ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ( Knowledges for Health) ခရမ်းချဉ်သီးအနှစ်က ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုပါသလဲ
ခရမ်းချဉ်သီးအနှစ်မှာ
ဗီတာမင် C ၊ ဘီတာကရိုတင်းနဲ့ Lycopene တွေ ပါဝင်တဲ့အတွက်
အရွယ်တင်နုပျိုစေတဲ့အပြင် နာတာရှည်ရောဂါတွေကို ကာကွယ်ပေးပါတယ်။ ဒါ့ပြင်
အရွယ်မတိုင်ခင် အရေပြားမှာ အရေးကြောင်းတွေ ပေါ်အောင်နဲ့ အရေပြားကင်ဆာကို
ကာကွယ်ပေးပါတယ်။
ကြက်ဥစားတာဟာ ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုပါသလဲ
တစ်နေ့ကို ကြက်ဥတစ်လုံးစားပေးတဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေ ၂၄ ရာခိုင်နှုန်းနည်းပါးနေတာကို တွေ့ရပါတယ်။
နံနက်စာ ကြက်ဥတစ်လုံး
ကြက်ဥ အနှစ်က သင့်အတွက် ကောင်းမွန်တယ်လို့  ပိုပြီး သက်သေပြနိုင်ခဲ့ပါပြီ။
လေ့လာ ချက် အသစ်တစ်ခုအရ နံနက်စာမှာ ဥများကို စားခြင်းဖြင့် တစ်နေ့ လုံး အကျိုးရှိရှိ နေနိုင် တယ် ဆိုတာပါပဲ။
နံနက်စာအဖြစ် ကြည်ဥကို စားသော အမျိုးသားများဟာ ပေါင်မုန့်  အကွင်းလိုက် စားသူတွေထက် ၂၄နာရီ အချိန်အတွင်း ကယ်လိုရီ အနည်းငယ်သာ ရကြောင်း တွေ့ ရှိခဲ့ပါတယ်။
ဘာလို့  လဲဆိုတော့ အသားဓာတ်က ကာဗို ဟိုက်ဒရိတ်ဓာတ် စားတာထက် ပိုပြီး ကျေနပ်အားရ ဗိုက်ပြည့်စေပါသတဲ့။
သီချင်းနားထောင်တာဟာ ဘယ်လိုအကျိုးရှိပါသလဲ
စိတ်ညစ်တာတွေ ပျောက်စေဖို့ သီချင်းနားထောင်တာဟာ လေ့ကျင့်ခန်းပြီးရင် ဒုတိယ အထိရောက်ဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဒါပေမယ့် စည်းချက်လိုက်ချင်စရာ ကောင်းလောက်အောင် မြူးကြွတဲ့သီချင်းဖြစ်ဖို့တော့ လိုပါတယ်။
လက်ဖက်စိမ်း လက်ဖက်ရည်ရဲ့ အာနိသင်က ဘာပါလဲ
လက်ဖက်စိမ်း လက်ဖက်ရည်သောက်တာဟာ ကိုယ်အလေးချိန် လျော့ကျစေမယ့် နည်းလမ်းကောင်းတစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုရင် ခန္ဓာကိုယ်ရဲ့ ကယ်လိုရီ လောင်ကျွမ်းစေတဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို အားကောင်းစေတာကြောင့်ပါ။ ဒါကြောင့် ပမာဏအနည်းငယ် သောက်ရင်တောင် စိတ်ကိုလန်းဆန်း စေနိုင်ပါတယ်။

Mg Mandalay
source >>>http://www.facebook.com/