မွန်လူမျိုးတို့သည် ကိုယ့်ထီးကိုယ့်နန်းနှင့်မင်း
ကျဉ်းမြောင်းသော လူမျိုးရေးဝါဒီပဒေသရာဇ်မင်းတို့ အုပ်စိုးသောခေတ်နှင့်နယ်ချဲ့တို့ ၏ လက်အောက်သို့ရောက်ရသောခေတ်တွင် မွန်လူမျိုးတို့၏ စာပေယဉ်ကျေးမှုသည်လည်း လွှမ်းမိုးဖျက်ဆီးခြင်းခံခဲ့ရသည် မြန်မာပြည်လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် မွန်ဒေသမှ ယက္ကန်လုပ်ငန်းရှင်များသည် စီးပွားရေးအမြင်ဖြင့်ပိုမိုတွင် ကျယ်စွာ ရောင်းချနိုင်သော
မြန်မာ့အ၀တ်အထည်ကိုသာ ယက်လုပ်ကြပြီး မွန်လူမျိုးတို့၏၀တ်စားဆင်ယင်မှု ကို
လျစ်လျူရှုခဲ့ကြသည်။
မြန်မာ့အ၀တ်အထည်ကိုသာ ယက်လုပ်ကြပြီး မွန်လူမျိုးတို့၏၀တ်စားဆင်ယင်မှု
ရာမညတိုင်းသားတို့သည် လွယ်ကူစွာရနိုင်သော
အ၀တ်အထည်များကိုသာ ၀ယ်ယူသုံးစွဲခဲ့ကြသဖြင့် မွန်တို့၏ အ၀တ်အထည်များကို
ပိုမို၍အ၀တ်နည်းလာကြသည်။ အမျိုးသားဝတ်စုံကို ၀တ်ဆင်ရန်
လိုအပ်သည့်အခါတွင်မည်သည့်ဝတ်စုံ ကိုဝတ်ဆင်ရမည်ကိုပင် မဝေခွဲနိုင်သော
အခြေအနေသို့ရောက်ခဲ့လေသည်။
တက္ကသိုလ်၊ ကောလိပ်များရှိတိုင်းရင်းသားလူ မျိုးတိုင်းတွင် မိမိတို့တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီများရှိ ကြသည်။
ကော်မတီတစ်ခုနှင့်တစ်ခု တွေ့ဆုံပွဲများ၊ စုပေါင်းကျင်းပသောပွဲများရှိ ကြသည်။ ပွဲတော်များတွင် တက္ကသိုလ်
မွန်ကျောင်းသူ၊ ကျောင်းသားများသည်တခြားတိုင်း ရင်းသား နည်းတူ
မိမိတို့၏၀တ်စုံကို မ၀တ်ဆင်နိုင်ခဲ့ကြပေ။ ဥပမာ- 1971ခုနှစ်
ရန်ကုန်တက္ကသိုလ်ပြည်ထောင်စုအလံ သယ်ယူပွဲတွင် မိမိတို့၏ ၀တ်စုံပြည့်ဖြင့်
ပါဝင်မဆင်နွှဲနိုင်သော အခြေအနေသို့ရောက်ခဲ့ရ၏။
မွန်အမျိုးသားများ၊ မွန်ရဟန်းတော်များ၊ ကျောင်းသူကျောင်းသားများ၊ မွန်လူငယ်များသည် မွန်ဝတ်စုံဖြစ်မြောက်လာအောင် တက္ကသိုလ်မွန်ကျောင်းသူ၊ ကျောင်းသားများသို့ စာနှင့်တစ်ဖုံ၊ လူနှင့်တစ်မျိုးတောင်းဆိုလာ ကြသည်။
အမျိုးသားဝတ်စုံထုတ်ဖော်ဖြစ်ြေ မာက်ရေးကော်မတီကို (21.8.1971)စနေနေ့တွင်
