12/09/2013

ဂရိနတ်ဘုရားများ ဆွေစဉ်မျိုးဆက်

အခုတစ်လော ဂရိနတ်ဘုရား ဇာတ်ကားတွေ အတော်ကြည့်ရပါတယ်… Clash of Titans ဘာညာ စသဖြင့်ပေါ့လေ…. ဒီတော့ ဂရိနတ်ဘုရားတွေ အကြောင်းသိချင်ကြမယ်လို့ ထင်ပါတယ်….. ပျင်းပျင်းပြေပြေပေါ့ ….. ကျွန်တော်က ဒါကို မှတ်စုအဖြစ်မှတ်ထားခဲ့တာ ဆိုတော့ … တိုတို တုတ်တုတ် ပဲ သွားပါမယ်… ရေးထားသလောက်ပေါ့ ….. အပျင်းလည်း ပြေ ဗဟုသုတလည်းရမယ်ထင်ပါတယ်….


ဂရိနတ်ဘုရားများ ဟာ အင်မတန် မိန်းမယူ ယောက်ကျားယူ အတော်များပါတယ်…. ဒါကြောင့် ကိုလည်း သူတို့ ဆွေစဉ်မျိုးဆက်ဇယား က အတော်လေး ရှုပ်ထွေးပါတယ်….. ဒီကြားထဲမောင်နှမချင်းပြန်ယူတာ .. အဒေါ်ကို ပြန်ယူတာ….. မြေးကို ပြန်ယူတာ မြစ်ကို ပြန်ယူတာ အိုး အစုံအစုံမို့ …..ဖြေးဖြေးဆေးဆေး ဖတ်မှပဲနားလည်မယ်ထင်ပါတယ်….. ကျွန်တော်ကတော့ အလွယ်ကူဆုံး ဖြစ်အောင် ရှင်းပြီးရေးမှာပါပဲ…..
ဒီစာထဲမှာ တစ်ယောက်ချင်းစီကို မဖွင့် ဆိုတော့ ပါဘူး … အနည်းအကျင်းလောက်သဘောလောက်ပဲ သွားပါမယ်….. အကြမ်းဖျင်းခေါ်မှာပေါ့…

ဂရိနတ်ဖရား တွေ သမိုင်းကို စရင်…အိုလန်ပီယန် ၁၂ ယောက် twelves olympians..အကြောင်းကို မပြောခင်မှာ… ဟိုး ယူရေးနပ်စ် ကနေစရပါမယ်…အဓိက ကတော့ အိုလန်ပီယန် ၁၂ ယောက်ပေါ့လေ… ဒါပေမယ့် မျိုးရိုး အစကို ပြေးကောက်ရမှာမို့ ပါ…..ဒီတော့ . Uranus ကနေ စကြပါစို့ ….

Uranus နဲ့ Gaea တို့ ပေါင်းစည်းရာကနေ… The Hecatoncheires သုံးယောက်… The Cyclopes သုံးယောက်… နဲ့ Titans ဆယ့်နှစ်ယောက်တို့ ဖွားမြင်ပါတယ်….. Titans ဆယ့်နှစ်ယောက် ထဲကမှ…. Cronus နဲ့ Rhea တို့ Titans မောင်နှမချင်းပြန်ယူရာကနေ…. ဂရိတို့ ရဲ့ အိုလံပီယန်နတ်ဘုရားများ စဖြစ်ပါတော့တယ်…. Cronus မှာက နောက်မိန်းမတစ်ယောက်ရှိပါသေးတယ်.. ဒါက ထားပါလေ….

