ဆရာကြီးဦးထွဋ် (B.A,B.Ed.B.L) (တိုင်းရင်းဆေးဆရာအဖွဲ့ဝင်) ကဒီလိုမျိုးရှင်းထားပါတယ်…
(၁)အိုက်လွန်း၍အိပ်မပျော်ခြင်းကိုအိပ်ဆေးသောက်ရန်မလိုပါ..အိပ်ခ န်းကိုအအေးဓာတ်ရအောင်ပြု
လုပ်၍ဖြေရှင်းရမည်။
ထိုနည်းကိုနမူနာယူပြီး…အေးလွန်းလျှင်နွေးအောင်။ဆီးခဏခဏမသွားအောင်။ဗိုက်နာ..
ဝမ်းသွားမဖြစ်အောင် ..ဆောင်ရွက်ရမည်…
အိပ်မပျော်ခြင်းကိုအဓိကလုပ်သင့် သည်မှာ….
(၁)အိပ်မပျော်လျှင်စာဖတ်ပါ…စက်ဆုပ်ရွံရှာ၊ထိတ်လန့်..အံ့သြ..စာများကိုမဖတ်သင့်
ပြုံးစရာ..ရယ်စရာ..လေးစားဖွယ်.. ကြည်ညိုဖွယ်..လိုက်နာဖွယ်စာပေများနှင့်ဘာသာရေးနှီးနွယ်သောစာပေများဖတ်ရမည်…
(၂)ငြိမ့်ညောင်းသာယာသော တေးဂီတသံတို့ကိုနားထောင်ပါ…
(တစ်ကိုယ်တည်းကြားရုံမျှတိုးတိုးညင်းညင်းကလေးသာဖွင့်ထားသော တေးဂီတသံကို အခြားသို့
အာရုံမပျံ့စေဘဲမျက်စိကလေးမှေး၍ထိုဂီတသံသို့သာအာရုံစိုက်နားထောင်နေပါ…သီချင်းမဆုံးမီ
အိပ်ပျော်သွားပါမည်။)
(၃)ခြင်ထောင်အမိုးတွင် အမှတ်အသားတစ်ခုထား၍စိုက်ကြည့်နေ ပါ။
(မိမိကိုယ်ကိုပက်လက်အနေအထားဖြင့်  မျက်စိတည့်တည့်ခြင်ထောင်အမိုး၌အ ချင်းသုံးလက်မခန့်ရှိ
စက်ဝိုင်းတစ်ခုရေးဆွဲထားပြီးထို စက်ဝိုင်းကိုမျက်တောင်မခတ်..အာရုံမပြန့်စေဘဲစိုက်ကြည့်နေပါ။
မကြာမီမျက်တောင်စင်းလာကာ အိပ်ပျော်သွားပါလိမ္မယ်။)
(၄)အသက်မရှူဘဲတတ်နိုင်သမျှအသက်ေ အာင့်ထားပါ။
(No man can do two things at the same time)
ဘယ်လူသားမျှ အချိန်တစ်ခုတည်းတွင် အလုပ်နှစ်ခုကို တစ်ပြိုင်တည်း မလုပ်နိုင်ဟုဆိုထားပါသည်။
အိပ်မပျော်ခြင်းသည် အာရုံပြန့်ပြီး ဟိုတွေးဒီတွေးတွေးနေတတ်သောကြောင့်လည်းဖြစ်တတ်ပါသည်။
အာရုံလည်းမပြန့်အောင်…ဟိုတွေး.. ဒီတွေးလည်းတွေးလို့မရအောင် အပြတ်ဖြတ်နိုင်သောနည်းမှာ
ရှူနေသောအသက်ကို မရှူဘဲ ရပ်ထားလိုက်ခြင်းဖြစ်ပါသည်။
အသက်မရှူဘဲ ကြိုးစားအောင့်ထားရသောသူသည် ဘယ်အတွေးကိုမျှ တွေးလို့မရတော့ပါ။
အသက်မရှူဘဲအောင့်ထားရသောအလုပ်သည် သက်ရှိသတ္တ၀ါတစ်ဦးအဖို့ ဘယ်အလုပ်..ဘယ်အတွေးနှင့်မျှ ယှဉ်မရအောင်အရေး.ကြီးလှသောအလုပ် ကြီးတစ်ခုဖြစ်ပါသည်။
ထိုသို့အသက်မရှူဘဲတတ်နီုင်သမျှ အောင့်ထားသည့်အလုပ်ကိုအသင်အိပ်မ ပျော်သူကြိုးစားလုပ်ကြည့်စမ်းပါ ။မကြာမီအိပ်ပျော်သွားစေရပါမည်။
(၅)အိပ်ရာဝင်ခါနီးတွင် ကိုယ်လက် အနည်းငယ်လှုပ်ရှား၍ ရေချိုးပါ။
(ကိုယ်လက်လှုပ်ရှားမှုပြု၍ရေချိုး ခြင်းသည် ခန္ဒာကိုယ်ကို သန့်ရှင်းစေသလို စိတ်ကိုလည်းကြည်လင်
လန်းဆန်းစေပါသည်။စိတ်ကြည်လင်လန်းဆန်းခြင်းသည်အိပ်ဆေးသဖွယ် ထိရောက်လှပါသည်။
ပူအိုက်သောရာသီတွင်ရိုးရိုးရေအေး…အေးသောရာသီတွင်ရေနွေးစပ်၍ချိုးသင့်ပါသည်။
ခြင်ထောင်..စောင်..ခေါင်းအုံး.. အိပ်ရာခင်းသန့်ရှင်းနေပါစေ။)
(၆)အိပ်ရာမ၀င်မီ နွားနို့ပူပူလေးတစ်ခွက် သောက်ပါ။
(စားလျှင်အသား အိပ်လျှင်အား)ဟုဆိုရိုးစကားရှိပါသည်)
အိပ်ရာဝင်ကာနီးနွားနို့ပူပူတစ်ခွက်သောက်အိပ်စမ်းပါ မုချ အိပ်ပျော်ပါလိမ္မည်။
ကော်ဖီ..လက်ဖက်ရည်မသောက်ပါနှင့် အိုဗာတင်း..မိုင်လို သောက်နိုင်ပါသည်။
(၇)ၾကိဳက္တတ္လွ်င္အရက္ကေလးနဲနဲေ သာက္အိပ္ပါ။
(ပင်ကိုကကြိုက်တတ်သူသုံးတတ်သူကိုသာရည်ညွှန်းပါသည်။)
(၈)အရေးကြီးဆုံးကတရားထိုင်ကြည့် စမ်းပါ။(ဆရာပြသည့်အတိုင်း တရားထိုင်ပါ)
===========
(ဆရာကြီးဦးထွဋ်သည်ကျွန်တော်၏ဆရာဖြစ်ပါသည်။)
Soe Mg Mg Soung (Facebook )
Posted in: အိပ်စက်ခြင်းနှင့်ကျန်းမာခြင်း