ရွှေတိဂုံဘုရားလမ်း၊ မွန်ပိဋကတ်တိုက်တွင် တက္ကသိုလ်၊
ကောလိပ်ကျောင်းသူကျောင်းသားများ ၊
ကျောင်းသားဟောင်းများ ဦးစီး၍ ဖွဲ့စည်းလိုက်သည်။
တက္ကသိုလ်၊ ကောလိပ်များရှိတိုင်းရင်းသားလူ
ကော်မတီတစ်ခုနှင့်တစ်ခု တွေ့ဆုံပွဲများ၊ စုပေါင်းကျင်းပသောပွဲများရှိ
မွန်အမျိုးသားများ၊ မွန်ရဟန်းတော်များ၊ ကျောင်းသူကျောင်းသားများ၊ မွန်လူငယ်များသည် မွန်ဝတ်စုံဖြစ်မြောက်လာအောင် တက္ကသိုလ်မွန်ကျောင်းသူ၊ ကျောင်းသားများသို့ စာနှင့်တစ်ဖုံ၊ လူနှင့်တစ်မျိုးတောင်းဆိုလာ
အမျိုးသားဝတ်စုံထုတ်ဖော်ဖြစ်ြေ
ကျောင်းသားဟောင်းများ ဦးစီး၍ ဖွဲ့စည်းလိုက်သည်။
(21.8.1971)ပထမအကြိမ်အစည်းအဝေး တွင် -
- မွန်လူမျိုးတို့၏ ရှေးဟောင်းအ၀တ်အစားနှင့်ယေ န့အ၀တ်အစားများကို အထောက်အထားပစ္စည်းအဖြစ်အသုံးပြု ရန်မွန်ဒေသစုံသို့သွားရောက်စုဆောင်းရန်။
- မွန်ဒေသကို ရောက်ရာတွင် တွေ့ရှိရသောပစ္စည်းများကို အကြောင်းအရာကိုသိရှိသော ပုဂ္ဂိုလ်များထံတွင် မေးမြန်းလေ့လာရန်။
- မွန်လူမျိုးတို့၏ ရှေးဟောင်းအ၀တ်အစားနှင့်ယေ
- မွန်ဒေသကို ရောက်ရာတွင် တွေ့ရှိရသောပစ္စည်းများကို အကြောင်းအရာကိုသိရှိသော ပုဂ္ဂိုလ်များထံတွင် မေးမြန်းလေ့လာရန်။
- မွန်တို့၏၀တ်စားဆင်ယင်မှုအကြောင်းကို တတ်သိပုဂ္ဂိုလ်များနှင့်ဆွေးနွေး ရန်။
- (5.9.1971)တွင် အစည်းအဝေးပြန်ခေါ်ပြီး ရရှိထားသောအချက်အလက်များကို ဆွေးနွေးရန်။
- ရရှိထားသောအဖြေများကိုပေါင်းစပ် ပြီး မွန်ဝတ်စုံအကြမ်းသဘောရွေးချယ် သတ်မှတ်ရန်။
- ရရှိထားသောအဖြေများကိုပေါင်းစပ်
- (12.9.1971)တွင် မွန်လူကြီးများ၊ လူငယ်လူလတ်၊ ရဟန်းတော်များ၊
ဆရာဆရာမများ၊ တက္ကသိုလ်ကျောင်းသား/သူများကိုဖိ တ်ခေါ်ပြီး မွန်ဝတ်စုံကို
သတ်မှတ်အတည်ပြုရန်။
ကော်မတီအဖွဲ့သည် ရန်ကုန်၊ မော်လမြိုင်၊ ပဲခူး၊ ပေါင်၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်မရော၊ ကရင်ပြည်နယ်ကော့ဗိန်းရွာ မှ ပစ္စည်းအထောက်အထားအချက်အလက်များ ကို
