12/08/2012

ပုံတွေကို Effect , frames ဒီဇိုင်းလေးနဲ့အလှဆင်ရအောင်

မိမိတို့ပုံလေးတွေ တောက်ပတဲ့ Fade ၊ ဒီဇိုင်းဆန်းတဲ့ frames ၊ အရမ်းလှတဲ့ Colors ၊ ပြီးတော့
ဒီဇိုင်းဆန်းဆန်းလေးလုပ်လို့ရတဲFun & Art စတဲ့ပုံစံဒီဇိုင်းမျိုးစုံနဲ့မိမိတို့ရဲ့ပုံလေးတွေကို
အလှဆင်ရအောင်နော် သူငယ်ချင်းတို့လည်းကြိုက်မယ်ထင်ပါတယ် မသိသေးတဲ့သူငယ်ချင်းများအတွက်ပါ
ဒီနေရာကို သွားကြည့်လိုက်ရအောင်

ပုံလေးအလှဆင်နိုင်အောင်လို့ အောက်မှာပုံနဲ့တကွရှင်းပြထားပါတယ်နော်
(1)  အရင်ဆုံး ကိုယ်ကြိုက်တဲ့ပုံစံဒီဇိုင်းလေးကိုအရင်ရွေးလိုက်ပါ
(2)   ဘယ်ဘက်ခြမ်းမှာ colors ကို တွေ့ရပါလိမ့်မယ် အဲဒါက ပုံရဲ့နောက်ခံကိုအရောင်ပြောင်းပေးဖို့ပါ
(3)  Colors ရဲ့အောက်မှာ Texture ကိုတွေ့ရပါလိမ့်မယ် အဲဒါက ပုံရဲ့ နောက်ခံဒီဇိုင်းကိုကြိုက်တဲ့ပုံပြောင်းဖို့ပါ
(4)  ပြီးရင် ပုံလေးရဲ့အပေါ်မှာ Add Text လေးကိုတွေ့ရပါလိမ့်မယ် အဲဒါက ပုံလေးအတွက်စာတခုခုရေးပါ
(5)  Color & Contrast က ပုံလေးရဲ့အလင်းအမှောင် အသားအရောင်ကိုချိန်ဖို့ပါ အဲဒါလေးကိုနှိပ်လိုက်ရင် ချိန်ရမဲ့ပုံစံ ၄ ခုတွေ့ရပါလိမ့်မယ် အပေါ်နှစ်ကြောင်းက အလင်းအမှောင်အတွက်ပါ အောက်နှစ်ကြောင်း
က ပုံရဲ့အသားအရောင်အတွက်ပါ