အိုလံပီယာတောင်ကို ပဲသွားကြပါစို့

ကဲ အိုလံပီယန် ၁၂ ယောက် အကြောင်းကိုတော့ ..ရောက်လာပါပြီ…အိုလံပီယာဆယ့်နှစ်ယောက်ဆိုတာက …. Zeus ဟာ သူ့ ညီအစ်ကို တစ်သိုက်ကို ဥိးဆောင်ပြီး war of gods ကို ဆင်နွှဲပါတယ်… နောက်ဆုံးမှာ Titans တွေကို အနိုင်ရလို့ … အိုလံပတ် တောင်ထိပ်မှာ …. နေပါသတဲ့ …. အိုလံပတ် တောင်ဆိုတာ အပြင်မှာလည်း တကယ်ရှိတဲ့ တောင်ပါ ..ဂရိမှာတော့ အမြင့်ဆုံးတောင်ပေါ့…… ဒီတော့ အဲဒီအိုလံပတ်တောင်ထိပ်မှာ …. Zeus ဟာ King of God အဖြစ်ခံယူပြီး သူ ဆွေမျိုး ထဲက …. အင်အားကြီး ၁၁ ယောက်နဲ့ အတူ .. အိုလံပီယန် ၁၂ယောက် .Twelves Olympians အဖြစ်နေကြပါသတဲ့ ….. ရှေးခေတ်ဂရိတွေရဲ့ ယုံကြည်ကိုးကွယ်မှုမှာတော့ ဒီ ဆယ့်နှစ်ယောက်ဟာ အဓိက နတ်ဖုရားများပါပဲ …..အောက်မှာရေးသား မှာက အိုလံပီသာ ဆယ့်နှစ်ယောက်ထဲမှာ ပါသူတွေကော မပါသူတွေပါဖြစ်နေပါတယ်… ဒါက ဆွေစဉ်မျိုးဆက်ဇယားမို့ ပါ…. ဒီတော့ .. အိုလံပီယန် ၁၂ယောက်ထဲမှာ …. ပါတဲ့လူတွေကို ပြီးမှ သီးသီးသန့်သန့် ပြန်ရွေးထုတ်ကြတာပေါ့ ….. အခုတော့ ဇယားလေးဆက်လိုက်ပါဦးမယ်…

ဒီလို Chronus နဲ့ Rhea တို့ ပေါင်းစည်းရာက နေ သားသမီးခြောက်ယောက်ထွန်းကားပါတယ်….. Hestia , Demeter, Hera, Hades, Poseidon နဲ့ Zeus ဆိုပြီး သားသုံးယောက် သမီးသုံးယောက်ဖြစ်ပါတယ်….

ဒီတော့ အကြီးဆုံး သမီး Hestia ကနေစပါမယ်… သူကတော့ အပျိုကြီးထင်ပါတယ်.. ကျွန်တော်လေ့လာမိသလောက် … ဘယ်သူနဲ့ မှ ယူထားတာ မတွေ့ရပါဘူး ….. တစ်ကိုယ်တည်းပါပဲ ….

ဒုတိယသမီးဖြစ်တဲ့ Demeter မှာက ယောက်ကျားလေးယောက်ရှိပါတယ်… Zeus, Poseidon, Lasion နဲ့ Carmanor တို့ ဖြစ်ပါတယ်…. Zeus နဲ့ Poseidon တို့ ဟာ သူမောင်နှမအရင်းတွေပါ…. Demeter ဟာ စိုက်ပျိုးရေးနတ်ဖရားမပါ…. သူနဲ့ Zeus တို့ ပေါင်းဖက်ပြီး Persephone နတ်သမီးကို မွေးပါတယ်… သူမကတော့ Queen of Underworld ပါ… ဘာကြောင့်လည်း ဆိုတော့ … နောက်ပိုင်းမှာ ဦးလေးဖြစ်သူ Hades နဲ့ကော အဖေအရင်းဖြစ်တဲ့ Zeus နဲ့ ပါ ပြန်ယူထားပါတယ်…. Hades ဟာ မြေအောက်ကမ္ဘာရဲ့ ဘုရင်မို့ သူ့ မိဖုရား … Persephone ဟာလည်း မြေအောက်ကမ္ဘာရဲ့ ဘုရင်မဖြစ်လာတာပါပဲ…. Hades နဲ့ Persephone ပေါင်းဖက်ပြီး Macaria ကိုမွေးပါတယ်…. Zeus နဲ့ ပေါင်းဖက်ပြီးတော့ Zagreus နဲ့ Melinoe တို့ ကို မွေးပါတယ်…
Demetor နဲ့ Poseidon ပေါင်းဖက်ရာကနေ .. Despoena နဲ့ Arion တို့ ဖွားမြင်ပါတယ်…

ကျန်တဲ့ နှစ်ယောက်နဲ့ လည်း သားသမီးတွေ ၇ပါသေးတယ်… ရှုပ်ကုန်မှာဆိုးလို့ နောက်ပြီး နာမည်လည်း သိပ်မကြီးတာ နဲ့ ချန်လှပ်ထားခဲ့လိုက်ပါ့မယ်….