ဆည်းပူးလေ့လာခဲ့ကြပါသည်။
ကော်မတီအဖွဲ့သည် ရန်ကုန်၊ မော်လမြိုင်၊ ပဲခူး၊ ပေါင်၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်မရော၊ ကရင်ပြည်နယ်ကော့ဗိန်းရွာ မှ ပစ္စည်းအထောက်အထားအချက်အလက်များ
ရှေးခေတ်မွန်အ၀တ်အစားများ၊ နတ်ဝတ်နတ်စား၊ ပုဝါ၊ မွန်နှစ်နံစပ်လုံချည် ထမီများ ရရှိခဲ့ကြသည်။ ကော်မတီဝင်များ လုံချည်၊ ထမီများကို သုတေသနပြုရာတွင် အနီရောင်သည်အပေါ်လွင်ဆုံး အရောင်ဖြစ်သည်ကိုတွေ့ရသည်။လုံချ
ထားသည်ကို တွေ့ရသည်။ရှေးခေတ်မွန်အမျိုးသား
လည်ပင်းတွင် စတစ်ကော်လာကဲ့သို့ ကော်လာတိုရှိသည်။ တခြားတိုက်ပုံများကဲ့သို့ကြယ်သီ
ရှေးခေတ်မွန်အမျိုးသမီးဝတ်စုံမှ
(12.9.1971)တနင်္ဂနွေနေ့ ကော်မတီအစည်းအဝေးတစ်ရပ်ကို မွန်ပိဋကတ်တိုက်တွင်ကျင်းပပြန်၏
ရှေ့တိုက်ပုံကဲ့သို့ အဖြူရောင်တွင် အနီရောင်အစင်းဖြင့် လေးထောင့်အကွက်ကြီးဖော်ထားသော အစဖြင့် ချုပ်လုပ်ဝတ်ဆင်ရန်သဘောတူခဲ့ကြသည်။
အစည်းအဝေးမှသတ်မှတ်သောမွန်အမျိုးသားဝတ်စုံမှာ >> အင်္ကျီအတွင်း ရှပ်အင်္ကျီယူပြီး အပြင်တိုက်ပံအတွက် အဖြူရောင်ပေါ်တွင် တစ်လက်မကွာ အနီတစ်ကြောင်း၊ လည်တွင် လက်မ၀က်ခန့်ဗျက်ချုပ်မည်။ လက်ကိုမခေါက်ပဲဆန့်ထားမည်။
အောက်အိပ်နှစ်လုံးပါမည်။ ကြိုးလေးကြောင်းတပ်မည်။ လျှာမပါချေ။ လုံချည်မှာ အနီရောင်ခံမည်။ အဖြူအကွက်ဖော်မည်။ အောက်ဆုံးအနားအဖြူ 1/4 လက်မထားမည်။ အနား၏အပေါ်တွင် အနီကွက်တစ်လက်မခွဲခန့် ပတ်ထားမည်။
အလယ်တွင် နှစ်နံစပ်သဘောဆောင်ရန် အောက်အနားအဖြူအစင်းလက်မ၀က်ခန့် ပတ်ထားမည်။
မွန်အမျိုးသမီးဝတ်စုံမှာ >> အင်္ကျီကို အဖြူရောင်၊ Vသဏ္ဍာန် လည်ဝိုက်၊ ရင်စေ့၊ ကြိုးငါးချောင်းတပ်ရန်၊ လက်ရှည်၊ အောက်အနားအနည်းငယ်ပိုရှည်ရန်၊ ထမီ မှာ အနီရောင်ခံ၊ ကြက်ခြေခတ်အနက်ကွက်၊ ရောင်စုံအစင်းပတ်(6)လက်မ၊
အနီရောင်နှင့်အဖြူရောင်ယှက်ထားေ သာ ဗြောင် 15 လက်မအောက်ဆုံးအနား၊
အနီခံအနက်ကွက် 21လက်မ၊ ရောင်စုံအစင်း 6လက်မ၊ အနီဖြူရောင်ဗြောင် 15 လက်မ၊
