12/19/2013

သင်ဒါတွေ သိရဲ့ လား

>>> သင်တို့ ရဲ့  ခြေဗွေရာလို့ ခေါ်တဲ့ Toe print ကလည်း လက်ဗွေရာ Finger print လိုဘဲ တိကျမှန်ကန်မှုရှိတယ်တဲ့။
>>> သင်အိပ်ပျော်နေစဉ်အတောအတွင်းမှာ သင့်ရဲ့ အနံ့ အာရုံကခံစားမှုမရှိဘူးတဲ့။

>>> သာမန်လူတစ်ယောက်က တစ်နှစ်ကို အိမ်မက်ပေါင်း ၁၄၆၀ ကျော်မက်လေ့ရှိတယ်တဲ့။

>>> လူ့ ခန္ဓာကိုယ်ထဲမှာ လက်သည်း ၃ လက်မလောက်ရှည်ထွက်ဖို့ ရန်အတွက် လိုအပ်တဲ့ သံဓာတ်ပမာဏ လောက် ခန္ဓာကိုယ်ထဲမှာ iron အလုံအလောက်ရှိတယ်တဲ့။

>>> အိပ်နေစဉ်အတောအတွင်းမှာ လူ ရှစ်ယောက်မှာ တစ်ယောက်ကဟောက်ပြီး လူဆယ်ယောက်မှာတစ်ယောက်က သွားကြိတ်လေ့ရှိသတဲ့။

>>> မွေးကင်းစကလေးတွေ အားလုံးဟာ အရောင်တွေကို မြင်နိုင်စွမ်းမရှိကြဘူး (color blind) တဲ့။ သူတို့ က အဖြူနဲ့ အမဲဘဲမြင်ကြသတဲ့။

>>> သင့်မျက်လုံးတစ်လုံးရဲ့  အလေးချိန်က 28 gram ရှိသတဲ့။

>>> စာအုပ်နဲ့ နှိုင်းယှဉ်လျှင် ကွန်ပျူတာမျက်နှာပြင်ပေါ်မှာ စာဖတ်သောအခါ စာဖတ်နှုန်း 25% ကျဆင်းသွားလေ့ရှိသတဲ့။

>>> သင့်မျက်လုံးများမပိတ်ဘဲ နှာချေလို့ မရဘူးတဲ့။

>>> ယောင်္ကျားလေးတွေက မိန်းကလေးတွေထက်ပိုပြီး ကြို့ ထိုးသတဲ့။

@ သင်နှာချေတဲ့အခါမှာရှိတဲ့ အမြန်နှုန်းက တစ်နာရီ မိုင်တစ်ရာနှုန်းထက်တောင်ကျော်လွန်ပါသတဲ့

@ သင်အစာစားတဲ့အခါ အစားအစာများ ပါးစပ်ကနေ အစာရေမျိုကိုဖြတ်ပြီး အစာအိမ်ကိုရောက်ဖို့  (၇) စက္ကန့် သာကြာပါသတဲ့

@ သွားမှာရှိတဲ့ကြွေလွှာက လူ့ ခန္ဓာကိုယ်ရဲ့ အမာဆုံးအရာဖြစ်ပါသတဲ့

@ လက်သည်းတွေက ခြေသည်းတွေထက် လေးဆပိုပြီးအရှည်မြန်သတဲ့

@ အမျိုးသမီးတွေရဲ့ နှလုံးခုန်နှုန်းက အမျိုးသားတွေထက်ပိုမြန်ပါသတဲ့

@တစ်နေ့ မှာ လူတွေရဲ့ နှလုံးခုန်နှုန်းအကြိမ်ရေ ၁၀၀၀၀၀ တောင် ရှိပါသတဲ့

@ သွေး က ရေထက် (၆) ဆပိုပြစ်ပါသတဲ့

@ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်တွင်းမှာ သွေး 4.5L သာ ရှိပြီး အမျိုးသားများမှာတော့ 5.6L တောင်ရှိပါသတဲ့

@ သွေးထောက်ပံ့မှုမရှိတဲ့ ခန္ဓာကိုယ်ရဲ့  တစ်ခုတည်းသောအစိတ်အပိုင်းကတော့မျက်ကြည်လွှာဖြစ်ပါသတဲ့။ မျက်ကြည်လွှာက လေထုတွင်းမှာရှိတဲ့ oxygen ကို တိုက်ရိုက်အသုံးပြုခြင်းဖြစ်ပါသတဲ့

@ လူတစ်ယောက်ရဲ့  မျက်နှာကို အရိုး (၁၄) ချောင်းဖြင့်ဖွဲ့ စည်းထားပါသတဲ့။

Ref: Doctor of Pharmacy

ဆေးပညာဆိုင်ရာဆောင်းပါးများ fb