တတိယမြောက် သမီး Hera ကတော့ ယောက်ကျားတစ်ယောက်ပဲ ရှိပါတယ်.. ဘယ်သူလည်းမမေးပါနဲ့ ဇာတ်လိုက်ကျော်ကြီး Zeus ပါပဲ … မောင်နှမအရင်းချင်းပြန်ယူတာပါပဲ …. Zeus က King of God ဆိုတော့လည်း … မိဖုရားတော့ များများ ယူမပေါ့လေ…… Hera ဟာ Queen of God ပါ… ရုပ်ရှင်များ… ကာတွန်းများမှာ Zues ရဲ့ တရားဝင်ဇနီးအဖြစ်နေရာရရှာပါတယ်……. သူမဟာ မိန်းမနဲ့ လက်ထပ်မှုအတွက် နတ်ဖုရားမလည်းဖြစ်ပါသေးတယ်…. သူမနဲ့ Zeus တို့ ပေါင်းဖက်ပြီး Ares, Ilithyia နဲ့ Hebe သုံးယောက်ဖွားမြင်ပါတယ်…

Ares ကတော့ အိုလံပီယံ ၁၂ယောက်ထဲမှာ ပါဝင်ပါတယ်… သူက စစ်ပွဲနဲ့ သွေးဆာခြင်းတို့ ရဲ့ နတ်ဖရားလို့ဆိုပါတယ်… သူနဲ့ ပေါင်းဖက်သူ တွေက Aphrodite (အလှအပနတ်ဖုရားမ)… Enyo နဲ့ Telphusia တို့ ဖြစ်ပါတယ်…. ဒီထဲမှာပြောချင်တာ က Aphrodite ပါ… သူမ အလှနတ်ဖုရားမ ပီပီ… ချစ်သူတွေကလည်း များပါတယ်…Ares နဲ့ ကလည်း တရားဝင်မဟုတ်ပါဘူး … ဖောက်ပြန်ကြတာပါ… ရွှေပိုက်ကွန်နဲ့ ယောက်ကျားကြီးဖြစ်သူ Hephaestus က အုပ်ပြီးဖမ်းရတယ်လို့ အဆိုရှိပါတယ်… နောက်ပြီး သူမဟာ..အိုလံပီယန် ၁၂ယောက်မှာလည်း ပါဝင်ပါတယ်… နောက်တစ်ချက်က.. သူမဟာ Uranus က သူ့ ဝှေးစေ့ကိုဖြတ်ပြီး ပင်လယ်ထဲစွန့်ပစ်လိုက်ရာက …ပင်လယ်ရေလှိုင်းကြားမှာ မွေးဖွားလာတဲ့ နတ်သမီးဖြစ်တယ်လို့ ဆိုပါတယ်… ဒါပေမယ့် တစ်နေရာမှာ ကျပြန်တော့လည်း Dioneဆိုတဲ့ မိဖုရားနဲ့ Zeus တို့ ကနေမွေးဖွားတယ်လို့ ပါပြန်ပါတယ်….ကဲထားပါလေ..

Ares နဲ့ …. သူမတို့ ကနေ သားသမိးသုံးယောက်ထပ်မံထွန်းကားပါသေးတယ်… Deimos (fear) , Phobus (terror) နဲ့ Harmonia (Harmony) တို့ ဖြစ်ပါတယ်… ဒီထဲမှာ Hamonia က Cadmos နဲ့ ယူပြီးမွေးလာတဲ့ သားသမီးလေးယောက်ထဲက .. Semele/ Thyone ကို Zeus ကပြန်ယူပါတယ်… ဒါဆို မြစ်ကို ပြန်ယူတဲ့သဘောပေါ့… ကျန်နေသေးတာ တွေရှိပါသေးတယ်… ဒါအကျဉ်းမို့ သိပ်နာမည်မကြီးသူတွေကို ထားခဲ့လိုက်တာ ပါ…..

