1/03/2014

နှလုံးသွေးပြန်ကြောပွင့်အောင်အစားအစာဖြင့် ကုသနည်း

{နှလုံးသွေးပြန်ကြောပွင့်အောင်အစားအစာဖြင့် ကုသနည်း } ဆိုတဲ့စာကို ဖတ်ရလို့ကျင်းလိသိတာလေးတွေကိုပါထည့်ရေးထားပြီးသူငယ်ချင်းတို့လေ့လာဖို့ ဘာသာပြန်တင်လိုက်ပါတယ် ။
 လန်ဒန်မှာနေတဲ့လုတစ်ယောက်က ပါကစ်စတန်နိင်ငံအစည်းအဝေးမှာရုတ်တရက် ရင်ဘတ်အောင့်နာလို့ဆေးရုံမျာသွားရောက်စစ်ဆေးတာ နှလုံးသွေးပြန်ကြော သုံးချောင်းက စိုးရိမ်လောက်အောင်ပိတ်ဆို့နေတာမို့ လမ်းလွဲကြောင်းခွဲစိတ်( Bypass surgery.) ဖို့လိုအပ်တယ် ခွဲစိတ်ဖို့ တစ်လ ရက်ချိန်းပေးလိုက်တယ် ။
 အဲဒီအတောအတွင်းမှာ သူပာာ ရှေးပောာင်း နည်းဖြင့်ကုသတဲ့လုတစ်ယောက်ဆီမှာသွားပြတယ် ။ အဲဒီလုက သူ့ကိုမိမိအိမ်မှာသဘာဝအစားအစာဖြင့်ကုသနည်းကိုပေးလိုက်တယ် ။ 
တစ်လလောက်စားပြီးနောက်ဆေးရုံမှာ ပြန်စစ်ဆေးတဲ့အခါ နှလုံးသွေးပြန်ကြောတွေက ပွင့်သွားပြီး အကောင်းပကတိဖြစ်နေတာကိုတွေ့ရပါတယ်တဲ့ ......... ။ 
 ★နှလုံးသွေးပြန်ကြောပွင့်အောင်အစားအစာဖြင့် ကုသနည်း က သဘာဝအစားအစာနဲ့ကုနည်းဖြစ်ပါတယ်။
  ပါဝင်သောပစ္စည်းများက
 သံပုရာရည် တစ်ခွက် ၊ ချင်း(ဂျင်း)ရည်တစ်ခွက် ၊ ပန်းသီး ရှလကာရည်တစ်ခွက် ၊ (Apple vinegar.)ကြက်သွန်ဖြူရည် တစ်ခွက် နဲ့ပျားရည် အနည်းငယ်ဖြစ်ပါတယ် ။
 *** အားလုံးက တစ်ခွက် ဆိုတဲ့အတိုင်း အချိုးစားတုပါ ။
 ( သံပုရာသီး တစ်လုံးခွဲ ၊ ချင်း နှစ်တုံး ၊ ကြက်သွန်ဖြူ သုံးလုံး ) ❉ ကြက်သွန်ဖြူ ကိုအခွံနွာ ၊ ချင်း ကိုအချပ် ဖြစ်အောင်လှီး လိုက်ပါ ။ ကြက်သွန်ဖြူ နဲ့ ချင်းကို blender သစ်သီးဖျော်စက် ထဲတွင်အတု ကျိတ်လိုက်ပါ ။
 သန့်ရှင်းသောအဝတ်ဖြင့် အရည်ကိုညှစ်ယု ပါ ။
 # အကြံပေးချင်တာက အဖတ်တွေကိုမလွှင့်ပစ်ပါနဲ့ ။ ပာင်းတွေချက်တဲ့အခါထည့်သုံးစေချင်ပါတယ် ။ အလပာဿ မဖြစ်စေချင်ပါ ။
 ❉ ကြက်သွန်ဖြူ နဲ့ ချင်း ရည် ၊ သံပုရာရည် ၊ပန်းသီးရှလကာရည် တို့ကိုအိုးထဲတွင်ထည့်ပြီး မီးကြီးကြီးဖြင့်ဆုအောင်တည်ပါ ။ 
ဆုပြီးလျှင် မီးနည်းနည်းဖြင့်ဖြည်းဖြည်းတည်ပါ ။ အိုးအဖုံးမဖုံးရပါ ။ အရည်တွေ တစ်ဝက်လောက်ကျန် တဲ့အထိ နာရီဝက်လောက်တည်ပါ ။
