12/07/2012

အသက်ကြီးသူများတွင် အဓိကလျော့နည်းတတ်သော အာဟာရဓာတ်များ

ဒီနေ့ခေတ် ကမ္ဘာကြီးကို သက်ကြီးကမ္ဘာ (Ageing World)လို့ တင်စားခေါ်ဝေါ်လာကြပါတယ်။
ဥရောပမှာ လူဦးရေရဲ့ ၂၀ရာခိုင်နှုန်းဟာ အသက်ကြီးသူတွေဖြစ်လာနေပြီး ၂၀၂၀ မှာဆိုရင် ၂၅ ရာခိုင်နှုန်းအထိရှိလာ လိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်းထားပါတယ်

အာရှနိုင်ငံတွေမှာဆိုရင်သက်ကြီးရွယ်အိုဦးရေကဥရောပမှာထက်ပိုပြီးတောင်များနေပါတယ်။
အကြောင်းရင်းကတော့ကလေးမွေးဖွားနှုန်းလျာ့နည်းတာ၊ပတ်ဝန်းကျင်သန့်ရှင်းလာတာ၊အာဟာရရှိတဲ့ အစားအစာများလာတာ၊ ဆေးပညာ တိုးတက်ခတ်မီ လာတာတွေကြောင့် ဖြစ်ပါတယ်။

သက်ကြီးရွယ်အိုတွေများလာတာဟာကောင်းမွန်တဲ့ရလဒ်ဆိုပေမယ့် ကျန်းကျန်းမာမာရှိနေဖို့လည်း လိုအပ်နေပါတယ်။
ဒါကြောင့်အသက်ကြီးသူတွေမှာအဓိကလျာ့နည်းတတ်တဲ့အာဟာရဓာတ်တွေနဲ့ပါဝင်တဲ့အရင်းအမြစ်တွေကို အဓိကစားသုံးနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။သွပ်ဓာတ်
သွပ်ဓာတ် ပေါကြွယ်ဝတဲ့ အစားအစာတွေက အဆီနည်း အမဲသား၊ အသည်း၊ ဥအမျိုးမျိုး၊ ပင်လယ်စာ၊ ဝက်သား၊  အခွံမာသီး၊ အခွံချွတ်မထားတဲ့ကောက်နှံတစ်ခုလုံး၊ ဂျုံစေ့အဆန်နဲ့ ပဲ စတာတွေဖြစ်ပါတယ်။

၂။ကယ်လ်စီယမ်ဓာတ်
ကယ်လ်စီယမ်ဓာတ် ပေါကြွယ်ဝတဲ့ အစားအသောက်တွေက နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ကယ်လ်စီယမ် ဖြည့်ထားတဲ့ ပဲနို့၊ အရိုးပါစားလို့ရတဲ့ ဆယ်လ်မွန်ငါး၊ ပဲ၊ ပန်းဂေါ်ဖီစိမ်း စတာတွေဖြစ်ပါတယ်။

၃။မဂ္ဂနီဆီယမ်ဓာတ်
မဂ္ဂနီဆီယမ်ဓာတ် ပေါကြွယ်ဝတဲ့ အစားအစာတွေက အခွံချွတ်မထားတဲ့ ကောက်နှံတစ်ခုလုံး၊ ပင်လယ်စာ၊ ပဲပုပ်စေ့၊ အခွံမာသီး၊ ငှက်ပျောသီး၊ ထောပတ်သီး၊ ပဲ၊ တူနာငါး၊ ဆယ်လ်မွန်ငါး၊ အသား၊ အစေ့အဆန်နဲ့ ဒိန်ချဉ် စတာတွေဖြစ်ပါတယ်။

၎။ဖောလိတ်ဓာတ်
ဖောလိတ်ဓာတ်ပေါကြွယ်ဝတဲ့ အစားအစာတွေက လတ်ဆတ်တဲ့ အစိမ်းရောင် ဟင်းရွက်တွေ၊ ပန်းဂေါ်ဖီစိမ်း၊ လိမ္မော်သီး၊ ထောပတ်သီး၊ အသည်း၊ ပဲနဲ့ အခွံမာသီး စတာတွေဖြစ်ပါတယ်။

၅။ဗီတာမင်ဘီစစ်နှင့်ဗီတာမင်ဒီ
ဗီတာမင် ဘီစစ် ပေါကြွယ်ဝတဲ့ အစားအစာတွေက အသား၊ အသည်း၊ ဥအနှစ်၊ ပဲ၊ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ ကွေကာ စတာတွေဖြစ်ပါတယ်။ ဗီတာမင်ဒီပေါကြွယ်ဝတဲ့ အစားအစာတွေကတော့ ဆာဒင်းငါး၊ ဆယ်လ်မွန်ငါး၊ ငါးကြေးဆီ၊ ဥအနှစ်၊ ထောပတ်၊ ဒိန်ခဲ စတာတွေပဲ ဖြစ်ပါတယ်။

Group Mail