ကင်ဆာရောဂါ ကာကွယ်ရေးအတွက် သစ်သီးနှင့် ဟင်းသီးဟင်းရွက် များများစားပေးရန်လို
ကင်ဆာရောဂါအားလုံး၏သုံးပုံတစ်ပုံကျော်ကျော်ကိုစားသောက်မှုပုံစံ
ပြောင်းလဲခြင်းနှင့်
လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ဖြင့် တားဆီး
ကာကွယ်နိုင်ပါသည်။ မိမိတို့
ပြုလုပ်နိုင်သော အရေးအကြီးဆုံး အရာများထဲမှ တစ်ခုမှာ ကိုယ်အလေးချိန်
မပိုစေရန် ထိန်းထားခြင်း ဖြစ်သည်။ ကိုယ်အလေးချိန် ရှိသင့်သည်ထက် မပိုစေရန်
အကောင်းဆုံး နည်းလမ်းမှာ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ အပါအဝင်
အမျှင်ဓာတ် (fibre) ကြွယ်ဝသော အစားအစာများကို များများစားသုံးပေးခြင်း
ဖြစ်သည်။
အမျိုးသား ကင်ဆာဌာနမှ မကြာသေးခင်က အတည်ပြုလိုက်သော
နေ့စဉ် စားသုံးမှုပုံစံ အကြံပြုချက်တွင် "သစ်သီးနှင့်
ဟင်းသီးဟင်းရွက်များကို များများ စားသုံးပေးသော နေ့စဉ်စားသုံးမှု ပုံစံသည်
ကင်ဆာရောဂါ အချို့နှင့် အခြားသော နာတာရှည် ရောဂါများ ဖြစ်ပွားနိုင်ခြေ
လျော့ကျစေနိုင်သည်" ဟု ဖေါ်ပြထားသည်။
ယင်းအစားအစာများတွင် ကင်ဆာရောဂါ
ဖြစ်ပွားမှု ကာကွယ်ပေးနိုင်သော အင်တီအောက်ဆီးဒင့်ဓာတ် (antioxidant) များ
DNA ကို ကာကွယ်ပေးသော အခြား ဒြပ်ပေါင်းများ ပါဝင်နေသည်ဟု ဆိုသည်။
ယင်းဓာတ်ပစ္စည်းများသည် ပူးတွဲဓာတ်ပြု လုပ်ဆောင်မှုရှိသဖြင့် အစားအစာ
တစ်မျိုးတည်းကို စားသုံးခြင်းထက် ပို၍ ကျန်းမာရေး အကျိုးကျေးဇူး
ခံစားနိုင်ပါသည်။
ရတနာပုံ ဘာသာပြန်သတင်း
Ref: www.dole.com
5/11/2013
ကင်ဆာရောဂါကာကွယ်ရေးအတွက်သစ်သီးနှင့် ဟင်းသီးဟင်းရွက်စားပါ
5/11/2013
Dim