အမျိုးသမီးအများစုရဲ့ လက်ဖဝါးနဲ့ ခြေဖဝါးတွေက ဘာကြောင့် အေးစက်နေရတာလဲ
အမျိုးသမီးတွေက အမျိုးသားတွေနဲ့ ယှဉ်ရင် လက်ဖဝါး၊ ခြေဖဝါးတွေက အေးစက်နေလေ့ ရှိပါတယ်။ ဒီလို ဖြစ်ရတာက သွေးလှည့်ပတ်မှု စနစ်ကြောင့်ပါ။ လက်ဖဝါးနဲ့ ခြေဖဝါးဆီသို့ သွေးလှည့်ပတ် စီးဆင်းမှုကို ထိန်းချုပ်ပေးတဲ့ နာ့ဗ်ကြောတွေဟာ အမျိုးသားတွေမှာထက် အမျိုးသမီးတွေမှာ ပိုပြီး ထိလွယ်ခိုက်လွယ် ရှိပါတယ်။ဒါကြောင့် အပူချိန် ကျသွားတဲ့အခါမှာ အမျိုးသမီးတွေရဲ့သွေးကြောတွေက ပိုကျဉ်းသွားပြီး နွေးထွေးတဲ့ သွေးစီးဆင်းမှုက နှေးကွေးသွားတာကြောင့် လက်ဖဝါး၊ ခြေဖဝါးတွေလို ခန္ဓာကိုယ် အစွန်အဖျား နေရာတွေက အေးနေရတာ ဖြစ်ပါတယ်။
အမျိုးသမီးတွေက အမျိုးသားတွေထက် သွေးဖိအားလည်း ပိုနည်းတတ်ပါတယ်။
ဒါကြောင့် အမျိုးသမီးတွေ ချမ်းနေတဲ့အခါ
ဒါမှမဟုတ် စိတ်ဖိစီးမှုများတဲ့အခါမှာ သွေးဖိအားကျပြီး သွေးစီးဆင်းမှုက
ခြေနဲ့လက်တွေဆီကနေ ဖယ်ခွာပြီး နှလုံးဆီကိုပဲ ဦးတည်လေ့ ရှိပါတယ်။
ဒီနေရာမှာ
ကျွမ်းကျင်သူတချို့ ယုံကြည်ကြတာက အမျိုးသမီးတွေဟာ ဖွံ့ဖြိုးနေတဲ့
သန္ဓေသားကို အကာအကွယ် ပေးဖို့အတွက် ဝမ်းဗိုက်မှာပဲ အပူတွေကို
ထိန်းထားဟန်ရှိတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
By Good Health
By Good Health




