တစ်ခါက ထင်းခုတ်သမား တစ်ယောက်ရှိ၏။
သူသည်တောထဲ၌ထင်းခုတ် နေစဉ်တောဝငက်ကလေး တစ်ကောင်ကိုတွေ့၍ အိမ်သို့ယူဆောင်လာကာ ကျွေးမွေးပြုစုထား၏။
ဝက်ကလေး အတန်ကြီးမား၍ ယဉ်ပါးလာသောအခါ ထင်းခုတ်သမားသည် ၀က်ကလေးကို သနားသောကြောင့် တောထဲသို့သွားရောက်လွှတ်လိုက်လေ၏။
ထိုအချိန်ဝယ် ခြင်္သေ့ကြီးတစ်ကောင်သည် တောဝက်များကို နေ့စဉ်တစ်ကောင်ကျ ဖမ်းဆီးစားသောက်နေသဖြင့် တောဝက်များမှာ ခြင်္သေ့ကြီး၏ရန်ကိုကြောက်ရွံ့ကာအစာကောင်းစွာ ရှာကြံမစားနိုင်ဘဲ့ပုန်းအောင်း နေရ၍စိတ်ပင်းပန်း ပြီးပိန်ချုံးနေကြ၏။
ခြင်္သေ့ကြီး၏ဘေးရန်ကြောင့် ကြုံလှီနေသော တောဝက်များကို ၀က်ယဉ်ကလေးတွေ့လျှင် "အဘယ်ကြောင့်ဤမျှ ပိန်ချုံးနေရသနည်း" ဟုမေးလေ၏။တောဝက်များက "ခြင်္သေ့ကြီး၏ ဘေးရန်ကြောင့် စိတ်ပင်ပန်းပြီးပိန်းချုံးနေရကြောင်း " ပြောသောအခါ ၀က်ယဉ်ကလေးက "သင်တို့အင်အားအများကြီး၊ခြင်္သေ့က တစ်ကောင်တည်းဘဲ၊ ဘာကြောက်စရာရှိသလဲ။
ခြင်္သေ့ရန်က လွတ်ကင်းအောင် ငါကြ့ဆောင်မည်ဟု"ဆိုလျှင်တောဝင်များလည်း ခေါင်းဆောင်ကောင်းတွေ့ပြီဟု ကြွေးကြော်ကာ ၀က်ယဉ်ကလေးထံပါးသို့ လာရောက်စုရုံးကြလေ၏။
ဝက်ယဉ်ကလေးက ခြင်္သေ့နှင့်တွေ့လျှင် တစ်ယောက်မှ ထွက်မပြေးရ၊ခြင်္သေ့ဟိန်းဟောက်တဲ့အခါမှာ ၀က်ထုကလည်း သံပြိုင်ပြန်အော်ရမည်၊
ထို့နောက် ခြင်္သေ့ကိုတစ်ညီတစ်ညာတည်း အစွယ်များဖြင့် ထိုးသတ်ရမည် ဟုတင်ပြရာ ၀က်ထုက သင်အကြ့ပေးသလို တို့အားလုံး ခုခံပါမည် ဟုကတိပြုကြလေ၏။
နောက်တစ်နေ့နံနက်၌ခြင်္သေ့ကြီးလာရောက်သောအခါ ၀က်ထုသည်ပူးကပ်စုရုံး၍ ခြသေ့်ကြီးအားရင်ဆိုင်လေ၏။
ခြင်္သေ့ကြီးသည် ကြီးမားသော ၀က်ထုကိုတွေ့လျှင် အံ့အားသင့်ပြီး ဟိန်းဟောက်လိုက်၏။ ၀က်ထုကလည်း သံပြိုင်ဟစ်အော်ရာခြင်္သေ့မှာ အံ့သြပြီးငိုင်နေစဉ်ဝက်ထုသည် ခြင်္သေ့ကြီးထံသို့ တစ်ပြိုင်တည်းပြေးလာကာ အစွယ်များဖြင့်ပက်ကြ၏။
ခြင်္သေ့ကြီးမှာ ပြန်လည်ခုခံသော်လည်း အများနှင့်တစ်ယောက် အင်အားဖြစ်၍တောဝက်များ၏
အစွယ်ဒဏ်ဖြင့်သေဆုံးရလေ၏။ တောဝက်များက ၀က်ယဉ်ကလေးအား ခေါင်းဆောင်ကြီးဟု ချီးမွမ်းကြ၏။
ဝက်ယဉ်ကလေးက "ခေါင်းဆောင်ကောင်းတွေ့ရုံနှင့်မပြီးဘူး၊ရန်သူကို အောင်မြင်တာဟာ ခေါင်းဆောင်ကောင်းတစ်ဦးတည်းအား မဟုတ်ဘူး၊ စည်းလုံးညီညွတ်မှုရဲ့အင်အား ဖြစ်တယ်ဆိုတာ အမြဲသတိရှိဖို့လိုတယ်" ဟုဆိုလေ၏။
ဆောင်ပုဒ်- စည်းလုံးညီညာ၊အောင်ကြောင်းသာ၊
7/17/2012
စည်းလုံးညီညာအောင်ကြောင်းသာ
7/17/2012
Dim




