မြန်မာနိုင်ငံသားများအတွက် မြန်မာနိုင်ငံအကြောင်း အချက်အလက်အချို့..
မြန်မာနိုင်ငံတော်သည် အရှေ့တောင်အာရှတွင် ဧရိယာအားဖြင့်
ဒုတိယမြောက်အကြီးဆုံးနိုင်ငံဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တရုတ်နိုင်ငံ၊
အိန္ဒိယနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ
တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ ထို့အပြင်
မြန်မာနိုင်ငံ၏အနောက်ဘက်နှင့် အနောက်တောင်ဘက်တို့တွင် ကပ္ပလီပင်လယ်နှင့်
ဘင်္ဂလားပင်လယ်အော်တို့တည်ရှိသည်။
၂၀၀၅ခုနှစ်၊ နိုဝင်ဘာလတွင်
နေပြည်တော်မြို့တော်အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏
မြို့တော်အဖြစ်ပြောင်းလည်းလိုက်သည်။ မြို့တော်သစ်ကြီးသို့ ယခင်
မြို့တော်ဟောင်းဖြစ်သည့် ရန်ကုန်မြို့မှ မြောက်ဘက် (၃၂၀)
ကီလိုမီတာကွာဝေးသည်။
မြန်မာနိုင်ငံသည် အကျယ်ဧရိယာ
စတုရန်းကီလိုမီတာ ၆၇၈,၅ဝဝ (စတုရန်းမိုင် ၂၆၁,၂၂၇) (ရေအကျယ်အဝန်း ၃.၀၆%)
ရှိ၍ ကမ္ဘာတွင် (ဇန်ဘီယာပြီးလျှင်) ၄၀ ခုမြောက် အကြီးဆုံးတိုင်းပြည်ဖြစ်သည်။
တရုတ်မြန်မာ နယ်စပ်မှာ အရှည်လျားဆုံးဖြစ်ပြီး ၂၁၈၅ ကီလိုမီတာ
(၁၃၅၈ မိုင်) ရှည်လျားသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား အင်္ဂလိပ်လို "the Republic of the Union of Myanmar" ဟုခေါ်တွင်သည်။
XXX မြန်မာနိုင်ငံ၏လူဦးရေ XXX
မြန်မာနိုင်ငံ၏လူဦးရေသည် ပျမ်းမျှ XXX ၅၇.၅ XXX သန်းခန့်ရှိပြီး ဗီယနမ်နှင့်ထိုင်းနိုင်ငံတို့၏ နောက် တတိယအများဆုံးအဖြစ် တည်ရှိသည်။
အထွေထွေဗဟုသုတ မေးခွန်းများဖြေရာတွင် အသုံးဝင်မယ်လို့
မျှော်လင့်ပါတယ်။
Source -
1 (http://www.daweidevelopment.com/index.php/us/myanmar-overview)
2 (https://sites.google.com/site/myanmarsite1/home/ma/myanmar)
11/01/2013
မြန်မာနိုင်ငံအကြောင်း အချက်အလက်အချို
11/01/2013
Dim