ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ် များတဲ့
ကင်ဆာရောဂါတစ်မျိုး ဖြစ်တဲ့အတွက်ကြောင့် တချို့ အမျိုးသမီးတွေဟာ ရင်သား
ကင်ဆာ ဖြစ်မှာကို အလွန်အကျွံ စိုးရိမ်ပူပန် တတ်ကြပါတယ်။ ဒါပေမဲ့
ရင်သားမှာအဖု၊ အကျိတ်၊ အသီး၊ အရည်အိတ်စတာတွေ ဖြစ်ပေါ်တိုင်း
ကင်ဆာဖြစ်ပြီလို့ အလွန်အကျွံ မစိုးရိမ်ပါနဲ့။ ဖြစ်နိုင်တဲ့ အကြောင်းရင်း
တွေက အများအပြားရှိတာကြောင့်ပါ။
အကြောင်းအရင်းများ
ရင်သားမှာ အဖုအကျိတ်ဖြစ်တာဟာ
အဲဒီနေရာမှာ ထိခိုက်ဒဏ်ရာရခြင်း ဒါမှမဟုတ် ကလေးကိုနို့တိုက်ကျွေးနေတဲ့
မိခင်တွေမှာ နို့သီးခေါင်းဝန်းကျင်က အရေပြားမှာ ဒဏ်ရာရတဲ့အခါ
ရောဂါပိုးဝင်ခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံ နို့တိုက်
မိခင်တွေမှာ နို့ပြွန်ပိတ်ဆို့ခြင်းကြောင့်
ရင်သားထဲမှာ ရှိတဲ့ ကင်ဆာ မဟုတ်တဲ့ဆဲလ်တွေရဲ့ ကြီးထွားမှုကြောင့်လည်း အဖု
အကျိတ်တွေ ဖြစ်နိုင်ပါတယ်။ ဒီကင်ဆာ မဟုတ်တဲ့ အဖုအကျိတ်တွေကို Fibroadenoma
လို့ခေါ်ပြီး အများအားဖြင့် မာပြီး အစိုင်အခဲ ဖြစ်နေကာ မနာတတ်ပါဘူး။ အသက်
၃၅ နှစ်ဝန်းကျင် အရွယ်အမျိုးသမီးတွေမှာ အဖြစ်များပြီး တစ်ခါတစ်ရံ
ကိုယ်ဝန်ဆောင်ချိန် အတွင်းမှာလည်း ဖြစ်တတ်ပါတယ်။
ရင်သားအတွင်းမှာ ဖြစ်တတ်တဲ့ အရည်အိတ်တွေကတော့ ပျော့ပျောင်းပြီး
လုံးဝိုင်း နေတတ်ပါတယ်။ ထိတွေ့တဲ့အခါ အရည်အိတ် ကိုယ်တိုင်ကို ရွှေ့ကြည့်လို့
ရပါတယ်။ အများအားဖြင့် ဒီလိုအရည်အိတ်တွေ ကတော့ ရာသီမလာခင် အချိန်ကလေးမှာ
ပိုမို ထင်ရှားလာပြီး ရာသီလာပြီးရင် လျော့သွားတတ်ပါတယ်။
ရင်သားမှာ အရည်အိတ်တစ်ခုထက် ပိုပြီးတော့လည်း ရှိနိုင်ပါတယ်။
ကလေးမွေးဖွားနိုင်တဲ့ အသက်အရွယ် အတွင်းရှိ အမျိုးသမီးတွေမှာ ဒီလိုအရည်အိတ်
ဖြစ်တတ်ပြီး အနည်းငယ် ကတော့ ရင်သားကင်ဆာ ဖြစ်နိုင်ပါတယ်။ ရင်သားမှာ
အဖုအကျိတ် ဖြစ်ရတဲ့ အကြောင်း အရင်းကို တိတိကျကျမသိပေမယ့် မဟော်မုန်း
အီထရိုဂျင်က အရေးကြီးတဲ့ အခန်း ကဏ္ဍက ပါဝင်တယ်လို့ ယုံကြည်ကြပါတယ်။
ကင်ဆာရောဂါကို စစ်ဆေးရန်
နို့တိုက်မိခင် မဟုတ်ဘဲ