နောက်တစ်ချက် Hera မှာထူးခြားတာ က…. သူ့တစ်ယောက်တည်းကနေ မွေးထားတဲ့ သားတစ်ယောက်ရှိပါသေးတယ်… သူ့ နာမည်က Hephaestus ပါ… သူကလည်း အိုလံပီယန် ၁၂ ယောက်မှာ ပါဝင်ပါတယ်…. သူကတော့ မီး.. ပန်းပဲထုခြင်းတို့ နဲ့ သက်ဆိုင်တဲ့ နတ်ဘုရားလို့ ဆိုပါတယ်…. သူ့ရဲ့ တရားဝင် ဇနီးက Aphrodite ပါ.. ဒါပေမယ့် … သူမဟာ Ares နဲ ဖောက်ပြန်ခဲ့ပါတယ်…. ဒါကြောင့် စိတ်နာနာနဲ့ ယူခဲ့ပုံရပါတယ်.. အားလုံးပေါင်း Hephaestus မှာ မိန်းမခြောက်ယောက်ရှိပါတယ်…. အဲဒီက မွေးလာတဲ့ မြေးတွေထဲမှာလည်း Zeus နဲ့ ပြန်ယူကြတာတွေရှိပါသေးတယ်… သူကိုယ်တိုင်လည်း အဖွားဖြစ်သူ Gaea ကိုပြန်ယူထားတာပါပဲ … ဆက်ဆွဲရင်များ ကုန်မှာဆိုးလို့ ဒီလောက်နဲ့ ပဲဖြတ်လိုက်ပါမယ်….

ကဲဒီလောက်ဆို သမီးသုံးယောက်ကိစ္စက ပြတ်ပါပြီ....
သားသုံးယောက်ကို သွားကြစို့...

သားအကြီးဆုံး Hades. သူက King of Underworld ပါ… လွယ်လွယ်ခေါ်မယ်ဆိုသေမင်းပေါ့ …. သူ့ ခမျာတော့ အတော်သနားစရာကောင်းပါတယ်.. သားအကြီးဆုံးဖြစ်လျက်နဲ့ အိုလံပီယာမှာ မနေရပါဘူး … မိန်းမကလည်း အထက်မှာပြောခဲ့တဲ့ သူတူမ .Presephone တစ်ယောက်ပဲရှိပါတယ်… Demeter နဲ့ Zeus နဲ့ရတဲ့ သမီးပေါ့.. ဒါတောင်ဒင်းက Zeusနဲ့ ယူလိုက်ပါသေးတယ်… …. ကံကောင်းထောက်မလို့ သူဟာ အိုလံပိယာ ဆယ့်နှစ်ယောက်မှာတော့ ပါဝင်ခွင့်ရပါတယ်…. သူနဲ့ Presephone က နေ.. Macaria တစ်ယောက်ကို ပဲ ဖွားမြင်ခဲ့ပါတယ်.. အထက်မှာလည်းပြောပြီးပါပြီ…..

ဒုတိယသား … Poseidon … ဒင်းကတော့ ပင်လယ်စောင့်နတ်ဘုရားကြီးပါပဲ… ကျွန်တော်တို့ ရုပ်ရှင်တွေထဲမှာတွေ့တွေ့နေတဲ့ ခရင်းသုံးခွကိုင်ထားတဲ့ နတ်ကြီးပေါ့ … အဲဒါသူပါပဲ …. သူ့မှာတော့ မိန်းမဆယ့်တစ်ယောက်ရှိပါတယ်…. Amphitrite, Halia, Aphrodite, Electra, Demeter, Medusa, Thoosa, Geaea (သူ့ အဖွားတော်မှာပေါ့), Iphimedeia, Euryale, Theophane နဲ့ Circe တို့ ဖြစ်ပါတယ်… သူတို့ သားသမီးတွေထဲမှာ Orion တစ်ယောက်လောက်ကလွဲရင် သိပ်ထူးထူး ခြားခြားမပါလှတာမို့ မတင်ပြတော့ ပါဘူး …..

