ဆား(ဆိုဒီယမ်)ကိုနည်းနည်းပဲစားတာကြောင့်သွေးဖိအားကိုပုံမှန်ဖြစ်အောင်ထိန်းပေးနိုင်ပါတယ်။ ဒါ့အြ ပင်အောက်ပါအစားအသောက်တွေကိုစားသောက်တာကြောင့်သွေးတိုးကိုကျ စေတဲ့အပြင်နှလုံးနဲ့သွေးကြောတွေကိုလည်းကျန်းမာစေနိုင်ပါတယ်။
အာလူးမီးဖုတ်
မီးဖုတ်ထားတဲ့အာလူးမှာမဂ္ဂနီစီယမ်နဲ့ပိုတက်စီယမ်ဆိုတဲ့အာဟာရဓာတ်
နှစ်မျိုးပါဝင်တာကြောင့်သွေးတိုးကျစေတဲ့အစာအနေနဲ့ထင်ရှားပါတယ်။ ပိုတက်စီယမ်များတဲ့အစာကခန္တာကိုယ်ထဲကအပိုဆိုဒီယမ်ဓာတ်တွေကို
ကင်းစင်စေသလိုမဂ္ဂနီစီယမ်ကသွေးစီးဆင်းမှုကိုကောင်းမွန်စေတယ်လို့ လေ့လာမှုအရသိရပါတယ်။
အဆီထုတ်ထားတဲ့နွားနို့
နွားနို့အေးတစ်ဖန်ခွက်မှာကယ်လ်စီယမ်နဲ့ဗီတာမင်ဒီအာဟာရှဓာတ်နှစ် မျိုး
ပါဝင်ပြီးသွေးတိုးကို3-10%လျော့ ကျစေပါတယ်။ဒါ့အပြင်နှလုံးရောဂြါ ဖစ်နိုင်တဲ့အန္တရာယ်ကိုလည်း15%လျော့ကျစေပါတယ်။တခြားလေ့လာမှုအရကယ်လ်စီယမ်ပမာဏနည်းနည်းပဲမှီဝဲ
သူတွေအနေနဲ့သွေးတိုးနိုင်ခြေ မြင့်မားတယ်လို့သိရပါတယ်။
ဥအမျိုးမျိုး
ဥအမျိုးမျိုးကနှလုံးကျန်းမာရေးကိုမကောင်းစေဘူးလို့ထင်ထားကြပါတယ်။ လတ်တလောလေ့လာမှုအရကြက်ဥ/ ဘဲဥအကာဟာသွေးတိုးကို
ကျစေတယ်လို့အမေရိကန်ဓာတုအဖွဲ့အစ ည်းဆိုင်ရာအစည်းအဝေးအရ
သိရပါတယ်။ကြက်ဥ/ ဘဲဥမှာပရိုတင်း၊ဗီတာမင်ဒီနဲ့တခြားကျန်းမာရေးနဲ့
ညီညွတ်တဲ့အာဟာရဓာတ်တွေပါဝင်ပါတယ်။
ပန်ဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်း၊ပန်းဂေါ်ဖီဂေါ်ဖီထုပ်စတာတွေမှာသွေးဖိအားကိုထိန်းချုပ်ပေး
နိုင်တဲ့မဂ္ဂနီစီယမ်၊ကယ်လ်စီယမ်နဲ့ပိုတက်စီယမ်တို့လိုသတ္တုဓာတ်
အများအပြားပါဝင်ပါတယ်။တိရိစ္ဆာန် တွေကိုလေ့လာမှုတစ်ခုအရ
ပန်းဂေါ်ဖီစိမ်းပါတဲ့အစာစားတာကြောင့်သွေးတိုးရောဂါ၊နှလုံးသွေြးေ ကာကျဉ်းရောဂါနဲ့လေဖြတ်တာတို့ကို လျော့ကျစေတယ်လို့
သိရပါတယ်။ပန်းဂေါ်ဖီထဲမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေကသွေးလွှတ်ကြောထိခိုက်မှုကိုလျှော့ချနိုင်ပါတယ်။
မုန်လာဥနီဖျော်ရည်
သွေးတိုးနေသူတွေအနေနဲ့မုန်လာဥနီ ဖျော်ရည်တစ်ခွက်ကိုသောက်တာ
ကြောင့်သွေးဖိအားကို10 mmHg လျော့ကျစေတယ်လို့
အမေရိကန်နှလုံးအဖွဲ့အစည်းရဲ့လေ့ လာမှုအရသိရပါတယ်။မုန်လာဥနီဖျော် ရည်မှာပါဝင်တဲ့နိုက်ထရိတ်ကြောင့်သွေးကြော
တွေကိုကျယ်စေပြီးသွေးစီးဆင်းမှု ကိုကောင်းမွန်စေတာဖြစ်ပါတယ်။
တစ်နေ့မှာမုန်လာဥနီဖျော်ရည်တစ်ဖ န်ခွက်သောက်တာကြောင့်သွေးဖိအား
ကိုကျန်းမာရေးနဲ့ညီညွတ်တဲ့အဆင့် ရောက်အောင်ထိန်းထားပေးနိုင်ပါတယ်။
နှမ်းဆီ
နှမ်းဆီမှာပါတဲ့ဖက်တီးအက်ဆစ်နဲ့ အင်တီအောက်စီးဒင့်တွေကြောင့်
သွေးကြောတွေကိုကျန်းမာစေပြီးသွေးတိုးကိုကျစေတာဖြစ်တယ်လို့
လေ့လာသူတွေကယုံကြည်ထားပါတယ်။
ငှက်ပျောသီး
သွေးတိုးကိုကျစေတဲ့ပိုတက်စီယမ်ပါဝင်တဲ့ငှက်ပျောသီးကိုတစ်နေ့တစ် လုံး
စားသုံးသင့်ပါတယ်။
အမည်းရောင်ချောကလက်
အမည်းရောင်ချောကလက်မှာနှလုံးကျန်းမာစေတဲ့အာနိသင်ရှိပါတယ်။အမည်း ရောင်ချောကလက်မှာပါတဲ့ဖလေဗိုနွိုက်အင်တီအောက်ဆီးဒင့်ဟာ
သွေးကြောတွေကိုပိုမိုကျယ်ပြန့်ေ စပြီးသွေးစီးဆင်းမှုကိုကောင်းမွ န်
စေတယ်လို့လေ့လာမှုအရသိရပါတယ်။
ကြယ်စင်
By-Good Health
Posted in: ဆီး/သွေးချို/သွေးတိုး