အမျိုးသမီးများ နှစ်ခြိုက် သဘောကျလေ့ရှိသည့် ယောကျာ်းကောင်း တစ်ယောက်တွင် ရှိသင့် ရှိထိုက်သည့် အင်္ဂါရပ်များကို စာအုပ်တစ်အုပ်တွင် အောက်ပါအတိုင်း ဖော်ပြ ထား ပါသည်။
(၁)ခေါင်းဆောင်မှုကို ပြသပါ
ဖြေရှင်းစရာ အခြေအနေတစ်ခု ကြုံတွေ့ ရပြီဆိုလျှင် ရဲရဲဝင့်ဝင့် ရင်ဆိုင်လိုက်ပါ။ အခြား သူများ လာရောက် ဖြေရှင်းသည်အထိ စောင့်ဆိုင်းနေလေ့ ရှိသော ယောကျာ်းများကို အမျိုးသမီးများက မနှစ်သက်ပါ။
(၂) ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ချက်ချပါ
ဘာလုပ်ရမယ်ဆိုတာကို မဆုံးဖြတ်ရဲပဲ တွန့် ဆုတ်နေခြင်း တာဝန်မယူပဲ နေခြင်းမျိုး မပြု လုပ်ပါနှင့်။ ထို့ အပြင် “ခင်ဗျားသဘော အတိုင်းပဲ လုပ်ချင်လုပ် မလုပ်ချင်နေ” ဟူသော စကားမျိုး မပြောသင့်ပါ။
သင့်စိတ်ထဲက ကောင်းမယ်ထင်လျှင် ဆုံးဖြတ်ရမည် ဖြစ်သည်။ ထိုဆုံးဖြတ်ချက်ကြောင့် သင်၏ မိတ်ဆွေအား ထိခိုက်ကောင်း ထိခိုက်နိုင်သော်လည်း မတတ်နိုင်ပါ။
(၃) တာဝန်ယူပါ
သင်၏ ဆောင်ရွက်မှု မှားယွင်းသွားခဲ့လျှင် မှားကြောင်း ၀န်ခံ၍ တာဝန်ယူပါ။အခြေအနေ ကောင်းအောင် ပိုပြီး ကြိုးစားပါ။ အခြားသူအား အပြစ်မတင်ပါနှင့်။ စိတ်ဓာတ် ခွန်အား မွေး ပါ။ ခံစားချက်ကို ထိန်းချုပ်ပါ။
အလောတကြီး တုံ့ ပြန်လျှင် သင်ကိုယ်တိုင်ရော သင်၏ မိတ်ဆွေများပါ ထိခိုက်စေနိုင်ပါတယ်။
Health Digest Journal
7/17/2012
ယောကျာ်းကောင်းတစ်ယောက်၏ အင်္ဂါရပ်များ
7/17/2012
Dim




