6/22/2013

ချီးပုံပြင်

ပြောပြမယ်...ချီးပုံပြင်ဆိုတော့ နည်းနည်းတော့ ထူးဆန်းမယ်။
မရယ်ကြနဲ့နော်............

တစ်ခါတုန်းက ဘုရင်တစ်ပါးရှိတယ်တဲ့။
အဲဒီဘုရင်ကြီးမှာ တော်တော်လှပတဲ့ သမီးတော်တစ်ပါးရှိတယ်။
အဲဒီဘုရင်ကြီးက ကျန်တဲ့ သားသမီးမထွန်းကားဘူးတဲ့။
ဒီတော့ ဘုရင်က အနာဂါတ် ကိုကြိုပြီးစဉ်းစားတယ်။
သမီးလေးကို ယောက်ျားပေးစားချင်တယ်...။

ဘုရင်ဆိုတာ ပိုက်ဆံရှိပြီးသား ။ စည်းစိမ်ရှိပြီးသား။

ဒီတော့ သူကသူ့သမီးနဲ့ ပေးစားမယ့် ယောက်ျား သူ့သားမတ် ကို သူဌေးမလိုချင်ဘူး...။
ပညာရှိပဲ လိုချင်တယ်.။

အဲဒီတော့ ပညာရှိကို ရှာမယ်ဆိုပြီး သူ့မှာ စိတ်ကူးရှိတဲ့ အတိုင်း
မောင်းကြေးနန်း လည်ခတ်စေသတဲ့။

မောင်းကြေးနန်း လည်ခတ်စေတဲ့ အခါပြောတဲ့စကားက သိပ်ဆန်းကျယ်တာပဲ..။

" ဒူး.......အမိန်းတော်ပါတယ် အားလုံးနားထောင်ကြ...
ဘုရင်ကြီး၏သမီးတော်သည် သက်တော် (၁၈)နှစ်ပြည့်ပြီဖြစ်သောကြောင့်
ဘုရင်ကြီး၏သမီးတော်အတွက် လက်ဆက်မည့် သတိုးသားလောင်းအား
ရှာဖွေလိုသဖြင့် စာချွန်တော်အား အားလုံးနားထောင်ကြ........

" ချီး၏အရသာကို သိသူလုလင်ပျိုနဲ့ ဘုရင်ကြီး၏သမီးတော်နဲ့ ပေးစားမည်
ဖြစ်ကြောင့် မှတ်စေ......."


ချီး၏အရသာကို သိရမှာတဲ့.........အဲဒီတော့
ဘုရင့်ရဲ့ သားမတ်လည်းဖြစ်မယ်....
သူဌေးလည်းဖြစ်မယ်...အချိန်တန်ရင် ဘုရင်လည်းဖြစ်မယ်ဆိုတော့
လုလင်ပျိုတွေက ချီးကို လျှာနဲ့ ယက်ကြသတဲ့...ဗျာ...။

သတ်မှတ်ထားတဲ့ ရက်နှစ်ပါတ်လည်းပြည့်ရော.....ကွင်းကြီးလေးကွင်းစာလောက်မှာ
ချီးစားဖူးတဲ့ လုလင်ပျိုတွေ တစ်ပုံတစ်ထောင်ကြီးပဲတဲ့..။အဲဒီတော့

ဘုရင်ကြီးက အဲဒီချီးစားဖူးတဲ့ လုလင်တွေကို တစ်ယောက်ချင်းစီ အင်တာဗျူးလုပ်တယ်...။

တစ်ယောက်က လက်အုပ်ချီ ဝင်လာတယ် ...

" မှန်လှပါ အရှင်ဘုရား..ချီးဟာ ချဉ်တဲ့ အရသာရှိပါတယ် ဘုရား..."

ဘုရင်က...
" ဟေ့ကောင် မင်းဘာကြောင့် သိတာလဲ?"

" တပည့်တော် စမ်းသပ်စားသောက်ပြီးမှ လာပြောတာပါ အရှင်ဘုရား.."

ဘေးနားလေးက သမီးတော်က အော.. အွပ်...ဖြစ်နေပြီ..။

နောက်တစ်ယောက်လာပြန်တယ်....
" ချီးက စပ်ပါတယ် ဘုရား......
ချီးက ငံပါတယ်ဘုရား...
ချီးက ချဉ်ပါတယ်....ဘုရား....
ချီးက ချိုပါတယ် ဘုရား....
ချီးက ခါးပါတယ် ဘုရား.....လို့....

အရသာအမျိုးမျိုးပြောကြတာ ဘုရင်ကြီးလည်း မှုးသွားတယ်...။
အော်...ငါ့သားမတ်တွေ အကုန်ချီးစားဖူးတဲ့ ကောင်တွေကြီးပဲ....

