11/05/2013

သွားကိုက်လို့ စိတ်ညစ်နေကြသူများအတွက်

Dental pulp(ခေါ်)သွားအတွင်းပိုင်းဆုံးနေရာရှိ ပျော့ပျောင်းတဲ့တစ်ရှုးလေးနာကျင်ကိုက်ခဲခြင်းကို "သွားကိုက်တယ်" လို့ ခေါ်ပါ တယ်။ ထိုတစ်ရှုးလေးက သွေးကြောများသာမက၊ အခြားအာရုံခံ အင်္ဂါအဖွဲ့ အစည်းများနဲ့ ဆက်စပ်ေ နတာကြောင့် သွားကိုက်တဲ့ အခါ မခံမရပ်နိုင်အောင်နာ ကျင် လို့  အရည်/အဖတ်/အပူ/အအေး ဘာမှစားမ၀င်တော့ဘဲ၊ အချို့ သူများတွင် မျက်နှာတခြမ်း လုံးေ ရာင် ကိုင်းရုံသာမက၊ အအိပ်ပျက်၊ အစားပျက်၊ အလုပ်ပျက် ကြရပါတယ်။
  သွားဘာကြောင့်ကိုက်ရတယ်
(၁) သွားပိုးစားခြင်း (၂) ပိုးစား၍သွားအပေါက်ဖြစ်ခြင်း 

(၃) ယခင်သွားအပေါက်ဖာစဉ်က မသေ သပ်၍ အစာဟောင်းများကျန်ခဲ့ ခြင်း
 (၄) မတော်တဆထိခိုက်ရိုက်မိခြင်း
 (၅) သွားနဲ့ ခြင်း/သွား ကျိုးခြင်း
 (၆) သွားဖုံးနာခြင်း 
(၇) ပြည်တည်နာဖြစ်ခြင်း
 (၈) နှာ ခေါင်းပေါက်နဲ့ ဆက်သွယ်ထားေ သာ ဦးခေါင်းခွံအတွင်းလေလမ်းကြောင်း ပိုးဝင်၍ရောင်ကိုင်းခြင်း 
 (၉) သွားဖုံးမှာအနာဖြစ်ခြင်း/ သွားဖုံးပြည်တည်ခြင်း 
(၁၀) ဦးခေါင်းခွံနဲ့ မေးရိုးကြားရှိအရိုးအဆက်မှာ ထိခိုက်ဒဏ်ရာရခြင်း
 (၁၁) ကလေးငယ်များသွားစပေါက် ခြင်း/လူကြီးများ အံဆုံးပေါက်ခြင်း…..စသည် တို့ ကြောင့် သွား ကိုက်လေ့ရှိပါတယ်။

သွာဆရာဝန်နဲ့ ကုသမှုခံယူသင့်သောအချိန်
(၁) အပေါ့စားနာကျင်ကိုက်ခဲမှုအတွက် အကိုက်ခဲပျောက်ဆေးများဖြစ်သော paracetamol, ibuprofen တို့ သောက်ခြင်းဖြင့် သက်သာစေပါတယ်။ aspirin ဆေးဝါးများက ဘေးထွက် ဆိုး ကျိုးတွေဖြစ်စေလို့  ရှောင်ရှားရပါမယ်။ 

(၂) ၁ရက်(သို့ မဟုတ်)၂-ရက်ထက်ပို၍ကိုက်ခဲပါလျှင်၊ သွားဆရာဝန်နဲ့ ကုသမှုခံယူသင့်ပါပြီ။ 
(၃) အထက်ဖော်ပြပါ ရောဂါအခြေအနေ အမျိုးအစားပေါ်မူ တည်ပြီး၊ သွားဓာတ်မှန်ရိုက်ခြင်း၊ သွားအပေါက်ဖာခြင်း၊ သွားအကြောသတ်ပေးခြင်း၊ အမြစ်ဂ လိုက်ပေါက်ပိုးဝင်ခြင်းအတွက် ပိုး သတ်ပေးခြင်း တို့ ပြုလုပ်ပေးပါလိမ့်မယ်။ 
(၄) အကယ်၍ မည် သို့ မျှ ဆေးဖြင့်ထိန်းမထားနိုင်တဲ့အခါမှာတော့ ဆရာဝန်က သွား နှုတ်ပေးပါလိမ့်မယ်။

