မနုဿပညာရှင်တို့က မွန်၊ ၀၊ ပလောင်လူမျိုးတို့သည် ‘မွန်-ခမာ‘
အနွယ်ဖြစ်ပြီး မြန်မာမြေပေါ်တို့ အဦးစောဆုံး ၀င်ရောက်လာကြသည်ဟု
လက်ခံကြပါသည်။ မွန်-ခမာအနွယ်သည် ‘မောင်းဂုတ်‘ လူမျိုးနွယ်ကြီးမှ
ဆင်းသက်လာသည်ဟု ဆိုသည်။ မောင်းဂုတ် လူမျိုးနွယ်ကြီးမှ ‘သြစတြစ်‘ နှင့်
‘တီဗက်တိုတရုတ်‘ ဟု ကွဲပြားလေသည်။
၎င်းတို့သည် မောင်းဂုတ် အနွယ်ဝင်များဖြစ်ကြသော်လည်း ဒေသတခုအတွင်း
နေထိုင်ကြရာမှ လူဦးရေ တိုးတက်များပြားလာခြင်းကြောင့် မိမိတို့၏ အသက်ရှင်
နေနိုင်ရေးအတွက် နေရာဒေသတခုမှ အခြားတခုသို့ ရေကြည်ရာ မြက်နုရာကို
ရှာဖွေနေထိုင်လုပ်ကိုင် စားသောက်ကြသည်။ ဤသို့အချိန်ကာလ ကြာညောင်းလာသောအခါ
နေထိုင်ရာနေရာဒေသတို့လည်း တခုနှင့် တခု မတူညီသောကြောင့် သြစတြစ်နှင့်
တိဗက်တရုတ်ဟူ၍ ကွဲပြားကြခြင်းဖြစ်၏။ ၄င်း မောင်းဂုတ်လူမျိုးတို့သည်
ရေကြည်ရာ မြက်နုရာရှာကြံ၍ နယ်မြေဒသတခုမှ တခြားတခုသို့
ပြောင်းရွေ့နေကြရာတွင် နေကရွိုတ်လူမျိုးနှင့် အထူးသဖြင့်
ပရိုတိုသြစလွိုက်လူမျိုးများနှ
သြစတြစ် လူမျိုးတို့သည် သြစတြိုနီးရှန်နှင့် သြစတြိုအေရှတစ် ဟူ၍
ယင်းတို့၏ သာသာစကားဖြင့် ခွဲခြားခြင်းဟုဆိုသည်။ သြစတြိုအေရှတစ်တွင်
အိန္ဒိယနိုင်ငံ (အာသံ၊ မဏိပူရ) ရှိခါဆီလူမျိုး။ မုဏ္ဍလူမျိုး (ကိုလ်)၊
ဆန်သာလ်လူမျိုး၊ နာဂဗာရီကျွန်းရှိ နာဂဗာရီလူမျိုးနှင့် အာသံ၊ မြန်မာ၊
အင်ဒိုချိုင်းနားရှိ မွန်ခမာအနွယ်ရှိတို့ ပြောဆိုသော စကားပါဝင်သည်။
(မောင်းဂုတ်) မွန်ဂိုလွိုလ်လူမျိုးနွယ်ကြီး၏ မူရင်းဒေသမှ အာရှတိုက်တွင်
အများဆုံး နေထိုင်ကြပြီး အထူးသဖြင့် အရှတိုင်မြောက်ပိုင်း၊ အလယ်ပိုင်း၊
အရှေ့ပိုင်းနှင့် အရှေ့ တောင်ပိုင်းတို့၌ ပြန်နှံ့နေထိုင်ကြသည်။
ထိုကြောင့် ဗီယက်နမ်၊ ခမာ၊ မွန်၊ ၀၊ ပလောင်(ရိအာန်) မုဏ္ဍ၊ ဆန်သာလ်၊
ခါဆီစသော လူမျိုးတို့သည် မွန်ခမာအနွယ်မှ ပေါက်ဖွားလာသော
အလွန်သွေးနီးစပ်ကြသည် ညီရင်းအစ်ကို မောင်နှမရင်းသားချင်းဟုဆိုရေ
ထိုနည်းတူ မောင်းဂုတ် (မွန်ရိုလွိုက်လူမျိုးနွယ်ကြီး)
တီဗက်တိုဘားမင်းအုပ်စုတွင် ပျု၊ ကမ်းယံ၊ သက်၊ ချင်း၊ ကချင်း၊ ဗမာ၊
ကရင်လူမျိုးဖြစ်သို့လည်းကောင်း ထိုင်းတရုတ်အုပ်စုမှ ရှမ်း၊ ရှမ်းတရုတ်၊