ချီးအရသာသိချင်ကြတာကို.....လူအပေါင်း ၈ ထောင် ၉ ထောင် တစ်သောင်းလောက်က
ချီးစားဖူးတဲ့ လူတွေကြီးပဲ.....
ဘုရင့်သမီးတော် အပျိုချောချောလေးက ဒီလို ချီးစားဖူးတဲ့ အကောင်နဲ့ လက်ထပ်ရမယ့်
အပျိုချောချောလေးနေရာ ကိုယ်ချင်းသာ စာကြည့်ကြပေတော့....။

အဲဒီအချိန်မှာ နောက်ဆုံး ပိန်ပိန်ငယ်ငယ် စုပ်စုပ်ပြတ်ပြတ် သိန်သိန်မွေးမွေး လူငယ်လေးတစ်ယောက် လက်အုပ်ချီ ဝင်လာတယ်....

" မှန်လှပါ အရှင်ဘုရား...တကယ်တော့ ချီးဟာ အရသာ အမျိုးမျိုးရှိပါတာ် ဘုရား
ချီးဟာ လတ်လတ်ဆတ်ဆတ် အခြေအနေမှာ..
ချဉ်သော ချိုသော အရသာရှိပါတယ်...
ချီးဟာ ခြောက်သွေးသွားတဲ့ အချိန်မှာ ခါးသက်သော အရသာရှိပါတယ် ဘု၇ား......."

မောင်မင်း မင်းဘယ်လိုလုပ် သိတုန်း.....လို့ ဘုရင်မေးတော့
လူငယ်က......

" တပည့်တော် စားသုံးခြင်းဖြင့် သိခြင်းမဟုတ်ပါ..စာဖတ်ခြင်းဖြင့် သိခြင်းဖြစ်ပါတယ်..ဘုရား.."

ဘုရင်က .." မောင်မင်း မင်းငါ့ကို သေချာရှင်းစမ်း..ရှေးကကောင်တွေ အကုန်လုံးချီးစားပြီးမှ သိတယ်... မင်းဘယ်လိုလုပ် သိတုန်း..."

" ဒီကိစ္စ မခက်ပါဘုး ဘုရား.....
အရှင်ဘုရားကြီးပဲ စဉ်းစားကြည့်ပါ....
လတ်လတ်ဆပ်ဆပ်ချီးကို ယင်ကောင်တွေပဲ အုံလေ့ အုံထ ရှိပါတယ်...။

ယင်ကောင်တွေဟာ သရက်သီးလို ချိုတဲ့ ချဉ်တဲ့ အသီးအနှံတွေပေါ်မှာ အုံလေ့အုံထရှိတာကြောင့်
လတ်ဆတ်သော ချီးပေါ်မှာ ယင်ကောင်များ အုံလေ့အုံထရှိတာကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့်
ချီးသည် ချိုသော ချဉ်သော အရသာ ရှိကြောင်းကို တထစ်ကျ မှတ်ယူရ်ျ ရပါသည် ဘုရား.."

ဘုရင်ကြီး ပြုံးသွားတယ်....။

" မှန်လှပါ ဘုရား.....

ချီးဟာ ခြောက်သွေးသွားပြီဆိုရင်ဖြင့် ကင်းလိပ်ချော တို့ ၊ ပိုးဟပ် တို့ အစရှိတဲ့ အင်းဆက်ပိုးတွေ တွားသွားသတ္တဝါတွေဟာ
စားသုံးလေ့ စားသုံးထ ရှိပါတယ်... ဒါကြောင့် ချီးဟာ ခြောက်သွေးသွားသောအခါ ခါးသက်သော အရသာ ရှိကြောင်းပါ ဘုရား"....

ဘုရင်ကြီးလည်း ပြုံးတော်မှုပြီးတော့ အဲဒီ ပညာရှိလေးနဲ့...ပေးစားလိုက်တယ်....

ဒါဟာ ဘာလဲ.....စာကို ချစ်လို့ ပေါ့...

ကျွန်တော် တစ်ခု ပြောချင်တယ်ဗျာ....

စာမဖတ်ရင် ချီးစားရမယ် ...ဒါပဲ......
လူငယ်တွေ စာဖတ်ပါ ..ချီးမစားစေချင်လို့...

လူကြီးတွေ စာမဖတ်ဘူး...ချီးစား၇င် စားပါလေစေ.....

ပုံပြင်လေးက စာပေကို ချစ်တဲ့သူနဲ့ မချစ်တဲ့သူ ဘာကွာသလဲ ဆိုတာကို....ပြတာပါပဲ....

ဖတ်ပေးတဲ့ သူတိုင်းကျေးဇူးတင်ပါတယ်......
  Broken Heart ( ငှက်ငယ်)