သတိပြုဖွယ် အစာကြေဆေးသောက်သုံးမှုနှင့် ဗိုက်တာမင် ဘီတွဲ (B-12) ချို့တဲ့မှုဆက်စပ်ခြင်း
အမေရိကန်နိုင်ငံ ကိုင်ဇာ ဖောင်ဒေးရှင်းမှ သုတေသနပညာရှင်များက
လူသုံးများသော အစာကြေဆေး တစ်မျိုးကို ကြာမြင့်စွာသုံးစွဲမှုနှင့် ဗိုက်တာမင်
ဘီတွဲ ချို့တဲ့မှု ဆက်စပ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။ Proton Pump
Inhibitor အုပ်စုဝင် ဆေးတချို့ ဖြစ်သည့် အိုမက်ပရာဇောလ်: Omeprazole (Brand
name: Prilosec)၊ လန်ဆိုပရာဇောလ်:
Lansoprazole (brand name: Prevacid)၊ အစ်ဆိုမက်ပရာဇောလ်: Esomeprazole
(brand name: Nexium) စသည့်ဆေးများကို နှစ်နှစ်ထက်ကျော်၍ သုံးစွဲသူများတွင်
ဗိုက်တာမင် ဘီတွဲ ချို့တဲ့မှု ဖြစ်နိုင်ချေ ၆၅ ရာခိုင်နှုန်း ပိုမိုကြောင်း
တွေ့ရသည်ဟု ဆိုသည်။
ဤအစာကြေဆေးများသည် အစာခြေအက်ဆစ်ရည်
ထုတ်ပေးသော အစာအိမ်ဆဲလ်များကို တိုက်ရိုက် ပိတ်ဆို့နိုင်စွမ်း
ရှိသောကြောင့် အစာခြေအက်ဆစ်ရည်ကို ဓါတ်ပြယ်ရုံသာစွမ်းနိုင်သော
အမေရိကန်နိုင်ငံတွင် အထက်ပါဆေးများအနက် အချို့ကို ဆရာဝန် ညွှန်ကြားချက်ဖြင့်
ဝယ်ရသော်လည်း Prilosec နှင့် Prevacid တံဆိပ်တို့ကို ဆိုင်တိုင်းတွင်
အလွယ်တကူ ဝယ်ယူနိုင်သောကြောင့် နှစ်စဉ် ၁၄ ဘီလီယမ်ဖိုး ရောင်းချနေရသည်။
(စကားချပ်- မြန်မာနိုင်ငံတွင်လည်း Omeprazole ဆေးများကို အလွယ်တကူ
ဝယ်ယူသုံးစွဲမှု များပြားနေခြင်းကြောင့် ဆေးဝါးဆိုင်ရာသတိပြုဖွယ်အဖြ
Ref: SF Gate
12/19/2013
အစာကြေဆေးသောက်သုံးမှုနှင့် B-12 ချို့တဲ့မှုဆက်စပ်ခြင်း
12/19/2013
Dim
========================
အဆိုပါဆေးများကို အစာမကြေ ရင်ပူခြင်း၊ အစာအိမ်အနာများ
နှင့် အစာခြေအက်ဆစ်ရည် ပျို့တက်သော ရောဂါများ တွင် အများဆုံး သုံးစွဲကြပြီး
သီတင်းပါတ် နှစ်ပါတ်ခန့်သာ သုံးစွဲရန် ညွှန်ကြားသော်လည်း လူနာအချို့က
နှစ်ချီအောင် သောက်သုံးနေကြခြင်း ဖြစ်သည်။ ဗိုက်တာမင် ဘီတွဲ
ချို့တဲ့ခြင်းကို မကုသပါက သတိမေ့လျော့ခြင်း၊ အာရုံကြောပျက်စီး၍
ခြေလက်များထုံကျင်ခြင်း၊ သွေးအားနည်းခြင်းနှင့် အခြားကျန်းမာရေးပြသနာများ
ဖြစ်နိုင်သည်။ တမ်စ် (Tums) လိုဆေးမျိုးထက် ပိုမိုလူကြိုက်များခြင်းဖြစ်သည်။ သို့ရာတွင် ဗိုက်တာမင် ဘီတွဲကို အူနံရံများမှ စုပ်ယူရာတွင် အကူအညီပေးမည့် ပရိုတိန်းဒြပ်ပေါင်းတစ်မျိုးကို
အစာခြေအက်ဆစ်ရည် ထုတ်သည့် ထိုဆဲလ်တစ်မျိုးတည်းမှပင် ထုတ်လုပ်ခြင်းဖြစ်ရာ
ဆေးကြောင့် တပြိုင်တည်း ပျက်စီးစေခြင်း ဖြစ်သည်။ ဆေးသောက်သုံးခြင်းကို
ရပ်လိုက်ရန်မလိုသော်လည်း ဆေးသုံးစွဲသည့် ပမာဏ၊ သုံးစွဲသည့် ကာလ၊ ဗိုက်တာမင်
ဘီတွဲချို့တဲ့သည့် လက္ခဏာများနှင့် သွေးတွင်းရှိ ဗိုက်တာမင် ဘီတွဲ
ပမာဏစစ်ဆေးခြင်း စသည်တို့ကို ချင့်ချိန်ရန် လိုအပ်သည်။ စ်တင်ပြလိုက်ပါသည်။)
ဆေးပညာဆိုင်ရာဆောင်းပါးများ fb