5/20/2013

နှလုံးသွေးကြောကျဉ်းရောဂါ ဆိုတာ

လူ့ ခန္ဓာကိုယ့်တခုလုံးကို သွေးများရောက်အောင် ကြွက်သားများနဲ့ ပြုလုပ်ထားသော နှလုံးသာဖြစ်ပါတယ် ဒီနှလုံးသား င်္ါအလုပ်လုပ်လို့ရအောင် အင်အားပေးဖို့ သွေးလိုအပ်ပါတော့တယ် ။ လိုအပ်သည့် သွေးများ သွားဖို့အတွက် သွေးကြောတွေလိုပါတယ်။ အဓိက အနေဖြင့် ပြောရရင် နှလုံးသွေးလွှတ်ကြော သုံးချောင်းရှိတယ်။

ဒီသွေးကြောတွေရဲ့ အတွင်းဆုံးအလွှာအောက်မှာ တဖြည်းဖြည်းနဲ့ အဆီတွေ ဖုံးလာပြီး သွေးကြောလေးများ ကျဉ်းသွားခြင်းဖြစ်တယ်။ ဒါကြောင့် အဲဒီလူဟာ ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်ဘဲ ပိုပြီးပြင်းထန်တဲ့ အလုပ်လုပ်လိုက်ရင် ရင်ဘတ်ထဲက အောင့်တက်လာပြီး အသက်ရှုရင်နဲ့  ရင်ကျပ်လာတယ်။မျက်လုံးတွေပြာလာတတ်ပြီး မောလာတယ်။ တချို့ဆိုရင် နှလုံးသွေးကြော လုံးဝပိတ်သွားပြီး ရုတ်တရက် သေဆုံးသွားတတ်ကြပါသည် ။

ဖော်ပြမည့် လုပ်ဆောင်တတ်သူတွေနဲ့  ရောဂါရှိသူတွေသာ အထူးသဖြင့် ဖြစ်တတ်ကြပါတယ် ဆေးလိပ်သောက်တဲ့သူတွေ၊ ဆီးချို၊ သွေးချိုရောဂါရှိတဲ့သူတွေ၊ အ၀လွန်တဲ့သူတွေ အထူးသဖြင့် ခန္ဓာကိုယ် အလယ်ပိုင်းအ၀လွန်တဲ့သူတွေ ၊ ထိုင်တာများပြီး မိမိကိုယ်ခန္ဓ်ာလှုပ်ရှားမှုနည်းသူတွေ၊ မျိုးရိုးထဲမှာ နှလုံးသွေးကြောကျဉ်းရောဂါ ရှိဖူးတဲ့သူတွေ မှာ ဖြစ်နိုင်ချေရှိပါတယ်
ဖော်ပြခဲ့သည် ရောဂါဖြစ်စေတတ်သူ လူတစ်ယောက်ဟာ အချိန်မရွေး နှလုံးသွေးကြောကျဉ်းရောဂါကို ခံစားရနိုင်ပါတယ်။ ထို ရောဂါဖြစ်နေသူသည့် လှေကားအမြင့်တက်တက်ခြင်း ၊ အားသွန်ခွန် စိုက်ပြီး လုပ်ရတဲ့အလုပ် တစ်ခုခုလုပ်တဲ့အခါမှာ ရုတ်တရက် ရင်ဘတ်အောင့် ဝေဒနာခံစားရတတ်ပါ တယ်၊ နားနေတဲ့ အချိန်မှာလည်း နှလုံး အောက့်ခြင်း ခံစားရနိုင်ပါတယ်။

အခုလို့ နှလုံးသွေးကြောကျဉ်းရောဂါကိုခံစားနေရတာကို သိရှိနိုင်ဖို့  အီးစီဂျီ နဲ့  စစ်ဆေးလုပ်ပေးသင့်ပါတော့တယ် ၊ ဒီထက်ကောင်းမွန်ခြင်းကတော့ နှလုံးသွေးကြောအတွက် အထူးဓါတ်မှန်ရိုက်ခြင်း ( Angiogtam ) နှင့် အဏုမြူဓာတ်ရောက်ခြည်နှင့် နှလုံးကို ဓါတ်မှန်ရိုက်ခြင်းတို့ ဖြစ်ပြီး နှလုံးသွေးကြောကျဉ်းသော်လည်း သွေးကြောပိတ်သည်အဆင့်ထိ မရောက်သေးခင်အချိန် ၊ သွေးကြောစတင်ပိတ်ခါက အချိန် နှင့် သွေးကြောလုံးဝပိတ်သွားရသည် အဆင့်ပေါ် စစ်ဆေးချက်အပေါ်မှုတည်ပြိးဆေးဝါးနှင့် ကုသခြင်းကို လုပ်ဆောင်ရပါတော့သည် ၊
သွေးကြောတွင် ပိတ်ဆို့ ခဲနေသော နေရာကို အရည်ဖျော်ကြည့်ခြင်း ၊နှလုံးသွေးကြောထဲကို ပိုက်သေးသေးလေးထည့်သွင်းပြီး ဘောလုံးလေးသွင်းလိုက်ကာ ချဲ့ ကြည့်ခြင်း ၊ နှလုံး သွေးကြောနံရံတွေကို ထောက်ကန့် တားနိုင်သည့် ငြမ်းထည့်ပေးခြင်း တို့ ဘဲဖြစ်ပါတော့သည် ဒီလို့ ရောဂါသည်တို့ သည် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ကုသမှုကိုခံယူရပါလိမ့်မည်း။

နေ့စဉ်ဘ၀ နေထိုင်စားသောက်မှု အလေ့အကျင့် ပြောင်းလဲရပါမယ်။ မကောင်းတဲ့ ကစီဓာတ်လျှော့စားရပါမယ်။ ကောင်းသောကစီဓာတ်ဖြစ်တဲ့ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေ စားရပါမယ်။ အထူး သဖြင့် အသီးအရွက် များများစားရပါမယ်။ သိပ်သည်းစများပြီး အဆီဓာတ်များတဲ့ အစားအစာတွေ (ဥပမာ-နေကြာစေ့ဆီ၊ နှမ်းဆီ) စားပေးရပါမယ်။

သိပ်သည်းဆနည်းတဲ့ မကောင်းတဲ့အဆီများ လျှော့စားရပါမယ်။

 (ဥပမာ-တိရစ္ဆာန်မှရသောအဆီ) ဆေးလိပ်သောက်ရင် ဆေးလိပ်ဖြတ် ရပါမယ်။ ကိုယ်ကာယ လေ့ကျင့်ခန်း နေ့စဉ်မှန်မှန် လုပ်ရပါမယ်။ 
(ဥပမာ- နေ့စဉ်နေ့ တိုင်း နာရီဝက်ခန့်လောက် မဖြစ်မနေ လမ်းလျှောက်ပေးခြင်း) အထူးသဖြင့် ဆီးချို၊ သွေးချိုရောဂါများ ဖြစ်ခဲ့လျှင်တော့ ထိထိရောက်ရောက်ကုသခြင်းကို ခံယူရပါလိမ့်မည် ။

Mg Mandalay