 # အကြံပေးချင်တာက မြေအိုးနဲ့တည်လျှင်ပိုကောင်းပါတယ် ။ တရုတ်တိုင်းရင်းဆေးတည်ရာတွင်မြေအိုးကိုအသုံးပြုတာက အပုချိန်ကို လုံလောက်စွာပေးနိင်တာမို့ဆေးအစွမ်းတွေထွက်လာပါတယ် ။
 ❉ ကြိုချက်ထားတဲ့အရည်ကို အေးသွားတဲ့အခါ ပျားရည်အသင့်တင့်ထည့်ပြီးရောမွှေ လိုက်ပါ ။ ပျားရည်ထည့်ရတာက သောက်သုံးတဲ့အခါ အရသာပိုကောင်းပြီးသောက်ရလွယ်ကုအောင်လို့ပါ ။ အရည်ကိုပုလင်းထဲမှာထည့် အဖုံးကိုလုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲမှာထည့်ပါ ။ 
  နေ့တိုင်း မနက်စာ မစားမှီ လက်ဖက်ရည်ဇွန်းတစ်ဇွန်း သောက်ပါ။
 ချစ်ခင်လေးစားရသောသူငယ်ချင်းတို့ ..... ဒီနည်းက သဘာဝ ကျကျ ကျန်းမာရေးအတွက်အသုံးဝင်ပါတယ် ။
ကိုယ်တိုင်လုပ်စားကြည့်ရတာလွယ်ကုတာမို့ကိုယ်တိုင်စမ်းသပ်သုံးစွဲနိင်ပါတယ် ။ ကျင်းလိသိသလောက်ပြောရရင်ဒီအစားအစာက နှလုံးသွေးပြန်ကြောပွင့်နိင်စွမ်းရှိတဲ့အပြင် သွေးတိုး ၊ ဆီးချိုရှိသူများ၊အစာအိမ်အုလမ်းကြောင်းနှင့်အအေးမိခြင်းမှကာကွယ်ခြင်းအတွက်လည်းအထောက်အကု
ပြုပါတယ် ။
 သံပုရာ+ ချင်း+ ကြက်သွန်ဖြူ + ပန်းသီးရှလကာရည် တွေက လုခန္ဓာကိုယ်အတွက်အများကြီးအထောက်အကူပြုပါတယ် ။ 
ဒါတွေအားလုံးကိုရောကြိုချက်စားရတာ စပ် ခါး ချဉ် တာမို့ပျားရည်အနည်းငယ်ထည့်ပါ ။ ပျားရည်အနည်းငယ်ထည့်ခြင်းဖြင့် သောက်ရတာလွယ်ကုတယ် ။
 ( ဆီးချို ရှိသူအတွက်တော့ ချိန်ဆပြီးထည့်ပါ) နေ့တိုင်း မနက်စာမစားခင် လဖက်ရည်ဇွန်းတစ်ဇွန်း စားပါ ။ *** သွေးတိုး နဲ့ဆီးချိုရောဂါရှိသူများသောက်နေကျ ဆေးကိုလည်းသောက် ရင်း ဒီအစားအစာကိုလည်းစားနိင်ပါတယ် ။
 ဒါပေမယ့် သွေးတိုး ရောဂါ ဆီးချိုရောဂါ ရှိသူများဆေးမသောက်ခင် သွေးပေါင်ချိန် ၊ သွေးချို ကို အမြဲတိုင်းဖို့မမေ့ပါနဲ့ ။
 { ဒီအစားအစာတွေက သွေးပေါင်ကျနိင် ၊ သွေးချို ကျနိင်စွမ်းရှိပါတယ် ။ } သွေးပေါင်ကျ ၊သွေးချိုကျလို့ခေါင်းမှုး တတ်ပါတယ် ။
 ဆရာဝန်နဲ့ ဆေးကိုလျှော့သင့်မလျှော့သင့်ဘုးလားဆိုတာတိုင်ပင်ပါ ။ 
*** ချင်းနဲ့ကြက်သွန်ဖြူကိုကျိတ်တဲ့အခါ ရေအစား ညှစ်ထားတဲ့သံပရာရည်(သို့) ပန်းသီးရှလကာရည်ထည့်ပြီးကျိတ်လိုက်ပါ ။ တချို့ သစ်သီးဖျော်စက်က အရည်မပါရင် ကျိတ်မရတာလဲရှိပါတယ် ။
 သူငယ်ချင်းများအားလုံးကျန်းမာပါစေ~~ 
Jin Li Chaoღ(✿‿✿)ღ
2014.01.02 at 23:11 pm