skip to main |
skip to sidebar
4/12/2013
Dim
၁. ၀က်မှာ ချွေးဂလင်း မရှိပါဘူး။ ချွေးဂလင်း (Sweat Gland) မှ
ချွေးထုတ်ခြင်းဟာ (one of excretory system) အညှစ်အကြေးစွန့်ထုတ်မှုစနစ်
တစ်ခုဖြစ်ပါတယ်။ ဒါဆိုရိုးရိုးလေးပဲ တွေးကြည့် ရအောင် ..
အညစ်အကြေးစွန့်ထုတ်မှု မရှိတော့ အညစ်အကြေးတွေစုနေတယ်ဆိုတဲ့သဘောပါ။
၂.ဘက်တီးရီးယားပိုးတွေ အင်မတန်ကြိုက်တဲ့နေရာတွေဖြစ်တဲ့ ရွှံ့နွံလိုနေရာမျိုးမှာ နေတာဖြစ်တဲ့ အတွက် ၀က်ဟာကျန်းမာရေးအရစားသုံးသင့်တယ်လို့ဘယ်လိုမှမြင်နိုင်စရာအကြောင်းမရှိပါ။
အရသာဘက်ကစဉ်းစားမယ်ဆိုရင်တော့အဆီများ၊ ချွေးထုတ်နိုင်ခြင်းမရှိတဲ့အတွက် အရသာ ဟာ လေးလေးပင်ပင်နဲ့ စားကောင်းမယ့် သဘောမှာရှိပေမယ့်၊ကျနော်တို့ဟာပါးစပ်အရသာ အတွက်ပဲ စဉ်းစားမှာလား..ကျန်းမာရေးအရစဉ်းစားမှာလားလို့ပဲ ကျနော်ပြန်မေးပါရစေ။
နောက်ပြီး ၀က်သားဟာ အခြားအသားတွေထက် ( လူတွေအတွက် အဖြစ်အများဆုံးနဲ့ ကြောက် စရာကောင်းဆုံးရောဂါတွေဖြစ်တဲ့) ကျောက်ကပ်၊ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါ အဖြစ်များစေပါတယ်။
*သွေးတိုးရောဂါဖြစ်တဲ့သူတိုင်း ၀က်သားမစားပါဘူး၊ ဒါပေမယ့် ၀က်သားစားတဲ့သူတိုင်း(နောင်တချိန်မှာ) သွေးတိုးရောဂါဖြစ်စေပါတယ်။*
၃.၀က်မှာအဆိုးဆုံးက(Hook/TapeWorm) တွေပါ...အဲဒီတုပ်ပြားကောင်တွေဟာအင်မတန်ပြင်းပါတယ် ဆိုတဲ့ အစာအိမ်ထဲက အက်ဆစ်တွေကိုတောင် သူတို့ပြန့်ပွါးဖို့အတွက် သုံးချနိုင်ကြတယ်။ ဘယ်လိုလည်းဆိုရင်တုပ်ပြားကောင်တွေဟာအစာအိမ်အူလမ်းကြောင်းထဲကိုဝင်တဲ့ချိန် သူတို့ဟာ အစာချေရည်ကိုခံနိုင်တဲ့အကာအကွယ် (encystedform)ပုံစံမျိုးနဲ့ဝင်ပြီး။ ခေါင်းပိုင်းမှာရှိတဲ့ချိတ်နဲ့အူနံရံကိုတွယ်ထားနိုင် ပါတယ်။
၎င်းတို့ဟာ အစာချေမှုစနစ်မရှိပါဘူး.. အာဟာရတွေကို အစာအိမ်ကနေ၄င်းတို့ခန္ဓာကိုယ်ထဲကိုတိုက်ရိုက်စုပ်ယူတာဖြစ်တယ်။ အနည်းဆုံး ၆ ပေကနေ ၂၅ ပေ ( အချို့နေရာမှာ ၅၅ ပေ) အထိရှည်တဲ့ဒီလိုကပ်ပါးကောင်ဟာလူတွေရဲ့အူလမ်းကြောင်းထဲမှာ နေမယ်ဆိုရင်၊ နေခွင့်ပေးမယ် ဆိုရင်တော့ အာဟာရပြတ်လပ်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေပါတယ်။
၎.တုတ်ပြားကောင်တွေဟာအခြားတုတ်ကောင်သန်ကောင်တွေနဲ့မတူတာ၊သူတို့တွေကို ဆေးနဲ့ သတ်နိုင်တယ်ထားဦးအူလမ်းကြောင်းမှာ
ချိတ်ထားတာဖြစ်တဲ့အတွက် တောရုံတန်ရုံနဲ့ မပြုတ်နိုင် ပါဘူး...
ပုပ်ပွပျက်စီးတော့မှသာ ပြုတ်ကျသွားတာဖြစ်လို့
ကိုယ့်အူလမ်းကြောင်းထဲမှာအဲဒီလိုပုပ် ပွနေတဲ့ပစ္စည်းရှိတဲ့ဆိုးကျိုးကိုလည်း ခံစားရဦးမှာဖြစ်ပါတယ်။
၅. တုတ်ပြားကောင်တွေဟာ အပူချိန်ခံနိုင်မှုအရမ်းမြင့်ပါတယ်.. သူတို့ရဲ့အပူချိန်ခံနိုင်မှုဟာဝက်သားကိုတူးနေအောင်
ကျော်ချက်တယ်ဆိုရင်တောင်မှ အဲဒီတုတ်ပြားကောင်ဟာ
မသေနိုင်ပါဘူး...(၀က်သားထဲမှာ ရှိနေချိန်ဟာ သားလောင်းအဆင့်ဖြစ်ပါတယ်)
၆. ၀က်ဟာ သူတို့မှာ သတ်သတ်မှတ်မှတ်အစာရယ်လို့မရှိပါဘူး…
ဒါကလည်း သူတို့ကို ကျွေးသမျှ.. ဘာဖြစ်ဖြစ်အကုန်စားကြပါတယ်။ ဥပမာ -
ပြောရရင်၊ ၀က်သားကျွေးရင်တောင် ပြန်စားပါတယ်။
(ဒါကလည်းကျနော့်အဖေနဲ့သူငယ်ချင်းတွေစုပေါင်းစပ်ပေါင်းလုပ်ထားတဲ့ငါးကန်က အစောင့်အလုပ် သမားက သူမွေးတဲ့ဝက်ကို ကျွေးမွေးနေတာတွေ့လို့ပါ)အစုံစားတာဖြစ်လို့ ရောဂါပိုးတွေလည်း အစုံဝင်နိုင်တဲ့သဘောမှာရှိပါတယ်။
(၀က်သားကို မစားသင့်တဲ့အကြောင်း စိတ်ဝင်စားလို့ ဖတ်မိရင်း တွေ့တာနဲ့ ပြန်share လိုက်ပါတယ်။ )
post by နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6
note&photo credit to original uploader
copy via myanmarmedicine