ကမ္ဘာ့အဆင်းရဲဆုံး ကျွန်းနိုင်ငံတစ်ခုဖြစ်သော မာဒါဂတ်စကားနိုင်ငံတွင် ကမ္ဘာ့ရှားပါး သစ်ပင်မျိုးစိတ်ဖြစ်သော ဘေအိုဘတ်ဟုခေါ်သည့် ဆေးဖက်ဝင်အပူပိုင်း မုတ်သုန်သစ်ပင်များသည် ယခုအခါ ပြုန်းတီးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
အများက ပြောင်းပြန်သစ်ပင် ဟုခေါ်သော ဘေအိုဘတ်သစ်ပင်သည် မာဒါဂတ်စကားနိုင်ငံ၏ အမှတ်သင်္ကေတတစ်ခုအဖြစ် နှစ်ပေါင်းများစွာ ကမ္ဘာတွင်ထင်ရှားခဲ့သည်။
ထိုအပင်၏ အသီးမှာစားသုံး၍ရပြီး အရွက်များမှာ ဆေးဖက်ဝင်သည်ဟုသိရသည်။
မာဒါဂတ်စကား နိုင်ငံသည် ကမ္ဘာပေါ်ရှိ အခြားနေရာများတွင် မတွေ့ရသော ရှားပါးတိရစ္ဆာန်နှင့် သစ်ပင်မျိုးစိတ်များ၏ ၉၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည် ဟုသိရသည်။
ယခုအခါ အဆိုပါနိုင်ငံတွင် ခရီးသွားလုပ်ငန်း တိုးတက်လာမှုကြောင့် စီးပွားရေးဖွံ့ဖြိုးမှု အနည်းငယ်ရှိသော်လည်း ထိုကျွန်းနိုင်ငံပေါ်တွင် နေထိုင်သူ အများစုမှာ တစ်နေ့လျှင် နှစ်ဒေါ်လာထက်နည်းသော ငွေဖြင့် အသက်ဆက်နေရကြောင်း သိရသည်။
ဘေအိုဘတ်သစ်သီးများကို မူလက အာဟာရရှိသောကြောင့် ဒေသခံများက စားသုံးကြသော်လည်း ယခုအခါ ထိုသစ်ပင်ကို အိမ်ဆောက်ရန် အသုံးပြုလာကြသောကြောင့် ထိုသစ်ပင်အရေအတွက်မှာ တစ်စ တစ်စ လျော့ပါးလျက် ရှိသည်ဟု သိရသည်။
ပြီးခဲ့သည့်နှစ်များအတွင်း မာဒါဂတ်စကားနိုင်ငံရှိ သစ်တောများမှာ ၉၀ရာခိုင်နှုန်းခန့် ပြုန်းတီးသွားခဲ့ပြီ ဟုခန့်မှန်း တွက်ချက်ထားသည်။ အစိုးရအနေဖြင့် ထိုသစ်တောများကို အချိန်မီထိန်းသိမ်းခြင်းမပြ
Credit to စွယ်စုံမီဒီယာ