ထောပတ်သီးစားသုံးခြင်းသည် ကိုယ်ခန္ဓာအတွက်လိုအပ်သော အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်ကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။
ယခုလေ့လာမှုသည် အမျိုးသား ကျန်းမာရေးနှင့် အာဟာရဆိုင်ရာစစ် တမ်း(National Health and Nutrition Examination Survey, NHANES) မှရရှိခြင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်မှ ၂၀၀၈ခုနှစ်အတွင်း လေ့လာခဲ့ သည်။အမေရိကန် နိုင်ငံသား အသက် ၁၉နှစ်အထက်ရှိသူ ၁၇၅၆၇ဦးကို လေ့လာခဲ့သော ယခုလေ့လာမှုတွင် ၃၄၇ဦးသည် နေ့စဉ်ထောပတ်သီးကို စားသုံးပေးသူများဖြစ်ကြောင်းေ ဖာ် ထုတ်နိုင်ခဲ့သည်။ အဆိုပါ ထောပတ် သီး နေ့စဉ် စားသုံးပေးသူများ၏ ကျန်းမာရေးအခြေအနေကို မေးခွန်း များ မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများ ဖြင့်လေ့လာခဲ့သည်။
ထောပတ်သီးနေ့စဉ် စားသုံးသူ များသည် ကျန်းမာရေးနှင့်ညီညွတ်သောစားသုံးမှုပုံစံ အညွှန်းကိန်းဖြစ် သည့် healthy eating index,HEI နှင့်အနီးစပ်ဆုံးသူများဖြစ်လာ ကြောင်း၊ ထောပတ်သီးနေ့စဉ်စားသုံး သူများသည်မစားသုံးသူများထက်နေ့ စဉ်ထောပတ်သီးမှအမျှင်ဓာတ်၃၆%၊ ဗီတာမင်အီး၂၃%၊မက်ဂနီစီယမ် သတ္ထုဓာတ်၁၃%၊ပိုတက်စီယမ် ၁၆%နှင့်ဗီတာမင်ကေ ၄၈%ပိုမိုရရှိ ကြောင်းသုတေသနတွင်ဖော်ပြထား သည်။
ထို့ပြင်ကျန်းမာရေးအတွက် သင့်တော်သောအဆီဓာတ်များကို ထောပတ်သီးနေ့ စဉ်စားသုံးပေးပါက မစားသုံးသူများထက် ၁၈% ပိုမိုရရှိ ကြောင်းလည်းဖော်ပြထားသေးသည်။ ယခုလေ့လာမှုကပြဆိုသော ရလဒ်မှာ ကိုယ်ခန္ဓာဇီဝဖြစ်စဉ် ချို့ယွင်းမှု (metabolic syndrome)ကြောင့်ဖြစ် ရသောလေဖြတ်ခြင်းကိုလည်း ၅၀% လျှော့ချပေးနိုင်ကြောင်းပင်ဖြစ်သည်။
ယခုလေ့လာမှုကို National Nutrition Journal တွင်ပုံနှိပ်ဖော် ပြထားခြင်းဖြစ်သည်။
သန့်စင်
ref:ANI
Health Updates Journal
Vol-2,No-10