5/22/2013

ဂေါက် ရောဂါအကြောင်း

Gout ရောဂါ ဟာ သွေးထဲမှာ Uric acid များလို့ ဖြစ်တာပါ။ 
Uric Acid တွေဟာ အနည်ကျသွားပြီး Crystal အဖြစ်သို့ ပုံစံပြောင်းသွားပြီး(အများစုက) ခြေမ မှာသွားစုပါတယ်။
 အဲလိုသွားစုတဲ့ အခါ ခြေမ ကအဆစ်တွေကိုက်ခဲပြီးရောင်ရမ်းလာပါသည်။
 အခြားသောအဆစ် (အနည်းစု) တွေမှာလဲသွားစုတတ်ပါသေးတယ်။ 
ယင်းတို့မှာ ခြေဖနောင့်၊ ဒူးဆစ်၊ လက်ကောက်ဝတ် နှင့် လက်ချောင်းလေးတွေဖြစ်ပါတယ်။ 

Acute (နာတာရှည်မဟုတ်သော၊ ရုတ်တရက် အသည်းအသန်ဖြစ်သော) နှင့် Chronic (နာတာရှည်) ဆိုပြီး နှစ်မျိုးရှိပါသည်။ 

Acute ကတော ဆေးသောက်လို့ပျောက်နိုင်ပြီး။ Chronic ကတော့ အဆစ်တွေကို စားသွားတဲ့ အတွက် ကုသမှုက ခွဲစိတ်ဖို့ လိုအပ်နိုင်ပြီး ကုသချိန်ကြာမြင့်မှာဖြစ်ပါတယ်။
 ရောဂါဖြစ်ရတဲ့ အဓိက အကြောင်းအရင်းကတော့ Uric Acid များလို့ဖြစ်တာဖြစ်ပြီး ။
 Uric acid ကို Normal Level အထိလျှော့ချနိုင်လျှင် ရောဂါ ပျောက်ကင်းမှာဖြစ်ပါတယ်။

 Uric acid များစေသော အစာများကို လျှော့စားရမှာဖြစ်ပြီး။ ၄င်း တို့မှာ ကလီစာ၊ မှို၊အသားဓါတ်များသော အစာများ၊ အဆီများသော အစာများ (Uric acid ကိုခန္ဓာကိုယ်က ဖယ်ထုတ်နိုင်စွမ်းကို ကျဆင်းစေခြင်း)၊ အရက်၊ ဘီယာ တို့ဖြစ်ပါသည်။
 ရေများများသောက်ရန်နှင့်၊ လတ်ဆတ်သော အသီးဖျော်ရည်များကိုသောက်သုံးလျှင် လည်းရောဂါဖြစ်နိုင်စွမ်းကို လျှော့ချနိုင်မည်ဖြစ်ပါသည်။
 (Dr. Sun)
from-Medical Knowledge - ဆေးပညာဗဟုသုတ