ကြိုတင်ကာကွယ်သင့်

 ကုသခြင်းကကာကွယ်မှုထက်ပိုမိုထိရောက်ပါတယ်။
 (၁) fluoride ပါသော သွားတိုက်ဆေးသုံး၍ တစ် နေ့ ၂-ကြိမ် သွားတိုက်ပါ။ သွားတိုက်ရင်း၊ လျှာကို ခပ်ဖွဖွတိုက်ပေးဖို့ မမေ့ပါနဲ့ ။ 
(၂)သွား တိုက် တံသုံးတိုင်း သွားကြားထဲရှိအစာ ဟောင်းများ ကုန်စင်သွားပြီ် လို့ မယူဆသင့်ပါဘူး။ သွား တိုက်ပြီးနောက် dental floss(ခေါ်)သွားပွတ်ကြိုးကိုသုံးပါ။ လိုအပ်ပါက mouthwash(ခေါ်)ခံ တွင်း သန့်  စင် ရည်သုံးပါ။ (၃) အချိုဓာတ်ကဲသောအစားအစာများ၊ အချိုရည်များလျော့သောက်ပါ။
 (၄) ဆေးလိပ်မသောက်ပါနဲ့ ။
 (၅) ကလေးများကို သွားဆရာဝန်ဖြင့် ၆-လမှာတစ်ကြိမ် သွားစစ်ေ ဆး မှုခံယူသင့်ပြီး၊ လူကြီးများက ၁-နှစ် မှာတစ်ကြိမ် စစ်ဆေးမှု ခံယူပါ။

အိမ်တွင်းကုထုံးလေးများ
(၁) ရေနွေးဖြူ တဖန်ခွက်ထဲမှာ၊ ဆား စားပွဲတင်ဇွန်း ၁-ဇွန်း မောက်မောက်ရောကာ၊ ငုံနိုင်သမျှကြာကြာငုံထားပြီး အာလုပ် (ပလုပ်)ကျင်းပါ။

