ကျော် နေထိုင်လျက် ရှိတယ်လို့ စစ်တမ်းအရ သိရပါတယ်။ လက်ရှိ အိုကီနာဝါကျွန်းမှာ နေထိုင်သူ ဦးရေ ၁၄ သိန်း ဝန်းကျင် ရှိပါတယ်။ အသက် ၆၀ ကျော် လူအိုအများအပြား နေထိုင်ပါတယ်။
ပတ်ဝန်းကျင် ရေမြေ အနေအထားလှပမှု၊ သန့် ရှင်းသပ်ရပ်မှုကြောင့် ကျွန်းပေါ်ရှိ ပြည်သူများ ကျန်းမာရေး ကောင်းမွန်ကြပါတယ်။ ကမ္ဘာ့ အသက်အကြီးဆုံး ပုဂ္ဂိုလ်များလည်း ဂျပန်နိုင်ငံရဲ့  အိုကီနာဝါ ကျွန်း ကနေ နှစ်စဉ် ထွက်ရှိတယ်လို့ သိရပါတယ်။
---
www.facebook.com/TheWebshopMM
www.thewebshop-mm.com