ဒီမှာကြည့်ရင် Aphrodite ဟာ Poseidon နဲ့လည်း ကြိုက်ဖူးတာ တွေ့ရပြန်ပါတယ်…. နောက်ပြီး Poseidonနဲ့ Electra နဲ့ ရတဲ့ Aethusa ဆိုတဲ့ နတ်သမီးကို … Zeus ရဲ့ သား Apollo နဲ့ ပေးစားပြန်ပါတယ်…. ဒီထပ်ရှုပ်တဲ့ ဇာတ်တွေရှိပါသေးတယ်… ရှည်မှာဆိုးလို့ ဒီနေရာမှာပဲဖြတ်လိုက်ပါမယ်…

အငယ်ဆုံးနဲ့ မိန်းမအများဆုံး … နောက်ပြီး အာဏာအရှိဆုံးကတော့ Zeus ပါပဲ… သူ့မှာက မိန်းမချည်းပဲ ၂၁ ယောက်ရှိပါတယ်… ဒီတော့ မိန်းမများ အားလုံးနာမည်သာရေးရင် အတော်ကလေး … ရှုပ်ထွေးကုန်မှာမို့ ထူးထူး ခြားခြားဖြစ်တာလောက်ပဲတင်ပြပါမယ်….

Metis နဲ့ Zeus နဲ့ ရတဲ့ ကလေး Athena ဟာ Principal God ၁၂ ယောက်ထဲမှာပါလာပါတယ်….Metis က ကိုယ်ဝန်ကြီးနဲ့ ရှိနေချိန်မှာ
Zeus ဟာ Metis ကို မျိုချခဲ့တယ်လို့ ဆိုပါတယ်… အဲဒီအချိန်မှာ ပဲ ကိုယ်ဝန်ထဲက Athena ဟာ .. Zeus ရဲ့ နှဖူး ကနေပြီ… သံချပ်ကာအ၀တ်အစားနဲ့ မွေးဖွားလာခဲ့တယ်လို့ အဆိုလည်းရှိပါတယ်…. ဘာကြောင့်မျိုချခဲ့တယ်ဆိုတာတော့်မသိသေးပါဘူး…..

Mnemosyne နဲ့ က The Muses ကိုးယောက်ကို ဖွားမြင်ပါတယ်… သူတို့ ကိုးယောက်က Music ဂိတကို စောင့်သောနတ်ဘုရားများလို့ ဆိုပါတယ်… Music ဟာလည်း ဒီကနေ ဆင်းသက်လာတဲ့ စကားလုံး ပဲလားမသိပါဘူး ….

သူ့ အမအရင်းဖြစ်သူ Demeter နဲ့ က Persephone ကို မွေးတယ်.. ပြီးတော့ အဲဒီသမီးကို သူပဲပြန်ယူခဲ့ပါသေးတယ်… Hades ရဲ့ မိဖုရားပေါ့ ….

Leto ဆိုတဲ့ မိဖုရားနဲ့ ကတော့ …နာမည်ကြီးနတ်ဖရားများဖြစ်ကြတဲ့ Artemis နဲ့ Apollo ဆိုတဲ့ အမွှာမောင်နှမကို မွေးပါသတဲ့…. Artemis ကတော့ … ဘာယောက်ကျားမှ မယူတာကိုတွေ့ရတယ်… Apollo ကတော့ The Muses ကိုးယောက်အပါအ၀င် … နောက်ထ်မိန်းမ လေးယောက်ထပ်ယူခဲ့ပါသေးတယ်.. ဒီအမွှာမောင်နှမနှစ်ယောက်လုံးကလည်း 12 gods မှာ ပါပါတယ်…

Hera နဲ့ ရတဲ့ ကလေးကိစ္စကတော့ အပေါ်မှာပြောခဲ့ပြီးလို့ ချန်ခဲ့ပါမယ်…

အပေါ်မှာပြောခဲ့တဲ့ သူ့မြစ်ကလေး … Semele နဲ့ ယူပြိးတော့ Dionysus ကိုမွေးပါတယ်… Dionysus ဟာလည်း ၁၂ Gods မှာ တစ်ပါးအပါအ၀င်ဖြစ်ပါတယ်….. သူဟာ သူအမေ Semele ကို Zeus က မိုးကြိုးနဲ့ ပစ်ပြီးလောင်ကျွမ်းစေနေတဲ့အချိန်မှာ Zeus ရဲ့ ပေါင်ကနေ မွေးတယ်လို့ ဆိုပါတယ်…. ဘာကြောင့်ပစ်တယ်ဆိုတာတော့ရှာကြည့်ပေးပါဦးမယ်….

Dione နဲ့ က အလှနတ်ဖရားမ Aphrodite ကိုမွေးတယ်လို့ ဆိုပြန်ပါတယ်…. အပေါ်မှာလည်းပြောခဲ့ပြီးပါပြီ….

