12/07/2012

ကိုယ်ဝန်ဆောင်များမိုဘိုင်းဖုန်းသုံးလျှင်သန္ဓေသားထိခိုက်စေနိုင်

ကိုယ်ဝန်ဆောင် အမျိုးသမီးများ မိုဘိုင်းဖုန်းသုံးလျှင် ဓါတ်ရောင်ခြည်လှိုင်းများကြောင့် သန္ဓေသားထိခိုက်စေနိုင်

သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ ရှိချက်အရ မိုဘိုင်းဖုန်းများအသုံးပြု ခြင်းကြောင့် အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားအား ထိခိုက်စေမည်ဖြစ်ကြောင်း ဖော်ပြသည်။ ရေးစ်တက္ကသိုလ်မှ သုတေသီ များ၏ လေ့လာတွေ့ ရှိချက်အရ ကိုယ်ဝန်ဆောင်ထားသည့် ကြွက်များအား မိုဘိုင်းဖုန်းလှိုင်းရောင်ခြည်များ သင့်စေသော နေရာတွင် ထားသော အခါ မွေးဖွားသော သန္ဓေ သားအား ဦးနှောက်ဖွံ့ ဖြိုးမှုများ ထိခိုက် မှုဖြစ်စေနိုင် သည် ။

မိုဘိုင်းဖုန်း သုံးစွဲခြင်း အပြင် မိုဘိုင်းဖုန်းနှင့် ဝေးသောနေရာတွင်လည်း လှိုင်းရောင်ခြည်များ မသင့်စေရန် နေထိုင်သင့်ကြောင့် ဆေးဘက်ပါရဂူ တစ်ဦးဖြစ်သူ ဒေါက်တာ ဟတ်တေလာက ပြောကြားသည် ။
၂၀၁၁ ခုနှစ်တွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ က မိုဘိုင်းဖုန်းသည် ကျန်းမာရေးထိခိုက်စေနိုင်ပြီး ကင်ဆာဖြစ်နိုင်ကြောင်း သတိပေးချက်ထုတ်ခဲ့သည် ။

ပြင်သစ်နိုင်ငံသည်လည်း ကလေးငယ်များ မိုဘိုင်းဖုန်းသုံးစွဲပါက ထိခိုက်စေနိုင်သောကြောင့် ကြော်ငြာခွင့်ကိုပင် ပိတ်ပင်ထားသည်ဟု သိရသည် ။

http://www.myanmartharkaung.net/2012/11/blog-post_2406.html