skip to main |
skip to sidebar
12/13/2013
Dim
-Alexander Graham Bell (March 3, 1847 – August 2, 1922)
လက်ရှိအချိန်ထိ လူသားများအတွက် များစွာအသုံးဝင်တဲ့ တယ်လီဖုန်းကို
တီထွင်ခဲ့သူကတော့ Alexander Graham Bell ပါ။ သူ့အမေရော၊ ဇနီးရောဟာ
နားမကြားကြလို့ သူဟာ အသံနဲ့ပတ်သက်ပြီး တီထွင်ကြံဆလိုစိတ် များပါတယ်။ Bell
ဟာ အသက် ၇၅ နှစ်မှာ ကွယ်လွန်ခဲ့ပြီး ၀မ်းနည်းကြောင်းအထိမ်းအမှတ်အနေနဲ့ အမေရိကန်နဲ့ ကနေဒါ နိုင်ငံတွေမှာ ၁ မိနစ်ခန့် ဖုန်းဆက်သွယ်မှု့တွေကို ရပ်ဆိုင်းခဲ့ပါတယ်။
သူဟာတယ်လီဖုန်းအပြင် အခြား တီထွင်မှု့ အသေးစားလေးတွေ ကိုလည်း
ပြုလုပ်ခဲ့ပါသေးတယ်။ တယ်လီဖုန်းကို မတီထွင်ခင်မှာ သူဟာအသံဆိုင်ရာ
ကြေးနန်းစနစ် တစ်ခုကိုဦးစွာတီထွင်ခဲ့ပါတယ်။
အဲ့စနစ်က ကြေးနန်းစာတွေကို ၀ါယာကြိုး တစ်ခုထဲမှာ တစ်ဆက်ထဲ၊ တစ်ပြိုင်ထဲ
အမြောက်အမြားပို့နိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ထို့နောက် တယ်လီဖုန်းကို
ဆက်လက်တီထွင်ခဲ့ပြီး March 10, 1876 မှာတော့ သူ့လုပ်ငန်းအောင်မြင်ခဲ့ပါတယ်။
ပထမဦးဆုံးစမ်းသပ် ပြောခဲ့တဲ့စကားက တစ်ဖက်ခန်းမှာ ရှိတဲ့သူ့ရဲ့
လက်ထောက်ဆီကို ဆက်ပြီး “Mr. Watson—Come Here—I want to see you.” လို့
ပြောခဲ့တာပဲဖြစ်ပါတယ်။
သုတဘဏ် fb