11/01/2013

ဟောလိုးဝင်းည ( Halloween Day )

နှစ်စဉ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကမ္ဘာနိုင်ငံအချို့မှာ Halloween Day ကို ကျင်းပကြပါတယ်။ Halloween ဆိုတာ All Hallows' Eve ရဲ့ အတိုကောက်နာမည်ဖြစ်ပြီး မြင့်မြတ်သူ၊ သူရဲကောင်းများကို တမ်းတပူဇော်တဲ့နေ့ လို့အဓိပ္ပာယ်ရပါတယ်။ ဟောလိုးဝင်းညကို မကောင်းဆိုးဝါးတွေ မြူးထူးတဲ့ ညအဖြစ် တင်စားကြပြီး၊ အမေရိကန်နိုင်ငံ Minnesota ပြည်နယ် Anokaမြို့ကို ကမ္ဘာ့ ဟောလိုးဝင်း မြို့လို့ တင်စားကြပါတယ်။

ဒီလို Halloween ပွဲတော်အတွင်းမှာ ကလေးများဟာ တစ္ဆေ၊ သရဲများအသွင် နဲ့ အိမ်တံခါးများခေါက်ခါ Trick or Treat လို့အော်ရင်း ချိုချဉ်တောင်းခြင်း၊
ကြောက်စရာ အ၀တ်အစားများနဲ့ ပါတီပွဲများကျင်းပခြင်း၊ တစ္ဆေ၊ သရဲ ပုံပြင်များ အချင်းချင်းပြောဆိုကြခြင်း စသည်တို့ကိုပြုလုပ်ကြပါတယ်။

Jack O'Lantern လို့ခေါ်တဲ့ ရွှေဖရုံသီးမီးပုံးဟာလည်း ဟောလိုးဝင်းပွဲတော်ရဲ့ ထင်ရှားတဲ့ အထိမ်းအမှတ်တစ်ခုဖြစ်ပါတယ်။