မိန်းကလေးစကားတစ်ခွန်းကြောင့်ယောက်ျားတစ်ယောက်ရဲ့ဆုံးဖြတ်ချက်ကိုပြောင်းနိုင်တယ်
မိန်းကလေးတစ်ယောက်ရဲ့မာယာရယ်
နုတ်ထွက်စကားတစ်ခွန်းရယ်ပေါင်း
လိုက်ရင် ယောက်ျားတွေဟာ တင်းမာတဲ့
နှလုံးသားတွေတောင် နူးညံ့သွားတော့တယ်။ မဟုတ်ရင် အလွန်တင်းမာသွားတတ်ပါတယ်။
လောကသဘာဝဖြစ်တဲ့နုတ်ထွက်စကားဝစီကံကလည်းလွန်စွာအရေးပါတယ်။
မိန်းမတစ်ယောက်ဟာ
ဟန်ပန်အမူ အရာနဲ့အတူ ရမ္မက်ကို နိုးဆွရင် တော်ရုံတန်ရုံ ဖိုသတ္တ၀ါ ခံနိုင်ခဲ
တယ်လေ။ မိန်းမတစ်ယောက်ရဲ့နှုတ်ထွက် စကားတစ်ခွန်းမှားရင်လည်း
ဒုက္ခရောက်တတ်ပါတယ်။ဒါကြောင့်မိန်းကလေးဆိုတာ
မိမိနုတ်ကထွက်သွားမဲ့စကားတစ်ခွန်းကိုဆိုခဲစေ မြဲစေ ပြောဆိုသင့်တယ်။ အရေမရ
အဖတ်မရ အပြောင်အပျက်စကားမျိုးကို မပြောဆိုသင့်ပါဘူး ။ မိန်းမကောင်းဆိုတာ
အပြောအဆို အနေအထိုင် ကစ ပြီးအစစအရာရာ ဆင်ခြင်နိုင်မှ တန်ကာလောက်ပဲ ကြပါတယ်။
စကားများများပြောတဲ့ အတင်းပြောတဲ့အရေမရ အဖတ်မရပြောတက်တဲ့မိန်းကလေးများကို
ယောက်ျားကောင်းတွေက မရွေးချယ်တတ်ကြပါဘူး။
သာယာချမ်းမြေ့ဖွယ်ကောင်းတဲ့အိမ်ထောင်တစ်ခုကို
တည်ဆောက်မယ်ဆိုရင် ကျမတို့တစ်တွေဟာ အစစအရာရာကို
သတိထားနိုင်မှတော်ကာကြပါတယ်။ မိန်းကလေးဆိုတဲ့ သဘာဝကိုက
နူးညံ့သိမ်မွေ့မူ့ကျက်သရေရှိမူ့ သိက္ခာရှိမူ့ တည်ငြိမ်အေးဆေးမူ့ဆိုတဲ့
ကာဣနြေ္ဒတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားလို့ပါ
ယဉ်ကျေးသိမ်မွေ့တဲ့မိန်းမတစ်ယောက်ဖြစ်ဖို့ ကျမတို့ဟာဘာသာယဉ်ကျေးမူ့ဆိုတဲ့
ထုံးထမ်းတွေနဲ့ ထိန်းချုပ်ထားနိုင်မှ အနေတော်လောက်ဘဲရှိပါတယ်
။ဒီလိုခတ်ခဲမူ့တွေနဲ့ပြည့်ကျပ်နေတဲ့ ကျမတို့ တွေရဲ့ မိန်းကလေး တစ်ယောက်
ဘ၀ကို ဘယ်လိုအကြောင်းတရားနဲ့မှ မပျက်စီးစေသင့်ပါဘူး ၊ ဘာတွေနဲ့မှ
မလဲလှယ်သင့်ပါဘူး နော်။ ဒါကြောင့်ရှေးလူကြီးသူမများက တင်စားပေးခဲ့တာပေါ့
မိန်းမတို့ဣနြေ္ဒရွှေပေးလို့မရလို့ ။
မိန်းမဘ၀ဟာ အသက်နဲ့သာမက
အရှက်နဲ့လည်း ရှင်သန်လူလုပ်ရပါတယ်။ မိခင်လက်ဟာ ကမ္ဘာကိုအုပ်စိုးမဲ့လက်ပါ ။
သားမြတ်သမီးမြတ် တွေကို ပျိုးပေးတဲ့ပျိုးခင်လေးတခုပါ။ လူ့လောကကြီးဟာ
မိန်းမတွေရှိမှ သာတည်မြဲနေမှာ အမှန်ပါ။ မိန်းမ မရှိရင် ကမ္ဘာလည်းမရှိ
ယဉ်ကျေးမူ့လည်းမရှိနိုင်ပါဘူး။ ခိုင်မြဲတဲ့စိတ်ဓာတ်က မိန်းမတွေမှာဘဲ၇ှိတယ်။