စုစုပေါင်း 42 လက်မ၊ ထပ်ဆင့်။
တက်ရောက်သူအားလုံးက ၀တ်စုံအားအတည်ပြုသတ်မှတ်ပြီး အစည်းအဝေးကိုအောင်မြင်စွာရုပ်သိ မ်းခဲ့သည်။
မွန်ဝတ်စုံကို (10.10.1971)တနင်္ဂနွေနေ့ ရန်ကုန်တက္ကသိုလ် မွန်မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတွင် စတင်ဝတ်ဆင်ခဲ့ကြသည်။
(12.10.1971)ရက်နေ့ ရန်ကုန်သို့ရောက်ရှိလာသော ကမ္ဘာလှည့် ဂျပန်လူငယ်များ ကြိုဆိုတွေ့ဆုံပွဲတွင် ယင်းသတ်မှတ်ထားသော ၀တ်စုံဖြင့် မွန်ကျောင်းသူကျောင်းသားများ သွားရောက်တွေ့ဆုံခဲ့ကြသည်။
(23.10.1971)ရက်နေ့ ရန်ကုန်တက္ကသိုလ်တိုင်းရင်းသားစာ ပေနှင့်
ယဉ်ကျေးမှုဆပ်ကော်မတီများမိတ်ဆက် ပွဲအခမ်းအနားကို မွန်ကျောင်းသူကျောင်းသား၊
ဆရာဆရာမများ အမျိုးသားဝတ်စုံကို တင့်တယ်စွာ ၀တ်ဆင်နိုင်ခဲ့ကြ၏။
ညီရင်းအစ်ကိုများနှင့်မိတ်ဆက်နိုင်ခဲ့ကြ၏။
အစည်းအဝေးမှသတ်မှတ်သောမွန်အမျိုးသားဝတ်စုံမှာ >> အင်္ကျီအတွင်း ရှပ်အင်္ကျီယူပြီး အပြင်တိုက်ပံအတွက် အဖြူရောင်ပေါ်တွင် တစ်လက်မကွာ အနီတစ်ကြောင်း၊ လည်တွင် လက်မ၀က်ခန့်ဗျက်ချုပ်မည်။ လက်ကိုမခေါက်ပဲဆန့်ထားမည်။
အောက်အိပ်နှစ်လုံးပါမည်။ ကြိုးလေးကြောင်းတပ်မည်။ လျှာမပါချေ။ လုံချည်မှာ အနီရောင်ခံမည်။ အဖြူအကွက်ဖော်မည်။ အောက်ဆုံးအနားအဖြူ 1/4 လက်မထားမည်။ အနား၏အပေါ်တွင် အနီကွက်တစ်လက်မခွဲခန့် ပတ်ထားမည်။
အလယ်တွင် နှစ်နံစပ်သဘောဆောင်ရန် အောက်အနားအဖြူအစင်းလက်မ၀က်ခန့် ပတ်ထားမည်။
မွန်အမျိုးသမီးဝတ်စုံမှာ >> အင်္ကျီကို အဖြူရောင်၊ Vသဏ္ဍာန် လည်ဝိုက်၊ ရင်စေ့၊ ကြိုးငါးချောင်းတပ်ရန်၊ လက်ရှည်၊ အောက်အနားအနည်းငယ်ပိုရှည်ရန်၊ ထမီ မှာ အနီရောင်ခံ၊ ကြက်ခြေခတ်အနက်ကွက်၊ ရောင်စုံအစင်းပတ်(6)လက်မ၊
အနီရောင်နှင့်အဖြူရောင်ယှက်ထားေ
တက်ရောက်သူအားလုံးက ၀တ်စုံအားအတည်ပြုသတ်မှတ်ပြီး အစည်းအဝေးကိုအောင်မြင်စွာရုပ်သိ
မွန်ဝတ်စုံကို (10.10.1971)တနင်္ဂနွေနေ့ ရန်ကုန်တက္ကသိုလ် မွန်မောင်မယ်သစ်လွင်ကြိုဆိုပွဲ