 (၂) ရေခဲအိတ်ဖြင့် ကိုက်နေတဲ့ သွားရဲ့  ပါးပြင်ပေါ် ကိုကပ်ပေးပါ။ (၃) ကြက်သွန်နီထဲရှိ သဘာဝ antimicrobial အစွမ်းက သွားနာကျင်ကိုက်ခဲမှု ကို သက်သာစေလို့  ကြက်သွန်နီ လတ်လတ်ဆတ်ဆတ်ကို အကွင်းလိုက်ခပ်ထူထူလှီးပြီး၊ ကိုက် နေ တဲ့သွားပေါ်ဖိ၍ငုံထားပါ။ (၄) အရက်ထဲမှာပါတဲ့ အယ်လ်ကိုဟောလ်က သွားကိုက်ခြင်းကိုသက် သာစေလို့ ၊ အရက်ငုံပေးပါ။ (သို့ မဟုတ်)အယ်လ်ကိုဟောလ်များများပါသော ခံတွင်းသန့် စင်ေ ရငုံပါ။
 (၅) ဂျင်းကို အခွံနွှာ ခပ်ပါးပါးလှီးပြီး ၀ါးစားပေးပါ။ 
(၆) ကြက်သွန်ဖြူထဲမှာပါရှိတဲ့ allicin ဓာတ်က ပိုးသတ်ဆေးသဖွယ်အစွမ်းထက်လို့  ကြက်သွန်ဖြူကိုကြိတ်ထောင်း၍ ကိုက်နေတဲ့ သွား ၏ ပါးဆောင်မှာငုံထားပါ။
 (၇) အာလူးလတ်လတ်ဆတ်ဆတ်ကို အခွံနွှာခပ်ပါးပါးလှီးပြီး၊ ငုံထားပါ။ (သို့ မဟုတ်)အာလူး ကို ကြိတ်ချေ၍ ကိုက်နေတဲ့သွားနဲ့ သွားဖုံးတို့ ကို အုပ်လိမ်းပေးပါ။ 
(၈) သံပု ရာသီးကို အစိပ်ကလေးစိပ်ပြီး ကိုက်နေသောသွားမှာ ပွတ်ပေးပါ(သို့  မဟုတ်)သွားတစ်ချောင်း လုံးကို သံပုရာရည်လူးပေးပါ။ 
 (၉) သွားကိုက်ခြင်း၊ သွားဖုံးယောင်ခြင်းအတွက် သခွား သီးကို ခပ်ပါးပါးလှီး၍ကိုက်ထားပါ။ သွားကိုက်၍ ပါးရောင်ကိုင်းခြင်းအတွက်လည်း သခွားသီးပါးပါးလှီး ၍ ပါးပေါ်တင် ကပ်ပေးနိုင် ပါတယ်(ရေခဲသေတ္တာထဲ့ထားတဲ့ သခွားသီးအေးအေး က ရောင်ကိုင်း နာကျင်မှုအတွက် ပိုမိုထိရောက်စေပါတယ်)
 (၁၀) သွားအ ခေါင်းပေါက်ထဲကို အမည်းရောင် ငရုပ်ကောင်းမှုန့် သိပ်ပါ။ဆားရောထဲ့၍သုံးနိုင်ပါတယ်။
 (၁၁) ရေနွေး ၁-ဖန်ခွက်ထဲမှာ မုန့် လု ပ် ဆော်ဒါ စားပွဲတင်ဇွန်း ၁-ဇွန်းမောက်မောက်ရော၍ သမအောင်မွှေပြီးနောက်၊ ခပ်ကြာကြာငုံ အာလုပ်(ပလုပ်ကျင်း)ပါ။
 (၁၂) လ္ဘက်ခြောက်ထဲမှာပါရှိတဲ့  tannins ဓာတ်များက ပိုးသေတဲ့အစွမ်း ရှိလို့  ရေနွေးကြမ်းလ္ဘက်ရည်ပူပူကို ဖန်ရည်အဖြစ်ငုံပေးပါ။ 
(၁၃) ပူစီနံရွက်ဝါးစားပါ။ ပူစီနံရွက်အ ဆီ(သို့ မဟုတ်)ယပန်းဆီ(သို့ မဟုတ်)လိမ္မော်ခွံဆီ(သို့ မဟုတ်) ထင်းရူးဆီတို့ ကို ၀ါဂွမ်း မှာစိမ်ြ ပီးေ နာက် သွား/သွားကြားနဲ့ သွားဖုံးများကို လိမ်းပေးပါ။(သို့ မဟုတ်)ရေနွေးပူပူထဲမှာ ထိုအဆီထဲ့ ၍ငုံပေးပါ။
 (၁၄) ငရုပ်သီး မှုန့် ကိုရေဖြင့် ပျစ်ပျစ်ဖျော်၍ သွားပေါ်အုံထားပေးပါ။ 
(၁၅) လေးညှင်း ပွင့် ထဲမှာ anti-oxidant, anti-inflammatory, anti-bacteria အစွမ်းများ ပါရှိလို့  ရှေးနှ စ်ပေါင်း များစွာကတည်းက လေးညှင်းပွင့်ကို သွားနှင့် ခံတွင်းရောဂါ အမျိုးမျိုးတို့ အတွက် အိမ်တွင်းသ မားတော် အဖြစ်သုံးစွဲလာခဲ့ကြပါတယ်။ လေးညှင်းပွင့်ကို ကိုက်ဝါးခြင်း၊ ငုံခြင်း၊ လေးညှင်းပွင့်ဆီ ကို ရေနွေးဖြင့်ရော၍ အာလုပ်(ပလုပ်) ကျင်းပေးပါ။ 
(၁၆) ဌက်ပျောရွက်ဝါးပေးပါ။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်...မျှဝေသည်)