တရုတ်လူမျိုးအဖြစ်သို့လည်းကောင်
သြစတြိုအေရှတစ် အရှတောင်ပိုင်းသို့ မဆင်းသက်မီ တရုတ်ပြည်ယန်စီ
ကန်မြစ်ဝှမ်း ဒေသတွင် မွန်ခမာ လူမျိုးနွယ်အဖြစ် တခုတရုံးတည်း အခြေချ
နေထိုင်လာကြ သည်ဟု ဆိုသည်။ ထိုကြောင့် ယန်စီကျန်မြစ်ဝှမ်းဒေသသည်
မွန်ခမာတို့၏ ဒေသဟောင်း ဖြစ်သည်ဟု ဆိုရပေမည်။ ၄င်းမြစ်ဝှမ်းဒေသသည်
ရာသီဥတု သင့်တင့်မျှတမှုရှိပြီး မြေဆီသြဇာ ကောင်းမွန်ခြင်းကြောင့်
စိုက်ပျိုးရေးလုပ်ငန်းကို စနစ်တကျလုပ်ကိုင်နိုင်သော လူမျိုးဟု ယူဆရသည်။
နှစ်ပေါင်းရှည်ကြာစွာ တစုတရုံးတည်း စနစ်တကျအခြေချနေထိုင်ကြရာတွင်
စိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်ြး
ဖွဲ့စည်းကြကာ ကျေးပြည်၊ ကျေးနယ်ထူးထောင်ကြသည်။ ၄င်း၌
မိမိတို့လူမျိုးများ၏ လူဦးရေများပြား လာခြင်းကြောင့် လည်းကောင်း
အာရှမြောက်ပိုင်းဒေသ၌ ရာသီဥတုဆိုးဝါးမှု ကြောင့်လည်းကောင်းမြောက်ပိုင်း
လူမျိုးနွယ်စုများအစုအပြုံ တိုးဝင်ဆင်းသက်လာခြင်း ကြောင့်လည်းကောင်း
အကျပ် အတည်းနှင့်တွေ့ရသောကြောင့် တောင်ဖက်ပိုင်းသို့
ပြောင်းရွှေ့လာကြရသည်ဟုဆိုသည်။ ထိုသို့ပြောင်းရွှေ့ကြရာတွင်
အင်ဒိုချိုင်းနားဘက်သို့ ဗက်ယက်နမ်ဒေသတွင် ဗီယက်နမ်လူမျိုး၊
ကမ္ဘောဒီးယားဒေသတွင် ခမာလူမျိုး၊ ယိုးဒယားနှင့်
မြန်မာပြည်တောင်ပိုင်းဒေသတွင် မွန်၊ ၀၊ ပလောင်အုပ်စုတို့သည်လည်းကောင်း၊
ဗြဟ္မပုတ္တရမြစ်ကြောင်းအတိုင်း အိန္ဒိယြ့ပည် ဒက္ခီဏ ကုန်းဒေသတွင် မုဏ္ဍလူမျိုး၊
ဘင်္ဂလားနယ်တွင် ဆန်သာလ်လူမျိုးနှင့် အာသံနယ်တွင်
ခါဆီလူမျိုးတို့ကိုလည်းကောင်း အခြေချနေထိုင်သည်ကို တွေ့ရသည်။
မွန်ခမာအနွယ်ဘွား လူမျိုးတို့သည် ဘာသာစကားတမျိုးတည်ဖြစ်သော်လည်း အခြား
ဒေသများသို့ ပြောင်းရွှေ့နေထိုင်အခြေချပြီး ကာလကြာမြင့်စွာခွဲခွါကြခြင်း၊
မူရင်းဘာသာ စကားအပြင် ဝေါဟာရအသစ်များ တိုးတက်များပြားသုံးစွဲ၍
မိမိတို့အနွယ်နှင့် မတူသော ဝေါဟာရများထည့်သွင်းပြောဆိုခြင်
မူလ မွန်ခမာဝေါဟာရကို သုံးစွဲလျက် ရှိသည်ကို တွေ့ရှိရသည်။
ဤအခြေအနေပေါ်မူတည်၍ ဘာသာဗေဒပညာရှင်တို့က လူမျိုးများ ဆင်းသက်လာပုံကို