မိန်းမမြတ်ဆိုတာ ငွေပေးလည်း မရနိုင်ဘူး
ရွှေခိုင်နဲ့ရိုက်ချိုးလည်းမချိုးလည်း မကျိုး နိုင်တာ မိန်းမပါ ။ သစ္စာ
မေတ္တာ သမာဓိဟာ မိန်းမမြတ်တွေမှာဘဲရှိတယ်။
မိန်းမမြတ်တွေရဲ့
အရည်အသွေးမှာ မိန်းမတော်ဖြစ်ရုံနဲ့မရပါဘူး ။ မိန်းမကောင်းဖြစ်ရတယ်။
မိန်းမမှန်ဖြစ်ရတယ်။ ဒီလိုတော်ခြင်းကောင်းခြင်းတွေမှန်ခြင်းတွေပြည့်စုံမှသာ
မိန်းမမြတ်စာရင်းဝင်နိုင်ပါတယ်။ဒါကြောင့်
မိန်းမတစ်ယောက်ရဲ့နုတ်ထွက်စကားတစ်ခွန်းဟာသိပ်ကို အရေးပါအရာရောက်ပါတယ်။
စကားတစ်ခွန်းကြောင့်လူတစ်ယောက်ကို မသေနိုင်ဘူးလို့တော့ အမိတို့ပေါ့ပေါ့လေး
မတွေးမိစေချင်ပါဘူး ဒီအကြောင်းလေးနဲ့ပတ်သက်လို့ အင်းဝခေတ်က
အများသိတဲ့ရှင်ဘို့မယ်ခေါ် စောဘို့မယ်အကြောင်းလေး ပြောပြချင်ပါတယ်။
ရှင်ဘို့မယ်ဟာတော်ရုံတန်ရုံ
ပါရမီထူးတာမဟုတ်ဘူးနော် မင်းငါးဆက်ကြီးများတောင် တော်ကောက်တော်မူခံ၇တဲ့
မိဘုရားတစ်ပါးပါနော်။ ငါးယောက်ဆက်တိုက်ကြိုက်ဖို့ဆိုတာမလွယ်တဲ့ကိစ္စပါ။
ရှင်ဘို့မယ်ဟာ ရှေးစာတွေအရ အလွန်ချောတယ် လှတယ် လှရုံပဲလားမဟုတ်သေးဘူး
ဟန်ပန်ကကြွကြွရွရွ ပြောရေးဆိုရေးကလည်း ချိုမှချို လူမူ့ရေးဘတ်ကြည
့်အုံးမလား ဟာကွတ်မရှိပြည့်စုံလွန်းလှတယ် ။ နန်းတွင်းရေးမှာလည်း
ခြယ်လှယ်နိုင်တဲ့အထိ သြဇာကြီးမားခဲ့တယ် စာကဆိုထားတယ်လေ။ သူမကို မင်း
ငါးဆက်လုံးကချစ်ခင်တွယ်တာခဲ့တယ်။
ဘုရင်မင်းခေါ်င်ကမြတ်နိုးသလို
သီဟသူက တွယ်တာတယ် ။ မင်းလှငယ်ကမေတ္တာ၇ှိသလို ကလေးကျေးတောင်ညို က
သစ္စာထားခဲ့တယ်။ နောက်ဆုံး မိုးညှင်းမင်းတရားကြီးကလည်း ချစ်မေတ္တာ
မပျက်ယွင်းခဲ့ပါ။ဒီလောက်ကံထူးတဲ့မိဘုရားနော် မင်းငါးဆက်ကြီးများတောင်
နှစ်သက်သဘောကျတော်မူခဲ့တာဆိုတော့ တွေးသာကြည့်ပေါ့နော် ဒီမိဘုရားဟာ
ဘယ်လောက်များတော်လည်း ဆိုတာကိုလေ ။ အင်းဝမင်းဆက် မင်းခေါင်ဟာ
ဟံသာဝတီစစ်ထိုးအပြ်ီး အခြေမလှလို့ ဆင်နဲ့ထွင်ပြေးရာမှာဆင်ပေါ်ကနေ
မိဘုရားကကျခဲ့ရတယ်လေ။ မိဘုရားအဖြစ်ကလည်းဆိုးပါ့နော်။
ဆင်ကဲတစ်ယောက်ကတွေ့လို့မိဘုရားကို ကောက်ပြီးခ်ါလာတယ်။
ဘုရင်အဖြစ်ကလည်းမိဘုရားတောင် မကောက်နိုင်အောင်ပြေးရရှာတာလေ။
ကောက်လာတဲ့ဆင်ကဲကလည်းရိုးရိုးအအ။
လှပပြောပြစ်တောင့်တင်းလွန်းတဲ့မိဘုရားကိုစိတ်နဲ့တောင်မပြစ်မှာဘူး
။ လင့်စင်ပေါ်တင်သိပ်ပြီး သူကမြေပြင်မှာအိပ်ရှာတယ်။ နောက် ရက်တော်တော်
