11/01/2013

ယုံကြည်ခြင်း

၁။ တစ်ခါက .. ရွာတစ်ရွာမှာ .. မိုးခေါင်လို့ ..
လွန်ဆွဲပွဲ ကျင်းပဖို့ .. ဆုံးဖြတ်ကြသတဲ့ ..
နောက်နေ့ကျ.. လွန်ဆွဲမယ့် ကွင်းပြင်ဆီ အားလုံး
သွားတဲ့အချိန်မှာ .. လူတစ်ယောက်က ထီး ယူလာခဲ့သတဲ့ .. ။
“ဒါကတော့ ကိုးကွယ်ယုံကြည်မှုရယ်ပါ”

၂။ သင် ခလေးငယ်တစ်ယောက်ကို .. လေထဲ မြှောက်ပစ်ပီး
ပြန်ဖမ်းဖို့ .. လုပ်တဲ့အချိန်မှာ ကလေးက .. ရီနေပါလိမ့်မယ် ..
အောက်ရောက်ရင် သင် ပြန်ဖမ်းနိုင်မှာကို သိတဲ့အတွက်ပါ ..
“ဒါကတော့ အပြစ်ကင်းတဲ့ယုံကြည်မှုရယ်ပါ”

၃။ ညတိုင်းပဲ ကျနော်တို့တွေဟာ .. မနက်မှာ
အသက်ရှင်မယ်ဆိုတဲ့အတွေးနဲ့ ..
နှိုးစက်တွေပေးလို့ .. အိပ်ယာဝင်ခဲ့ကြပါတယ် ..
“ဒါကတော့ မျှော်လင့်ခြင်းရယ်ပါ”

၎။ ကျနော်တို့တွေဟာ ..နက်ဖြန်တိုင်းအတွက် ..
အနာဂတ်ကို ဘာတစ်ခုမှ ကြိုမသိနိုင်ပဲနဲ့ ..
ကြီးမားတဲ့ .. အစီအစဉ်တွေ ချမှတ်လေ့ရှိပါတယ် ..
“ဒါကတော့ စိတ်ချယုံကြည်ခြင်းရယ်ပါ”

၅။ ကမ္ဘာကြီးဟာ .. နေ့စဉ်နဲ့အမျှ ဆင်းရဲမွဲတေနေတာ
ကျနော်တို့ .. သိမြင်ပီးဖြစ်တာတောင် ..
ကျနော်တို့ .. လက်ထပ်ကြတုန်းပါပဲ ..
“ဒါကတော့ အလွန်အကျုးစိတ်ချယုံကြည်ခြင်းရယ်ပါ”

ရတနာမောင်
 
Myawady News