ဖော်ထုတ်နိုင်ခြင်းဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀)ခန့်ကပင် မွန်ခမာအနွယ်ဝင် မွန်၊ ၀၊ ပလောင်
(ရိအာန်)လူမျိုးတို့သည် တရုတ်ပြည်တောင်ပိုင်း ‘ ယန်စီကျန်မြစ်ဝှမ်းဒေသ‘
ဆီမှာ တောင်ဖက် သို့ ဆင်းသက်လာကြပြီးလျှင် သံလွင်မြစ်ကြောင်းနှင့်
မဲခေါင်မြစ်ဝှမ်းဆီသို့ ဆင်းသက်ကြပြီး တိုင်းပြည်တောင်ပိုင်းမဲနမ်မြစ်
ဝှမ်း၌ မွန်လူမျိုးစုဦးဆောင်၍ ဒွါရာဝတီပြည်ကို ထူထောင်ကြ သည်။ မွန်၊ ၀၊
ပလောင်အနွယ်ဘွား လူမျိုးတို့ကို ယောနက (ယူနန်) ယောန၊ ယောန်း(ယွန်း)၊
ကြောမ်း (ကြွမ်း) ဟု ဖြစ်ကြောင်းဆိုပါသည်။ ‘ပလောင်‘ တောတိုး
‘ယောလူမျိုး‘ ဟု အဆိုစာရှိလေရာ ယောနတိုင်း (ယူနန်ဒေသ)က
ဆင်းသက်စီးပွားလာသော လူမျိုးဟုဆိုသည်။ ပလောင်တို့သည် မွန်တို့နှင့်အတူ
မြန်မာပြည်အောက်ပိုင်းဒေသ၊ သထုံဒေသ၊ ပဲခူး-တော်ငူဒေသတို့တွင်
အခြေချနေထိုင်ခဲ့ကြောင်း ပလောင်လူမျိုးနွယ်စုတခုဖြစ်သည့်
အခြေချကြောင်း ရမ္မ၀တီဟုအည်တွင်ကြောင်း သရေခေတ္တရာ (ပြည်)ပန်းတောင်းအရပ်
ဒေသသို့ ပြောင်းရွှေ့လာကြကြောင်း၊ ရူမိုင်း (ရူမာည်း)
ရှေ့ဟောင်းရာဇ၀င်တွင်ရှိပါသည်။ ကျန်အစုမှာ တောင်ငူ-ရမည်သင်းဒေသမှ
ရှမ်းပြည်တောင်းပိုင်းသို့ ရွှေ့ပြောင်းကြောင်း ဖော်ပြသည်။ ၀၊
ပလောင်အုပ်စုတစုသည် တရုတ်ပြည်တောင်ပိုင်းဆီမှ မြန်မာပြည်သို့
ရွှေလီမြစ်ကြောင်းနှင့် တပိန်မြစ်ကြောင်းအတိုင်း
မြန်မာပြည်အထက်ပိုင်းတကာင်းဒေသ၊
ရှေ့ပုဂံ(ပေါက္ကံ) ဒေသ။ မင်းဘူး (၆)ခရိုင်ဒေသ၊ ပခုက္ကူ (ယောနယ်)ဒေသ
ဗိသာနိုးဒေသတို့၌ ၀၊ ပလောင်လူမျိုးအနွယ်တစုတို့သည် ဧရာဝတီမြစ်
ကြောင်းအတိုင်း ဆင်းသက်လာပြီး အခြေချခဲ့ကြသည်ဟု ဆိုပါသည်။ နောက်တွင်ကား
မရှေးမနှောင်းပင် ရောက်ရှိလာကြသော ရှေးပျူနှင့်အနွယ်တူလူမျိုးများ
ရောနှောအခြေချ ကြကြောင်း သိရှိရ၏။ နောက်တွင်
ပုဂံပြည်ကြီးကိုထူထောင်ကြရာတွင်
ပါဝင်ကြောင်း ပုဂံကျောက်စာအရ သိရကြောင်း သိရပါ၏။
ပလောင်လူမျိုးတို့သည် ရှေးဦးပျူလူမျိုးတို့နှင့် နီးကပ်စွာအတူ
ယှဉ်တွဲနေထိုင်ပြီး ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာ၊ ရှေးဟောင်းယုံကြည်မှု၊
ရိုးရာပုံပြင်များ။ မျိုးရိုးစဉ်လာခံယူမှု၊ အုပ်ချုပ်မှုစနစ်ကို တူညီစွာ
