12/06/2012

အဖေနဲ့ သား (ဖတ်သင့်သည်။)

အဖေတစ်ယောက်ဟာသူ့ရဲ့တစ်နေကုန်လုပ်ရတဲ့အလုပ်ကနေပင်ပန်းစွာနဲ့ နောက်ကျမှအိမ်ကိုပြန်လာ
ခဲ့တယ်။ 

သူ့ရဲ့ ၅ နှစ်အရွယ်သားလေးက အဖေ့ရဲ့ အိမ်အပြန်ကို တံခါးပေါက်ကနေ စောင့်နေတယ်။

သား - “ အဖေ... သားတစ်ခုလောက်မေးလို့ရမလား. ..”

အဖေ - “ ရတာပေါ့ .. သားရယ်.. ” 

သား - “ အဖေ .. တစ်နာရီ အလုပ်လုပ်တာ ဘယ်လောက်ရလဲ ” 

အဖေ - “ ဒါ.. သား အလုပ်မဟုတ်ပါဘူးကွာ...... ”

သား - “ ကျေးဇူးပြုပြီးတော့ .. သားကိုပြောပြပါ... အဖေ”

အဖေ - “ အဖေ တစ်နာရီ အလုပ်လုပ်တာ ဒေါ်လာ 20 ရတယ် သားရဲ့...”

သား - “ ဒါဆို .. အဖေ ..သားကို ဒေါ်လာ 10 ချေးပေး ” 

အဲ့ဒီလို ပြောလိုက်တဲ့အချိန်မှာပဲအဖေဟာစိတ်ဆိုးဆိုးနဲ့သူ့ရဲ့သားကို အော်ပြီးအိပ်ယာဝင်ဖို့

 ပြောလိုက်ပါတယ်။ 

ဒါနဲ့ သူ့ရဲ့သားဟာ မျက်နှာလေးညှိုးနွမ်းစွာနဲ့ သူ့ရဲ့ အခန်းလေးထဲဝင်သွားပြီး တံခါးပိတ်လိုက်ပါတယ်။ 

အချိန်အနည်းငယ်ကြာတဲ့အခါမှာ စိတ်အနည်းငယ်ပြေသွားတဲ့ အဖေဟာ သားရဲ့ အခန်းထဲကို ဝင်လာပြီး .. 

အဖေ - “ အဖေ ကြမ်းတမ်းစွာဆက်ဆံမိတဲ့အတွက် .. ဝမ်းနည်းပါတယ်သားရယ်.... ရော့ .. ဒီမှာ သားအတွက် ဒေါ်လာ 10 .. ဒါနဲ့... ဒီပိုက်ဆံနဲ့ သား ဘာလုပ်မှာလဲ .”

သူ့ရဲ့ သားလေးဟာ ပျော်ရွှင်စွာနဲ့ သူ့အဖေကို ကျေးဇူးအများကြီးတင်ကြောင်း  
ပြောလိုက်ပါတယ် ။


 အဲ့ဒီနောက်မှာတော့ ကောင်လေးဟာ သူ့ခေါင်းအုံးအောက်မှာ ဝှက်သိမ်းထားတဲ့ အကြွေစေ့ လေးတွေကို ထုတ်ရေတွက်လိုက်ပြီးတော့ သူ့အဖေကိုပြောတယ်...

သား - “ အဖေ . အခု သားဆီမှာ ဒေါ်လာ 20 ရှိသွားပြီ.. အဲ့ဒီပိုက်ဆံနဲ့ သား အဖေ့ရဲ့ အချိန်တစ်နာရီဝယ်မယ် ... 


မနက်ဖြန် အိမ်ကို စောစောပြန်ခဲ့ပါ .. အဖေနဲ့အတူတူ သား ညစာစားချင်တယ်...” 

အဲ့ဒီလို ပြောလိုက်တဲ့ အချိန်မှာပဲ .. အဖေဟာ မျက်ရည်ကျပြီးတော့ သူ့သားကို ပွေ့ဖက်လိုက်ပါတော့တယ်...။