11/06/2013

ကိုယ်ဝန် ခဏခဏပျက်ရခြင်း


Recurrent miscarriage ကိုယ်ဝန် ခဏခဏပျက်ရခြင်း 
 • University of Warwick (ဝါးဝစ်) တက္ကသိုလ်က သုတေသီတွေက တွေ့ရှိချက်သစ်တခုကို နေ့က ထုတ်ပြန်လိုက်ပါတယ်။ 
• Steroids (စတီရွိုက်) နည်းနေသူတွေမှာ ကိုယ်ဝန်ခဏခဏပျက်ရတယ်။
 • ကိုယ်ဝန်ဆောင်အရေအတွက် ၇ ယောက်မှာ ၁ ယောက်မက Miscarriage ပျက်ကျတယ်။ အင်္ဂလန်မှာ ကိုယ်ဝန် ၃ ကြိမ်ပျက်ဘူးသူ ၁% ရှိနေတယ်။
 • ကိုယ်ဝန်ပျက်တဲ့ အမျိုးသမီးတွေရဲ့ သားအိမ်မှာ ခုခံအားစန်စ်နဲ့ဆိုင်တဲ့ NK cells တွေ ပိုများနေတာကို သိလာရတယ်။ 
 • Steroids ဆေးပေးရင် ကိုယ်ဝန်ပျက်တာကို သက်သာစေတာကိုသိထားပေမဲ့ အရင်က ဘာလို့လဲဆိုတာ မရှင်းတတ်သေးဘူး။ 
• ၁၂-၉-၂ဝ၁၃ နေ့ Journal of Clinical Endocrinology and Metabolism ထဲမှာ ရေးလိုက်တာကတော့ NK cells တွေကနေ သားအိမ် အတွင်းဆုံးလွှာမှာ ဆက်ဖြစ်တာတွေရှိတယ်။
 • Steroid levels နည်းနေရင် သန္ခေကိုသားအိမ်မှာလာတွယ်ကပ်ဘို့ခက်ခဲစေတယ်။
 ဒါကြောင့် ကိုယ်ဝန် မပျက်စေအောင် (စတီရွိုက်) နည်းနည်းပေးတာ အကျိုးများတယ်။ 
 
 ဒေါက်တာတင့်ဆွေ ၁၂-၉-၂ဝ၁၃