ခံယူကျင့် သုံးလာခဲ့၍လည်း ပျူလူမျိုးမှ “ပြူ” “ ပလူ” ၎င်းမှ ပလောင်
လူမျိုးဟု အဆိုရှိလေသည်။ ပလောင်၊ ၀ နွယ်တူလူမျိုးတစ်စုတို့သည် တကောင်း
ဒေသဆီမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆင်းသက်လာကြပြီး မြေပြန့်ဒေသဖြစ်သည့်
မတ္တရာ၊ အောင်ပင်လယ် (မန္တလေး) အင်းဝ၊ တောင်ပြုန်း၊ ကျောက်ဆည်ဒေသသို့
ပြန့်နှံ့အခြေချလာပြီး မွန်ခမာအနွယ် မွန်၊ ၀၊ ပလောင်တို့နှင့်
ပြန်ဆုံစည်းကြ၍ ကျောက်ဆည် (၁၁)ခရိုင်ဒေသတွင်
အင်အားကြီးထွားပြန့်နှံ့နေထိုင်
သတို့တွင် ပြန့်နှံ့စွာ အခြေချနေထိုင်သည်ကို သိရှိရ၏။ ထို့ကြောင့် ၀၊
ပလောင်လူမျိုးများ (ရှေးဦး ၀၊ ပလောင်) တို့သည် မြေပြန့်ဒေသများတွင်
အခြေချနေထိုင်ခဲ့ကြကြောင်း မွန်ဂိုတာတာလူမျိုးအုပ်စုတို့နှ
တိုက်ခိုက်ကြရကြောင်း ရန်သူတို၏ နှောက်ယှက် တိုက်ခိုက်ခြင်းကို
ရင်ဆိုင်ကြရကြောင်း၊ မြန်မာအုပ်စုဝင်တို့ အလုံးအရင်းအင်အားကြီးစွာ
ဝင်ရောက်လာကြကြောင်း၊ မွန်ဂိုတာတာနှင့်အတူ မြန်မာအုပ်စုဝင်အနွယ်တို့၏
တိုက်ခိုက်ခြင်း ကြောင်း မွန်ခမာအနွယ်ဝင် မွန်၊ ၀၊
ပလောင်လူ့အဖွဲ့အစည်းဖြိုကွဲ၍ မွန်အုပ်စုတို့ မြန်မာပြည်
အောက်ပိုင်းဒေသတို့၌ အခြေတည်ကြကြောင်း၊ ၀၊ ပလောင်အုပ်စုအနွယ်တို့
ရှမ်းကုန်းပြင် မြင့်(တောင်ပေါ်ဒေသ) ရှမ်းပြည်တောင်ပိုင်းနှင့်
အရှေ့ပိုင်းတို့ ၀င်ရောက်အခြေချကြကြောင်း သိရှိရ၏။
မွန်ခမာအနွယ်ဝင် ၀၊ ပလောင်လူမျိုးတို့သည် တရုတ်ပြည်တောင်ပိုင်း
ယန်ဆီကျန် မြစ်ဝှမ်းဒေသမှ တစ်စုအဖြစ် ထွက်လာကြပြီး တရုတ်ပြည်တောင်ပိုင်း
(တာလီဒေသ) ထန်ချုန်းဒေသနှင့် ယုန်ချန်ဒေသတို့တွင် အခြေချ၍
မြို့ပြပြည်နယ်ငယ်များ ထူထောင်ကြ သည်။ မွန်ဂိုတရုတ်အနွယ်တို့၏ အဆက်မပြတ်
နှောက်ယှက်တိုက်ခိုက်မှု ဒဏ်ကြောင့် “ တာလီဖူးနိုင်ငံတော်(ကောသမ္ဘီပြည်
“ ပျက်ဆီးခဲ့ရသဖြင့် “ ၀ ” အနွယ်ဝင်သည် သံလွင်မြစ် ကြောင်းအတိုင်း
ဆင်းသက်ကြပြီး မြန်မာပြည်သံလွင်အရှေ့ခြမ်းဒေသန
တွင်အခြေချ နေထိုင်ကြကြောင်း တွေ့ရ၏။
တာလီဖူးမြို့ပြနိုင်ငံတော် (ကောသမ္ဘီပြည်) ပြိုကွဲခဲ့ရခြင်းကြောင့် ဝ
နှင့် ပလောင်အနွယ်စု ကွဲထွက်ခဲ့ရပြီး ပလောင်အနွယ်စုမှာ
