12/09/2013

အားပေးစကား

လေ့လာတွေ့ရှိချက်အရ..
လင်ယောက်ျားအခက်အခဲကြုံချိန် အမေရိကန်၊ ဥရောပအနောက်နိုင်ငံက အမျိုးသမီးတွေဟာ ကိုယ့်လင်ယောက်ျားကို "ဒါလင်.. ဒါလင်လုပ်တာကောင်းနေပါပြီ" လို့ အားပေးတတ်ကြတယ်။

ဂျပန်အမျိုးသမီးတွေက "ယောက်ျားရေ.. ကြိုးစားပါ" လို့ အားပေးတတ်ကြတယ်။

တရုတ်အမျိုးသမီးတွေက "နင် ဟိုအိမ်က ဟိုကောင်လောက်တောင် မလုပ်နိုင်ဘူး.. နင် ဘာလို့ ဒီလောက်တုံးရသလဲ"လို့ ပြောတတ်ကြတယ်။

အိမ်ထောင်ရေးဝက်ဆိုက်တစ်ခုက တရုတ်ယောက်ျားမိန်းမတွေဟာ တစ်ဦးကိုတစ်ဦး ချီးမွမ်းစကားပြောတတ်ဖို့၊ ခွင့်လွှတ်နားလည်မှုပေးတတ်ဖို့၊ အားပေးစကားပြောတတ်ဖို့လိုကြောင်း ဒါမှ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးသက်တမ်းရှည်ကိုရနိုင်မှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

** မြန်မာကရော၊ မြန်မာကရောနဲ့ ကျွန်မကို မမေးပါနဲ့လို့.. ကိုယ်လည်းမြန်မာမျိုး ကိုယ်ဘယ်လိုသဘောထားရင် ဘယ်လိုအဖြေထွက်ပါတယ်။ တစ်ယောက်ယောက်ကိုနှိုင်းယှဉ်ဖို့ ကျွန်မဒီစာတွေရေးတာမဟုတ်ပါဘူး.. တခြားဘာသာစာပေတွေကိုဖတ်ပြီး စာထဲကနေ ကောင်းတာကိုသင်ယူနိုင်၊ အသိလေးရနိုင်ဖို့အတွက် ရေးပါတယ်.. ကျေးဇူးတင်ပါတယ်။

  1. လေ့လာတွေ့ရှိချက်အရ..

    Nine Nine Sanay @ နိုင်းနိုင်းစနေ FB