7/17/2012

ပန်းအဘိဓာန်(FLORAL DICTIONARY)

၁။ ကံ့ကော်ပန်း မပြောင်းလဲတဲ့ထာသရအချစ်ပါ ။

၂။ ကြာပန်း မိတ်ဆွေတွေရဲ. ဖြူစင်မှုမျိုးနဲ့  ခင်မင်ကြရအောင် ။

၃။ ခရေပန်း မေ့မသွားပါနဲ့ကွယ် ။

၎။ ခတ္တာပန်း အားငယ်ရတဲ့သူမို့ညှာတာပါ ။

၅။ ချယ်ရီပန်း တစ်နေ့နေ့တော့ဝေးရဦးမယ် ။

၆။ ခေါင်းလောင်းပန်း အမြန်ဆုံးနီးခွင့်ရချင်တယ် ။

၇။ ဂန္ဓမာပန်းအဖြူ ငြိမ်းချမ်းပါစေ ။

၈။ ဂန္ဓမာပန်းအ၀ါ သတိရနေမယ် ။

၉။ ဂမုန်းပန်း မျှော်လင့်ခြင်းကြီးစွာနဲ့စောင့်နေရတဲ့ချစ်သူပါ ။

၁၀။စံပယ်ပန်း မင်းရဲ့အချစ်ကိုလက်ခံလိုက်တယ် ။

၁၁။ဆပ်သွားဖူးပန်း သစ္စာမရှိတဲ့သူအတွက် ၀မ်းနည်းရတယ် ။

၁၂။ဆောင်တော်ကူးပန်း မင်းကြောင့် ကိုယ့်မှာရူးရပြီ ။

၁၃။ဆယ်နှစ်ရာသီပန်း ရိုးသားဖြူစင်ခြင်း ။

၁၄။ညမွေးပန်း အရာရာဟာ မင်းအတွက်ဖြစ်စေရမယ်လို့ ကတိပေးပါတယ် ။

၁၅။ဒေလီယာပန်း မကြာခင်မှာ ဆုံတွေ့ကြရအောင် ။

၁၆။ဒန်းပန်း ဘ၀ကို အရှုံးမပေးနဲ့  ။

၁၇။ဒေါနပန်း တို့တစ်တွေ ခွဲခွာကြပါစို့ ။

၁၈။နှင်းပန်း အဆင်မပြေမှုတွေဟာ တစ်ခဏပါ ။

၁၉။နှင်းဆီပန်း ကိုယ်တော့ မင်းကို ချစ်နေမိပြီ ။

၂၀။နေကြပန်း မင်းရဲ့ဘ၀ရှေ့ ရေးအဆင်ပြေဖို့ ကိုယ်တာဝန်ယူပါတယ် ။

၂၁။ပိတောက်ပန်း မင်းဟာ ကိုယ့်အတွက် ရှားပါးတဲ့ဆုလာဘ်ပါ ။

၂၂။ပျားခတ်ပန်း မင်းဟာ ဒီပန်းကလေးလို လှပသူတစ်ယောက်ပါ ။

၂၃။ဖယောင်းပန်း အထီးကျန်ဖြစ်ခြင်း ၊ ကြေကွဲအားငယ်ခြင်း ။

၂၄။မြတ်လေးပန်း ဇွဲသတ္တိရှိခြင်း ။

၂၅။မိုးမခပန်း လွမ်းဆွေးကြေကွဲရခြင်း ။

၂၆။သဇင်ပန်း ကျေးဇူးပြုပြီး မမုန်းလိုက်ပါနဲ့  ။

၂၇။သစ်ခွပန်း ကျက်သရေမင်္ဂလာအပေါင်းနှစ်ပြည့်စုံခြင်း ။

၂၈။သော်ကပန်း ကိုယ့်ကို ခွင့်လွတ်ပါ ။

၂၉။သံလွင်ပန်း အောင်မြင်ခြင်း၊ဂုဏ်ပြုခြင်း ။

၃၀။ရွက်လှပန်း နှုတ်ဆက်လိုက်ပါတယ် ။

၃၁။ဝိုင်အိုလက်ပန်း မျှော်လက်သလို ဖြစ်လာပါစေ ။
(ခရမ်းရောင်)

၃၂။အုန်းပန်း ကံကောင်းခြင်း ။

DavidO.flyno ၏ Feoral Dictionary ကို ဆရာမင်းခိုက်စိုးစန် ဘာသာပြန်ထားသော... စာအုပ်တစ်အုပ်မှပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်။။