နောက်ပြီး Alcmene နဲ့ က Heracles ကို မွေးပါတယ်… ဒါဟာ ကျွန်တော်တို့ သိနေတဲ့ Hercules ဟာကျူလီပါပဲ…. ဟာကျူလီဆိုတာက ရောမနာမည်လို့ ဆိုပါတယ်.. ဥပမာ.. Aphrodite လိုပဲ ရောမမှာ Venus ရှိနေသလိုပေါ့ ….. ဟာကျူလီအကြောင်းကိုတော့ နောက်မှ ပဲအကျယ်ချဲ့ပါတော့မယ်.. ဒါပေမယ့် ဟာကျူလီဟာ နတ်ဘုရားမဟုတ်ပါဘူး … သူဟာ ဂရိတွေရာဇ၀င်မှာ တော့ သူရဲ့ ကောင်းအဖြစ်သာရှိပါတယ်…

Maiaဆိုတဲ့ တစ်ယောက်နဲ့ကတော့ … Hermes ကိုမွေးပါတယ်… သူကတော့ … ကုန်သွယ်ရေး… ဘာသာစကား … စာရေးခြင်း .. အတော်များများ နဲ့သက်ဆိုင်တဲ့ နတ်ဘုရားပါပဲ …. ဆရာကြီး ၁၂ ယောက်မှာ အပါအ၀င်ပေါ့ … Apolloနဲ့ ဆို ဖအေတူမအေကွဲ ညီအစ်ကိုတွေ တော်ပါလိမ့်မယ်… Apollo က အကြီးလို့ ဆိုပါတယ်…..

Danae ဆိုတဲ့လူမလေးနဲ့ ကတော့ Perseus ကို မွေးပါတယ်…. သူကတော့ ကျွန်တော်တို့ ကြည့်ခဲ့တဲ့ Clash of Titans ဇာတ်ကားထဲကမင်းသားပါပဲ……

ကဲဒီလောက်ဆို ကျွန်တော်တို့ ရဲ့ ဂရိ နတ်ဘုရားသမိုင်း ရဲ့ ဆွေစဉ်မျိုးဆက်စာရင်းဟာ စုံသလောက်ရှိပါပြီ…

ဒီတော့ … အိုလံပီယန် ၁၂ယောက်ဟာ ဘယ်သူတွေလဲဆိုတာပြောပါ့မယ်…

Aphrodite, Apollo, Ares, Artemis, Athena, Demeter, Dionysus, Hades, Hephaestus, Hera, Hermes, Hestia, Poseidon နဲ့ Zeus တို့ ပဲဖြစ်ပါတယ်….

ဒီတော့ သူတို့ Zeus တို့ မောင်နှမခြောက်ယောက်နဲ့ သူတို့ သားတွေ မြေးတွေပါပဲ …..ဆွေမျိုးကတော့ အပေါ်မှာ ဆပ်ပြပြီးသားမို့ ထပ်မစပ်တော့ ပါဘူး အဆင်ပြေမယ်ထင်ပါတယ်… ဒီဆယ့်နှစ်ယောက်ဟာ ဂရိသမိုင်းမှာတော့ အတော်ကလေး စိုးမိုးခဲ့တဲ့ နတ်ဘုရားများပဲဖြစ်ပါတယ်…..

ကဲ စာဖတ်သူလည်း ပင်ပန်းလောက်ပါပြီ… နောက်မှ အဆင်ပြေတဲ့အခါ တစ်ယောက်ချင်းစီအကြောင်းရေးပါဦးမယ်… အဲဒါက ပြန်ရှာရဦးမှာပါ.. အပေါ်က ဟာကတော့ ရှိပြီးသားမှတ်စုမို့ ရေးရလွယ်တာပါ…..

လမ်းကြုံတဲ့ အခါလည်း ဟန္ဒူင်္နတ်ဘုရားများ အကြောင်းလည်း ရေးပါဦးမယ်…..

အပျင်းတော့ ပြေမယ်လို့ မျှော်လင်ပါတယ်ခင်ဗျာ

By: လင်းလွန်းညို

ကိုးကား .. ကိုယ်ပိုင်မှတ်စု
Wikipedia