ကလေးတွေဟာ သူတို့ကို သိုင်းကြိုးနဲ့ ချီပိုးထားတာကို သဘောကျ
နှစ်ခြိုက်တတ်ပါတယ်။ သင့်ကလေးကို သိုင်းကြိုးနဲ့ ချီပိုးထားတဲ့အခါ ကလေးဟာ
သင်နဲ့နီးကပ်နေပြီး နွေးထွေးမှုနဲ့ လုံခြုံမှုကို ခံစားရတာကြောင့် သဘောကျ
နှစ်ခြိုက်ပါလိမ့်မယ်။
ဒါပေမယ့် ကလေးအသိုင်းထဲမှာ သင့်ကလေးဟာ အန္တရာယ်ကင်းပြီး သက်သောင့်သက်သာ ရှိနေစေဖို့အတွက် သင်သတိထားသင့်တဲ့ အချက်တွေရှိပါတယ်။
အညွှန်းကို သေချာဖတ်ပါ
ဒီနေ့ခေတ်မှာ
ကလေးချီပိုးတဲ့ အသိုင်းတွေကို အဆင်သင့် ဝယ်ယူ အသုံးပြုနိုင်ပါပြီ။
ကလေးအသိုင်းတွေမှာ ဘယ်လို အသုံးပြုရမယ်ဆိုတဲ့ လမ်းညွှန်ချက်တွေ ပါတတ်ပါတယ်။
ကလေးကို အသိုင်းနဲ့ မချီပိုးခင် အညွှန်းကို သေချာဖတ်ပါ။ အသိုင်းကို
ဘယ်လို အသုံးပြုရမယ်ဆိုတာ မသေချာရင် ဆိုင်မှာသေသေချာချာမေးခဲ့ပါ။
ကလေးအသိုင်းကို မှန်မှန်စစ်ဆေးပါ။
ကလေးအသိုင်းဟာ
ကလေးကို အန္တရာယ်ကင်းအောင် ထောက်ပံ့ပေးထားနိုင်ရပါမယ်။ ကလေးကို အသိုင်းနဲ့
မချီပိုးခင်မှာ သိုင်းကြိုး၊ ထိုင်တဲ့နေရာ၊ အိမ်မြောင်ကွင်းစတာတွေကို
ခိုင်မြဲမှုရှိ၊ မရှိ သေချာစစ်ဆေးပါ။
ကလေးက လွတ်လွတ်လပ်လပ် အသက်ရှုနိုင်ပါစေ။
ကလေးအသိုင်းမှအစက
သင့်ကလေးရဲ့ ခေါင်းနဲ့ မျက်နှာကို ဘယ်တော့မှ မဖုံးအုပ်ပါစေနဲ့။
သင့်ကလေးဟာ လွတ်လွတ်လပ်လပ် အသက်ရှုနိုင်ဖို့ အလွန်အရေးကြီးပါတယ်။
ကလေးမျက်နှာကို သင်မြင်ရအောင်ထားရင် ကလေးကို မကြာခဏ လွယ်လွယ်ကူကူ
စစ်ဆေးကြည့်ရှုနိုင်ပါလိမ့်မယ်။ သင့်ကလေးမေးစေ့က သူ့ရင်ဘတ်နဲ့
ထိနေလောက်အောင် အထိ တင်းကျပ်ကွေးကောက်နေရင် အသက်ရှုရတာကို အနှောက်အယှက်
အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ အသိုင်းက ကလေးခေါင်းကို
ထောက်ပံ့ပေးနိုင်သင့်ပြီး ကျောကို ဖြောင့်နေစေသင့်ပါတယ်။
ကလေးကို နမ်းနိုင်တဲ့ အနေအထားအထိ နီးကပ်နေပါစေ။
မှန်မှန်ကန်ကန်
စနစ်တကျ ချီပိုးထားတဲ့ အသိုင်းဟာ သင့်ကလေးကို သင့်လက်မောင်း ထဲမှာ
ချီပိုးထားသလို ပုံစံမျိုး ဖြစ်ရပါမယ်။ ကလေးဟာ သင့်ရင်ဘတ်နဲ့ အံကျဖြစ်ပြီး
သူ့ခေါင်းဟာ သင့်မျက်နှာနဲ့ အတော်အသင့် နီးကပ်နေရပါမယ်။
ကလေးဟာ အလွန်နွေးထွေးမနေတာ သေချာပါစေ။
အသိုင်းနဲ့
ချီပိုးထားတဲ့အခါ သင့်ကလေးဟာ သင့်ခန္ဓာကိုယ်နဲ့ နီးကပ်နေတဲ့အတွက် ကလေးဟာ
အလွန်နွေးထွေးပူအိုက်နေပြီး ရေဓာတ် ခန်းခြောက်တာမျိုးတောင်
ဖြစ်နိုင်ပါတယ်။ ကလေးရဲ့ ကိုယ်အပူချိန်ကို မကြာခဏ စစ်ဆေးပါ။ ကလေးကို
သက်တောင့်သက်သာရှိမယ့် အဝတ်အစားတွေသာ ဝတ်ပေးပါ။
Ref: Good Health
12/10/2012
သင့်ကလေးကို သိုင်းကြိုးဖြင့် ချီပိုးရာတွင်
12/10/2012
Dim