လွန်မြောက်တော့မှ ဘုရင်ဆီကို မိဘုရားအပ်တာပေါ့
။ဘုရင်ကလည်းသူပစ္စည်းပြန်ရတော့ဝမ်းသာရှာတာပေါ့နော်။ဒါပေမဲ့ယောက်ျားတို့ထုံးစံပဲလေ
ဒီလောက်လှတဲ့ချောမောတောင့်တင်းလွန်းတဲ့မိဘုရားနဲ့ဆင်ကဲအပေါ်ကို
စိတ်ကတော့စနိုးစနှောင့်ပဲ။ဖြစ်ချင်တော့
လှပလွန်းတဲ့မိဘုရားရဲ့နုတ်ထွက်စကားတစ်ခွန်းကြောင့်
ပြဿနာအကြီးကြီးဖြစ်သွားတယ်လေ။ ရှင်ဘို့မယ် မိဘုရားကကွမ်းသီးညှပ်ရင်း လက်ကို
ညှပ်မိသွားတော့ အလို ဘုရားရေလို့ တရမဲ့အစား အလို ဆင်ကဲရေတဲ့လေ
ဒီဘာမဟုတ်ဘူးလို့ကိုယ်ထင်ထားတဲ့စကားတစ်ခွန်းကြောင့် မိဘုရားဟာ သူကို
ကယ်ခဲ့တဲ့အသက်သခင်ကျေးဇူး၇ှင်ရဲ့အသက်ကိုပေးလိုက်ရတယ်လေ။ဘုရင်အမြတ်ကအကြောင်းသုံးပါးမရွေးဘူးတဲ့
။ ယောကျာ်းတို့ထုံးစံ သူတို့ကသာ လုပ်ချင်ရာလုပ်မယ်
မိန်းမတစ်ယောက်မှားယွင်းသွားရင် ခွင့်လွတ်နိုင်မူ့စိတ်ထားက မိန်းမတွေကို
မတုမှီနိုင်ပါဘူး။ အဆိုကတော့ ယောက်ျားချစ်ခြင်း ဆံတစ်ချည်မျှင်တင်းတောင်
မခံနိုင်ပါဘူး။
ဒါကြောင့်လေ
မိန်းမတစ်ယောက်ရဲ့နုတ်ထွက်စကားတစ်ခွန်းဟာ
ဘယ်လောက်များအရေးပါအရာရောက်လိုက်သလဲဆိုတာဒီအဖြစ်လေးကို ကြည့် ပါ။
မိန်းမကောင်းမိန်းမမြတ်ဖြစ်ဖို့အတွက် ကျမတို့မှာစကားတစ်ခွန်းကစ
အရေးပါလှပါတယ်နော်။မိန်းကလေးတော်တော်များများဟာ ဘာသာယဉ်ကျေးမူ့ကို
တန်ဘိုးထားရမှန်းမသိတော့လောက်အောင်ကို မေ့ယော့စွာပြုမူနေထိုင်တတ်ကြတယ်လေ ။
စာရေးသူပြောချင်တာက
လေ မိန်းကလေးဆိုတာ သိပ်ကို တန်ဘိုးကြီးလွန်းပါတယ် ။
အလှအတွက်နဲ့မာန်မတက်နဲ့ ဓနဥစ္စာအတွက်လည်းမာန်မတက်ပါနဲ့
ပညာအတွက်နဲ့လည်းမာန်မတက်ကြပါနဲ့
ထိန်းသိမ်းသင့်တဲ့မိန်းမတစ်ယောက်ရဲ့ဣနြေ္ဒသိက္ခာကိုလည
်းဘာနဲ့မှရောင်းမစားပါနဲ့၊ ကိုယ်သာအနေမှန် စကားမှန်ရင်၊
ရွေထက်အဘိုးတန်အမျိုးမှန်ပြီး ဒီမိန်းကလေးကိုမှ မရရင်
မနေနိုင်တော့ပါဘူးအသက်မရှင်ချင်တော့ပါဘူးလို့ဆိုလာမဲ့
ဖိုသတ္တ၀ါတွေကြီးပါလို့။
ကိုယ့်ရဲ့စောင့်စည်းရမဲ့နုတ်ထွက်စကားကိုမစောင့်ထိန်းနိုင်ရင်
ကိုယ့်ကြောင့်ဒုက္ခရောက်သွားနိုင်တယ်ဆိုတာလေးကို သတိချပ်ပြီး အမျိုးမှန်
အဘိုးတန်တဲ့ ဘာနဲ့မှဝယ်လို့လဲလှယ်လို့မရတဲ့မိန်းမကာင်းမိန်းမမြတ်တွေ
ဖြစ်ကြပါစေလို့။
******* တော်ဝင်သော မိန်းမမြတ်လေးများဖြစ်စေချင်သော ဆန္ဒမှန်ဖြင့်*******
တော်ဝင်နှင်းဆီ