12/11/2012

ကိုယ်ဝန်ဆောင်စဉ် ငါးများများစားပါက ကလေးမွေးပြီး စိတ်ကျဝေဒနာ ဖြစ်နိုင် ခြေလျော့နည်း

အိုမီဂါ-၃ အဆင့် နည်းတာနဲ့ ကလေးမွေးပြီး စိတ်ကျဝေဒနာ ဖြစ်တာ ဆက်စပ်မှုရှိကြောင်းကို သိပ္ပံပညာရှင် တွေက ဖော်ထုတ်လိုက်ပါတယ်။
အမျိုးသမီးတွေအနေနဲ့ ကလေး မွေးဖွားနိုင်တဲ့ အရွယ်တွေမှာ စိတ်ကျဝေဒနာ ဖြစ်နိုင်ခြေ အမြင့်ဆုံး ဖြစ်ပြီး ကလေးမွေးတာကြောင့် အန္တရာယ်များတဲ့ အမျိုးသမီးတွေမှာ ရော ဂါဖြစ်သွားတတ်ပါတယ်။
ကလေးမွေးပြီး စိတ်ကျဝေဒနာဖြစ် တာဟာ မိခင်ကျန်းမာရေး မကောင်း ရုံသာမက မွေးဖွားလာတဲ့ ကလေးရဲ့ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုမှာပါ ကျဆင်းမှု ရှိသွားတတ်ပါတယ်။
 အမျိုးသမီး အများစုအနေနဲ့ အိုမီဂါ -၃ ကို သတ်မှတ်ထားတဲ့ ပမာဏအတိုင်း မှီဝဲသင့်ပါတယ်။
အိုမီဂါ-၃ ဟာ မိခင်မှ တစ်ဆင့် သန္ဓေသားဆီရောက်ရှိနိုင်ပြီး မွေးကင်းစ ကလေးတွေအတွက်လည်း နို့ရည်မှတစ်ဆင့် ရောက်ရှိသွားနိုင် တာကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ မိခင်ရဲ့ အိုမီဂါ -၃ အဆင့်တွေ ကျဆင်း တတ်ပါတယ်။
 မွေးဖွားပြီး ကလေးနို့ တိုက်နေတဲ့ ခြောက်လတာအချိန်မှာ လည်း အိုမီဂါ-၃ အဆင့် လျော့နည်း တတ်ပါတယ်။
 ဒါကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ အိုမီဂါ-၃ ပမာဏ အလုံအလောက် ရရှိဖို့ လိုအပ်ပါတယ်။

ဒေါက်တာခင်မိုးမိုး