(12.10.1971)ရက်နေ့ ရန်ကုန်သို့ရောက်ရှိလာသော ကမ္ဘာလှည့် ဂျပန်လူငယ်များ ကြိုဆိုတွေ့ဆုံပွဲတွင် ယင်းသတ်မှတ်ထားသော ၀တ်စုံဖြင့် မွန်ကျောင်းသူကျောင်းသားများ သွားရောက်တွေ့ဆုံခဲ့ကြသည်။
(23.10.1971)ရက်နေ့ ရန်ကုန်တက္ကသိုလ်တိုင်းရင်းသားစာ
1972ခုနှစ်
တက္ကသိုလ်မွန်ပြက္ခဒိန်တွင်လည်း ယင်းမွန်ဝတ်စုံဖြင့် ၀တ်ဆင်ထားသော
မွန်ကျောင်းသူကျောင်းသားများ၏
ပုံကိုထည့်သွင်းခဲ့ကြသည်။အထက်ေ ဖ်ာပြပါကြိုးပမ်းအားထုတ်မှုတို့ သည်
ရေရှည်ခိုင်မာသော ၀တ်စုံမရှိသည့် မွန်လူမျိုးများအတွက် ၀တ်စုံတစ်စုံ မားမားမတ်မတ်ပေါ်ထွက်လာခဲ့ပါသည်။ မွန်လူမျိုးထုတစ်ရပ်လုံးသည်လည်း တာဝန်သိသိနှင့် မွန်အမျိုးသားဝတ်စုံကို ကျယ်ပြန့်စွာ ၀တ်ဆင်လာရန်ဆောင်ရွက်ခြင်း၊ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း တို့သည် မွန်လူမျိုးများအတွက် မည်မျှတန်ဘိုးရှိသည်။ အကျိုးရှိသည်ကို နားလည်သဘောပေါက်ရန်အထူးလိုအပ်လှ ပါသည်။ ထို့ကြောင့် မွန်အမျိုးသား၊
အမျိုးသမီးများသည် မိမိတို့၏အမျိုးဘာသာသာသနာနှင့်ယဉ်ကျေးမှု အမွေအနှစ်များကို တန်ဘိုးထားကြပါ။ မြတ်နိုးကြပါ။ ခင်တွယ်ကြပါ။ ၀တ်ဆင်ကြပါလို့ တိုက်တွန်းအားပေးစကား ပြောကြားလိုက်ရပါသည်။
ဗညားအောင်မိုး(ဆေးတက္ကသိုလ်)တက္က သိုလ်မွန်မဂ္ဂဇင်း
ဆောင်းပါး မှ ကောက်နုတ်တင်ပြပါသည်။ Banya Htoulay
ရေရှည်ခိုင်မာသော ၀တ်စုံမရှိသည့် မွန်လူမျိုးများအတွက် ၀တ်စုံတစ်စုံ မားမားမတ်မတ်ပေါ်ထွက်လာခဲ့ပါသည်။ မွန်လူမျိုးထုတစ်ရပ်လုံးသည်လည်း တာဝန်သိသိနှင့် မွန်အမျိုးသားဝတ်စုံကို ကျယ်ပြန့်စွာ ၀တ်ဆင်လာရန်ဆောင်ရွက်ခြင်း၊ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း တို့သည် မွန်လူမျိုးများအတွက် မည်မျှတန်ဘိုးရှိသည်။ အကျိုးရှိသည်ကို နားလည်သဘောပေါက်ရန်အထူးလိုအပ်လှ
ဗညားအောင်မိုး(ဆေးတက္ကသိုလ်)တက္က
ဆောင်းပါး မှ ကောက်နုတ်တင်ပြပါသည်။ Banya Htoulay