ထမင်းဟင်းအနံ့ မခံချင် သူများ ၊ ထမင်းဟင်းမြင်လျှင်ပျို့ ချင်အန်ချင်အောင်
ခံတွင်းပျက်နေသူများ ယခုတင်ပြပေးသော ဆေးနည်းနှင့် ဆေး (၂)ခွက် မသောက်ရဘဲ
အင်းအားလည်းဖြစ် ၊ ထမင်းစားကောင်း ခံတွင်းလိုက်လာပါမည် ။တိုင်းရင်းဆေးလည်း
အစွမ်းထက်ပါသည် ။သင့် အခုသိလို့ လုပ်ပြီး စားကြည့်ပေးလိုက်စမ်းပါ
စားကောင်းတိုင်းစားလို့  အိမ်သူသက်ထားနဲ့  စကားများလာလျှင်ကျွန်တော့်
ကြောင့်ပါလို့ တော့ မပြောကြပါနဲ့ ခင်ဗျာ ။
လုပ်ဆောင်နည်းလေးမှာ …
(၁) သရက်သီး အစိမ်း သုံးလုံး
(၂) သကြားဖြူ (အချို့ သင့်အောင်)
(၃) မီးသင်း ထားသော ငရုတ်ကောင်းမှုန့်  သင့်ရုံမျှ
(၄) မီးသင်းထားသော လေးညှင်းမှုန့်  သင်ရုံမျှ
(၅) ဖာလာမှုန့် 
(၆) ပရုတ် အနည်းငယ်နော်
၎င်း ခြောက်မျိုးမှ သရက်သီးအစိမ်းကို ပျော့နေအောင်ပြုတ်ပြီး အနှစ်ကိုယူပါ ။
သကြား ၊ ငရုတ်ကောင်း ၊ လေးညှင်း ၊ ဖာလာ ၊ ပရုတ် တို့ ကို ရောထည့်မွှေးပြီး
သမလျှင် စားသုံးနိုင်ပြီ ဖြစ်ပါသည် ။
ထိုဆေးစားပြီးလျှင် လျင်မြန်စွာ ခံတွင်းလိုက်ပြီးစားကောင်း သောက်ကောင်း အိပ်ကောင်းနှင့်လည်း ကျန်းမာ ဝဖြိုးလာမည် ဖြစ်ပါတော့သည် ။
*credit to Mg Mandaly
12/11/2013
~အစားစာချင်စိတ် မရှိသူများ အတွက် ~
12/11/2013
Dim




