11/27/2013

ချစ်ခြင်း မေတ္တာ

" တစ်ခါက အရမ်းဆင်းရဲတဲ့ လင်မယား ၂ယောက်ရှိတယ်.. တနေ့မှာတော့ မိန်းမဖြစ်သူက သူ့ယောက်ျား အလုပ်သွားကာနီးမှာ " ..သူ့ဆံပင်တွေ အရမ်းကိုရှည်လွန်းနေပြီဖြစ်လို့ ရှင်းလင်းဖို့ ဘီး ကောင်းကောင်းလေးတစ်ချောင်းလောက် ၀ယ်လာခဲ့ပေးပါလား " လို့ ပူဆာတယ်။
မိန်းမရဲ့စကားကိုကြားတော့ ယောက်ျားဖြစ်သူက အရမ်းကိုဝမ်းနည်းသွားတယ်....... 
 " ငါ့အတွက် မရှိမဖြစ်လိုအပ်တဲ့နာရီလေးကြိုးပြတ်နေခဲ့တာကိုလဲဖို့အတွက်တောင် ငါ့မှာ ပိုက်ဆံ အလုံအလောက်မရှိပါဘူး မိန်းမရယ်" လို့ ပြန်ပြောတယ်..
 ဒါနဲ့ မိန်းမကလည်း ဇွတ်အတင်း မပူဆာခဲ့ဘူး..
 ယောက်ျားလည်းသူ့အလုပ်ကိုထွက်သွားခဲ့တယ်..
 ညနေအလုပ်ကအပြန်မှာတော့ သူ့ရဲ့ကြိုးပြတ်နေတဲ့ နာရီလေးကို နာရီဆိုင်တစ်ခုမှာဝင်ရောင်းခဲ့ပြီး သူ့မိန်းမအတွက် ဘီးလှလှလေးကိုဝယ်လို့အိမ်ကိုပြန်လာခဲ့လိုက်တယ်..
 အိမ်လည်းရောက်တော့...
 ဆံပင်တွေကိုတိုကပ်နေအောင် ညှပ်ထားတဲ့သူ့မိန်းမကို လက်ထဲမှာ နာရီအသစ်လေးတစ်လုံးကိုင်လျှက်သားနဲ့ အရမ်းကိုအံ့အားသင့်စွာပဲ တွေ့လိုက်ရလို့ မိန်းမဖြစ်သူကလည်း ဆံပင်တွေကိုရောင်းပြီး သူ့အတွက်နာရီ အသစ်လေးတစ်လုံး ၀ယ်ထားတယ်ဆိုတာကိုသူနားလည်လိုက်တယ်။
 အဲ့ဒီအချိန်မှာပဲ လင်မယား နှစ်ယောက်တယောက်အဖြစ်ကိုတယောက်ကြည့်ရင်း ၂ ဦးလုံး မျက်ရည်တွေကျလာခဲ့ပါတော့တယ်..
 အဲ့ဒီမျက်ရည်တွေဟာ... ချို့ချို့တဲ့တဲ့ကြားကနေတယောက်အတွက် တယောက်ကဝယ်လာတဲ့ လက်ဆောင်တွေကအသုံးမဝင်တော့လို့ ကျလာတဲ့မျက်ရည်တွေမဟုတ်ပဲ အချင်းချင်းတစ်ဦးပေါ်တစ်ဦးထားရှိတဲ့ မေတ္တာကိုခံစားမိတာကြောင့် ကျလာတဲ့ မျက်ရည်တွေပဲဖြစ်ခဲ့တယ်.......... 
 တကယ်တော့ အချစ်ဆိုတာ တစ်ယောက်ရဲ့လိုအင်ကိုတစ်ယောက်ကဖြည့်ဆည်းပေးရင်း ကိုယ်ချစ်ရတဲ့လူကိုစိတ်ချမ်းသာစေခြင်းပဲမဟုတ်လား...? 
===============================
 နာမည်ကြီးစာရေးဆရာ O. Henry ရေးခဲ့တဲ့ဇာတ်လမ်းလေးကို အဆင်ပြေသလိုဘာသာပြန်ခဲ့တာပါ။ Credit to Ingyin Htay Aung