အရေပြားလေးဖက်နာ
SLE (Systemic Lupus Erythematosus) ဆိုတာ ခန္ဓာကိုယ်ရဲ့ ခုခံပစ္စည်းတွေက
မိမိခန္ဓာကိုယ် မှာရှိတဲ့ အင်္ဂါအဖွဲ့အစည်းတွေကို မှားယွင်းပြီး
တိုက်ခိုက်တဲ့အတွက်ကြောင့် လူရဲ့ အရေပြားနဲ့ အဆစ်တွေမှာ ထိခိုက်မှုတွေ
ဖြစ်ပေါ် သောရောဂါ ဖြစ်ပါတယ်။
ဆံပင်တွေလည်းကျွတ်တယ်။ အိပ်ရာထရင် ခေါင်းအုံးမှာ ဆံပင်တွေကျွတ်ပြီး အများကြီးကျန်ခဲ့တယ်။ ပြီးတော့ အနာတွေလည်းပေါက်တယ်။
မျက်နှာပေါ်မှာ အကွက်တွေပေါ်လာတယ်။ နှာခေါင်းပေါ်နဲ့ ပါးနှစ်ဖက်ပေါ်မှာ
အနီရောင် အကွက်တွေ ပေါ်လာပြီး လိပ်ပြာပုံသဏ္ဍာန် Butterfly Rash ဖြစ်နေတယ်။
နေရောင်ခြည် ထိရင် ပိုဆိုးတယ်။ အမှန်တကယ်တော့ မျက်နှာတင်မဟုတ်ပါဘူး
ခန္ဓာကိုယ်တစ်ခုလုံး နေရောင်ခြည်နဲ့ ထိတွေ့တဲ့ နေရာတွေ အကုန်လုံး
အနီရောင်အကွက်တွေ ပေါ်လာတယ်။ အဆစ်တွေကိုလည်း ထိပါတယ်။
အဆစ်တွေက ရောင်တာနည်းပြီး ကိုက်ခဲတာပိုများတယ်။
ဦးနှောက်တို့၊ အဆုတ် အမြှေးပါးတို့ကိုလည်း ထိခိုက်နိုင်ပါတယ်။
ကျောက်ကပ်ကိုလည်း ထိခိုက်နိုင်ပါတယ်။
မိန်းကလေးတွေ အဖြစ်များတယ်။ အသက်(၂၀)နဲ့ (၅၀)ကြား၊ အဖြစ်များတယ်။
ရောဂါရဲ့သဘာဝက လုံးဝအရှင်းပျောက် သွားခြင်း မရှိဘဲ သက်သာလိုက်၊ ပြန်ဖြစ်လိုက်နဲ့၊ ဖြစ်တက်ပါတယ်။