2/04/2013

နေ့ လယ်စာစားသုံးချိန် နေက်ကျပါက ပိုမို ဝဖြိုးလာနိုင်


နေ့ လယ်စာစားသုံးသည့်အချိန် နေက်ကျပါက အဆီများက ကိုယ်ခန္ဓာပိုမို ဝဖြိုးလာနိုင် ……

နေ့ လယ်စာစားသုံးသည့်အချိန် နေက်ကျပါက အဆီများက ကိုယ်ခန္ဓာပိုမို ဝဖြိုးလာမည်ဟု အမေရိကန် အဟာရ သုတေသီများက ယမန်နေ့ က လေ့လာတွေ့ ရှိခဲ့ကြောင်း ဖော်ပြသည် ။

အမေရိကန်ပြည်ထောင်စုရှိ ဘော်စတွန် အမျိုးသမီးဆေးရုံးနှင့် မွာချီယာတက္ကသိုလ်မှ သုတေသီများပူးပေါင်းကာ တစ်နေ့ တာစားသုံးမှု အလေ့အကျင့်နှင့် ဝဖြိုးမှု ဆက်စပ်နေပုံကို ရက်သတ္တအပတ်ပေါင်း ၂၀ ကြာဆန်စစ်လေ့လာရာမှ ယင်းအချက်ကို ဖော်ထုတ်သိရှိခဲ့ခြင်းဖြစ်ကြောင်း သုတေသီ ဒေါက်တာ ဖရန့် ရှီယားက ရှင်းလင်းပြောကြားသည် ။

နံနက်စာ စားသုံးမှုပမာဏ နည်းလွန်း၍ဖြစ်စေ ၊ လုံးဝမစားခဲ့၍ဖြစ်စေ နေ့ လယ်စာ စားသုံးချိန်နောက်ကျလေ့ရှိကြောင်း ၊ အခြားသော နောက်ဆက်တွဲဆိုးကျိုးတစ်ခုမှာ ကိုယ်တွင်း အင်ဆူလင် လှုံဆော်မှု လျော့နည်းရာမှ ဆီးချို သွေးချိုရောဂါ ရရှိစေနိုင်ခြင်းဖြစ်ကြောင်း သိရသည် ။
— with Aye Kyithar.