နို့သီးခေါင်းမှာ အရည်ဆင်းခြင်းနဲ့ နို့သီးခေါင်းဝန်းကျင်မှာ
ရောင်ရမ်းမှုတွေနဲ့ အတူ ရင်သားတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံးရဲ့
ပုံသဏ္ဌာန်နဲ့ အရွယ်အစားတွေမှာ ပြောင်းလဲမှု တွေ့ရင်တော့ ဆရာဝန်နဲ့
ချက်ချင်းတိုင်ပင် ဆွေးနွေးပါ။ တချို့ အဖုအကျိတ်တွေက အလွန်သေးငယ်တဲ့ အတွက်
အပြင်ကနေ လက်နဲ့စမ်းရုံနဲ့ မသိတာမျိုးရှိနိုင်ပါတယ်။
ဒါကြောင့် သင့်ရင်သားကို ပုံမှန်ဆေးစစ်မှု လုပ်တာက အကောင်းဆုံးပါပဲ။
ရင်သားက အဖုအကျိတ်ကို ဘိုင်အော်စီ (Biopsy)၊ ရင်သားဓာတ်မှန် (Mammogram)၊
အာလ်ထရာဆောင်း ဒါမှမဟုတ် MRI စမ်းသပ်မှုတွေ လုပ်မှသာ ကင်ဆာဟုတ်၊ မဟုတ်
သိနိုင်မှာပါ။
ရင်သားကင်ဆာဟာ သွေးဆုံးပြီး အမျိုးသမီးတွေ၊ မိသားစု မျိုးရိုးမှာ ရင်သား
ကင်ဆာ ရောဂါ ရာဇဝင်ရှိသူတွေ ဒါမှမဟုတ် ရင်ဘတ်နေရာ တစ်ဝိုက်မှာ
ဓာတ်ကင်ဖူးသူတွေမှာ အဖြစ်များတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီလိုရင်သား
ကင်ဆာ ဖြစ်နိုင်ခြေသူတွေ အနေနဲ့ ပိုသတိထားပြီး ကိုယ့်ရင်သားကို
အမြဲစစ်ဆေးနေသင့်ပါတယ်။
ကာကွယ်မှု
ရင်သားကင်ဆာ ကာကွယ်ဖို့ တိကျတဲ့နည်းလမ်း
မရှိပေမယ့် အသီးအရွက်များများ စားတာ၊ အနီရောင် အသားနဲ့ တိရစ္ဆာန်
အဆီတွေနည်းနည်းပဲ စားတာ၊ ဆားလျှော့စားတာ၊ လေ့ကျင့်ခန်း လုပ်တာစတဲ့
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်မှု ပုံစံကို ကျင့်သုံးသူတွေမှာ
ကင်ဆာဖြစ်ပွားမှု လျော့နည်းနိုင်ပါတယ်။
သွေးဆုံးပြီးနောက် အဝလွန်တဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ
ပိုများတဲ့ အတွက် အဝလွန်နေရင် ကိုယ်အလေးချိန် လျှော့ဖို့လည်း
အရေးကြီးပါတယ်။ အရက်သောက်ခြင်းက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို
များစေတဲ့အတွက် အရက်သောက်တတ်ရင် လျှော့သောက်ပါ။ Evening Primrose Oil ကတော့
ရင်သား အရည်အိတ် ဖြစ်တာကို သဘာဝနည်းလမ်းနဲ့ ကာကွယ် ကုသနိုင်တယ်လို့
ယုံကြည် ကြပါတယ်။
Ref: Good Health
12/05/2012
ရင်သားတွင် အဖုအကျိတ်ဖြစ်ပေါ်ခြင်းနှင့် ပတ်သက်၍
12/05/2012
Dim




