6/23/2013

အိပ်ရေးပျက်လျှင် ဘာကြောင့်ဝလာသလဲ

အိပ်ရေးပျက်တဲ့အခါ တစ်နေ့ လုံးထိုင်းမှိုင်းစေရုံသာမက အဆီပို တွေလည်း စုလာတတ်ပါတယ်။ အိပ်ရေးပျက်လျှင် အစားပိုစားတတ် ပြီး ကယ်လိုရီ ၃၅၀ဝ ဝင်တိုင်း တစ်ပေါင်တိုးလာလေ့ရှိပါတယ်။ အိပ်ရေးပျက်တဲ့အခါ စွမ်းအင်ဆုံးရှုံးမှု မများစေဖို့ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်တွေကို နှေးပစ်လိုက်ပါတယ်။

ထိုအခါ ကော်တီဆောဟော်မုန်း တွေထွက်လာပြီး ခံတွင်းကောင်းလာစေပါ တယ်။ 

 ဆာလောင်ခြင်းကို အချက်ပြ ပေးတဲ့ ဂရီလင်ဟော်မုန်းမြင့်တက်စေ ပြီး တင်းတိမ်မှုဖြစ်စေတဲ့ လက်ပ်တင် ဟော်မုန်းကိုပါ လျော့ကျစေပါတယ်။
ဟော်မုန်းတွေကမောက်ကမ ဖြစ် စေတာကြောင့် အထိန်းအချုပ်မဲ့ အစာစားစေပြီးအစားရပ်ဖို့လည်း သတိလက်လွတ်ဖြစ်တတ်ပါတယ်။

နှစ်ခြိုက်စွာအိပ်မောကျတဲ့ REM အဆင့်မှာ ခန္ဓာကိုယ်အဆီ တွေချေဖျက်ပေးတာကြောင့် အအိပ် အနေနည်းလျှင်အဆီချေဖျက်မှု လျော့လာတတ်ပါတယ်။

တစ်နေ့အိပ်ချိန်ခုနစ်နာရီခွဲရှိသင့်ပြီးမအိပ်ခင်အရောင်တောက်တောက်မျက်နှာပြင်များမှ ရှောင်ခြင်း၊

 ကော်ဖီရှောင်ခြင်း၊ စာအုပ်ဖတ်ခြင်း ပြုလုပ်ခြင်းဖြင့် နှစ်ခြိုက်စွာအိပ်ပျော် နိုင်ရန် အကူအညီဖြစ်စေသည်။

သီဟ
Source:RD
Health Updates Journal