သွေးတိုးရောဂါ ကုထုံးကို သင့်မျက်နှာပေါ်မှာပဲ ရှာကြည့်ပါ။
နှာဖျားမှလေကို
ဖြည်းဖြည်းရှည်ရှည်လေးရှူသွင်း၊ရှူထုတ်ခြင်းဖြင့် သွေးတိုးနေတာကို
လျှော့ချနိုင်ပါသတဲ့။
လေကို ဖြည်းညင်းစွာ ရှူသွင်း၊ ရှူထုတ် ၃လ လုပ်ခြင်းဖြင့်
အပေါ်သွေး (နှလုံးကြွက်သား ညှစ်ထုတ် ဖိအား) ၁၁ မှတ်နဲ့  အောက်သွေး (နှလုံးကြွက်သား
ပြေလျော့နေစဉ် ဖိအား) ၇မှတ်ထိ ကျဆင်းစေသတဲ့။
လေကို ဖြည်း ညှင်းစွာ ရှူသွင်း၊ ရှူထုတ် လေ့ကျင့်ပေးခြင်း ဖြင့် သင့်ရဲ့ ပါရာဆမ်ပသက်တစ် နာဗ်ကြောအဖွဲ့ ရဲ့ လှုပ်ရှားမှုအား တိုးပေးလိုက်ပါတယ်။
ထိုနာဗ်ကြောအဖွဲ့ စနစ်က သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းညှိုပေးနိုင်ပါတယ်။
နှာခေါင်း ပေါက်တစ်ဖက်ကို လက်မလေးနဲ့  ပိတ်ပြီး လေကို ၆ စက္ကန့် ကြာအောင် အခြားနှာခေါင်း
ပေါက်မှ ရှူသွင်းလိုက်ပါတယ်။
ပြီးရင် လေရှုသွင်းလိုက်တဲ့ နှာခေါင်းပေါက်ကို
ပြန်ပိတ်ပြီး ယခင်ပိတ်ထားတဲ့ အခြားနှာခေါင်းပေါက်ကို ပြန်ဖွင့်ကာ ၆ စက္ကန်
့ကြာအောင် လေထုတ် ပေးပါတယ်။
ဤလေ့ကျင့်ခန်းကို ပါဝင်ပြုလုပ်တဲ့သူများဟာ တစ်နေ့ လျှင် ၂ကြိမ်နှုန်းဖြင့် တစ်ကြိမ်လျှင် ၁၅ မိနစ်ကြာအောင် လေ့ကျင့် ကြပါတယ်။




