- သင့်ကို အမှန်ပြောစေချင်ရင် သူတစ်ပါးကို လိမ်မပြောနဲ့
- သင့်ကို အကောင်းပြောစေချင်ရင် သူတစ်ပါးကို အတင်းအဖျင်းမပြောနဲ့
- သင့်ကို ချီးမွမ်းစေချင်ရင် သူတစ်ပါးကို မကဲ့ရဲ့နဲ့
- သင့်ကို အကူအညီပေးစေချင်ရင် သူတစ်ပါးကို လျစ်လျူမရှု့နဲ့
- သင့်ကို ကျေးဇူးပြုစေချင်ရင် သူတစ်ပါးကို မတွန့်တိုနဲ့
- သင့်ကို ချစ်စေချင်ရင် သူတစ်ပါးကို မငြူစူ၊ မမုန်းတီးနဲ့
- သင့်ကို ဂရုစိုက်စေချင်ရင် သူတစ်ပါးကို ဥပက္ခာ မပြုနဲ့
- သင့်ကို သနားစေချင်ရင် သူတစ်ပါးကို အညှာအတာမကင်းနဲ့
- သင့်ကို ဦးစားပေးစေချင်ရင် သူတစ်ပါးကို မထောင်လွား မစော်ကားနဲ့
- သင့်ကို အကောင်းဆုံးပေးစေချင်ရင် သူတစ်ပါးကို မကောင်းတာမပေးနဲ့
- သင့်ကို အပေါ်ဆုံးမှာ နေရာပေးစေချင်ရင် သူတစ်ပါးကို ခုတုံးလုပ်တက်မနင်းနဲ့
- သင့်ကို နူးညံ့သိမ်မွေ့စွာ ဆက်ဆံစေချင်ရင် သူတစ်ပါးကို မရိုင်းစိုင်းမမောက်မာနဲ့
- သင့်ကို သစ္စာရှိရှိပေါင်းသင်းစေချင်ရင် သူတစ်ပါးကို နိုင်လိုမင်းထက်မြ့ပုနဲ့
- သင့်ကို ယုံကြည်အားကိုးစေချင်ရင် သူတစ်ပါးကို မယုံသင်္ကာမဖြစ်နဲ့
- သင့်ကို လေးလေးစားစားဆက်ဆံစေချင်ရင် သူတစ်ပါးကိုပျက်ရယ်မပြုနဲ့
- သင့်ကို တည်တည်တံ့တံ့ပေါင်းသင်းစေချင်ရင် သူတစ်ပါးကို မထီမဲ့မြင်မပြုနဲ့
- သင့်ကို ဆည်းကပ်စေချင်ရင် သူတစ်ပါးကို နေရာတကာသြဇာမပေးနဲ့။
Group Mail
8/28/2012
ကိုယ်၌ သူတပါးပြုစေလိုသမျှအတိုင်းသူတပါး၌ ပြုကြလော့
8/28/2012
Dim