ရွှေလီမြစ်ဝှမ်းနှင့် သံလွင်မြစ်အကြား တောင်တန်းကြီး များကို ဖြတ်ကျော်၍
မုံးကိုး - ကြူကုတ်လမ်းကြောင်းမှ ကွက်ခိုင်၊ သိန္နီ၊ လားရှိုး -
မိုင်းရယ်သို့ ၀င်ရောက်လာကြသည်။ AD ၁၀ရာစုတွင် ပလောင်အနွယ်စုတစ်ခုမှာ
ရွှေလီမြစ်ကြောင်းအနီး ကျယ်လန့် (နမ့်ခမ်း - မူဆယ်) တွင်
ပြန်လည်စုစည်းကြပြီး မြို့ပြကျေးပြည် (ဒုတိယ ကောသမ္ဘီပြည်) အဖြစ်
ထူထောင်ကြပြန်သည်။ ထို့နောက်တွင် “ ကျယ်လန့်ကျေးပြည်ထွန်း ကားစဉ်တွင်
ပဲခူး - တောင်ငူ - ကျောက်ဆည် ဒေသတို့မှ အင်အားပြိုကွဲလာသည့် မွန်၊ ၀၊
ပလောင်အနွယ်စုအနက်မှ ပလောင်အနွယ်စုသည် မြန်မာပြည်မြောက်ပိုင်းသို့
ဆန်တက်လာ ကြပြီး ရွှေလီချိုင့်ဝှမ်းဒေသရှိ အနွယ်စုတို့နှင့် ပူးပေါင်း၍
တောင်ပေါ်ဒေသ၌ မြို့ ပြကျေးပြည်စုစည်း တည်ထောင်ကြပြန်သည်။ ရာမ၀တီဟုပင်
အမည်တွင်၍ မြို့တော်ကို “ကျကောင်း” (မိန်းကောင်း)ဖြစ်သည်။ ခရိုင်
(၂၉)ခုဖွဲ့စည်း ထားကြောင်းနှင့် ပလောင် မျိုးနွယ်စုများဖြစ်ကြသည်။
(ရူမည်း၊ ရူလျဲန်း၊ ရူကော) တို့၏ မြို့ပြကျေးပြည်ဖြစ်ပြီး စည်ပင်
ထွန်းကားခဲ့၏။ တောင်ပေါ်ကုန်းမြင့်၌ တည်ထားခြင်းကြောင့် ရန်အန္တရာယ်များကို
ခုခံနိုင် ကာကွယ်နိုင်ရန်နှင့် ရန်သူ၏ တိုက်ခိုက်မှု မလွယ်ကူစေရန်ဖြစ်ဟန်
ရှိသည်ဟုရှိသည်။
နေနဂါးမျိုးနွယ်
ပလောင်လူမျိုးတို့သည် အဖ နေနတ်သား အမိ နဂါးမတို့မှ ဆင်းသက်လာသည်ဟု
သတ်မှတ် ယုံကြည် ကိုးကွယ်ကြပါသည်။
ရှေးပလောင်အလံ
ရှေးပလောင်လူမျိုးတို့ အထိမ်းအမှတ်အလံမှာ အပြာရောင်အောက်ခံ၍ ဗဟိုအလယ်တွင်
နေ၀န်းနီလုံးရှိထားပါသည်။
ကိုးကွယ်ယုံကြည်မှု
ပလောင်လူမျိုးတို့ ၉၉ ရာခိုင်းနှုန်းက ဗုဒဘာသာဝင်ကို
ကိုးကွယ်ယုံကြည်ကြပါသည်။ နတ်ကို အနည်းအကျဉ်း၊ ခရစ်ယာန်
အနည်းအကျဉ်းကိုးကွယ်ကြပြီး တောစောင့်နတ်၊ ရွာစောင့်နတ်၊
လယ်စောင့်နတ်တို့ကို ပသပူဇော်သည့် ဓလေ့ရှိပါသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ
ဝန် ခံ ချက်။ ။ လိုအပ်သည်များကိုမြန်မာဝီကီပီယာ
ဖေ့ ဘုတ်စာမျက်နှာပေါ်တွင်..တိုင်း
မှားယွင်းမှုများရှိလျှင်..ခွင်
တိုင်းရင်းသားတိုင်းအားချစ်ကြည်
ရွှေအိမ်စည်
မှော်ဆရာအဖွဲ့ မှကူးယူပါသည်။





