7/18/2012

ကိုယ်နေရာနှင့် ကိုယ်

မီးရထား တစ်စင်း ရှိသတဲ့။ သူဟာ သံလမ်းပေါ်မှာ နေရတာ ပျင်းလာတယ်
"ငါ့ဘ၀ တစ်သက်လုံး သံလမ်းပေါ်မှာပဲ ဘာကြောင့် ပြေးနေရမှာလဲ" လို့ မီး၇တားက မေးတယ်။

"ကိုယ့် နေရာမှာပဲ နေတာ ကောင်းမယ်ကွယ်"လို့ သံလမ်းတွေက ပြောကြတယ်။ "တို့ကို မင်းပြေးဖို့ လုတ်ထားတာ။ လောကမှာ ဘာမဆို ကိုယ်ဆိုင်ရာ ဆိုင်ရာမှာပဲနေတာ ကြီးပွားချမ်းသာတာပဲ"တဲ့။
ဒါပေမယ့် မီးရထားက နားမထောင်ဘူး။

"ငါဒီမှာ မနေတော့ဘူး"ဆိုပြီး သံလမ်းပေါ်က ခုန်ထွက်၊ လမ်းပေါ်လျောက်ပြေးပါလေရော
"မလာနဲ့" လို့ ကားတွေက အော်ကြတယ် ။ "ဒီလမ်းက ငါတို့ အတွက် လုပ်ထားတာ" "မလာနဲ့ မလာနဲ့"လို့ အော်ကြတယ်
"မဟုတ်ဘူး"လို့ မီးရထားက ပြောတယ်။

"လမ်းပေါ်မှာ ငါ့အတွက် နေရာ အကျယ်ကြီးပါ"လို့ ပြောပြီး လမ်းအတိုင်း ပြေးဆင်းသွါးတယ်၊ အိမ်တွေမှာ ရပ်ပြီး လူတွေ၊ သေတ္တာတွေတင်တယ်၊ စာတိုက်မှာ ရပ်ပြီး ပို့စာအိတ်ကြီးတွေ တင်တယ်၊ လယ်တွေဆီ ပြေးပြီး နွားနို့ တင်တယ်၊ လူတွေကလည်း ၀မ်းသာကြတယ်၊ ဘူတာကို သယ်သွားရတာထက် လွယ်ကူတာကိုး၊ ဒါပေမယ့် မီးရထားက ကြာလွန်းတဲ့အတွက်ကြောင့် ခရီးဆုံးကို တော်တော်နဲ့ မရောက်နိုင်တော့ဘူး
လူတွေက သေတ္တာတွေကို မျှော်နေကြတာ ရောက်မလာဘူး။ ပို့စာအိတ်ကြီးတွေထဲက စာတွေကလည်း ကြာလွန်းပြီမို့ ဘယ်သူမှ ဒုက္ခခံပြီး မဖတ်ချင်ကြတော့ဘူး၊ နို့တွေကလည်း ချဉ်နေပြီမို့ ဘယ်သူ့အတွက်မှ သုံးမရတော့ဘူးတဲ့၊ ဒါကြောင့် လူတွေက ပစ္စည်းတွေကို ရထားနဲ့ တင်တာကို ရပ်ပြီး ကားတွေနဲ့ပဲ တင်ပို့ကြတော့တယ်

"ဘယ်နှယ်ရှိစ၊ ဘယ်သူမှ မင်းကို မသုံးကြတော့ဘူးလေ" "မင်းဟာ ငါတို့ပြောတဲ့အတိုင်း သံလမ်ပေါ်မှာပဲ နေသင့်တာ၊ ကားလမ်းက မင့်အတွက် မဟုတ်ဘူးကွ"လို့ ကားတွေက ပြောကြတယ်။
ဒါပေမယ့် မီးရထားကတော့ သံလမ်းပေါ်ပြန်မသွားဘူး၊ တစ်နေ့တော့ သူ လယ်ကွင်းထဲမှာ ပြေးနေတဲ့ မြင်းတစ်ကောင်ကို မြင်တယ်။

ပြီးတော့ မီးရထားက "ငါ့ဘာကြောင့် ကားလမ်းမပေါ်နေတော့မလဲ ဒီမြက်ခင်း လယ်ကွင်းတွေကမှ ငါ့အတွက် ပိုပျော်စရာကောင်းတာ" စဉ်းစားပြီး ကားလမ်းမပေါ်ကနေ လယ်ကွင်းထဲကို ဆင်းသွားတယ်တဲ့။

"မင်း ဒီကိုမလာရဘူး"လို့ မြင်းက အော်တယ် "ဒါ ငါ့ လယ်ကွင်း မလာနဲ့ မလာနဲ့ ပေါ့ ။ မဟုတ်ဘူး ငါ့အတွက် လယ်ကွင်းထဲမှာ နေရာ အကျယ်ကြီး ရှိပါတယ်လို့ မီး၇ထားက ပြန်ပြောလိုက်တယ်။

ပြီးတော့ ဒုန်းဒုန်းဒုန်းနဲ့ လယ်ကွင်းထဲ ဖြတ်ပေးလိုက်တာ ချောင်းဘေးကိုရောက်သွားတယ်၊ "ဒါကို ငါဘယ်လို ကျော်ဖြတ်ရမလဲ" မီး၇ထားက မေးတယ်၊ " ခုန်လိုက်"လို့ မြင်းက ပြန်ဖြေလိုက်တယ်၊ "ငါ့တစ်သက် တစ်ခါမှ မခုန်ဖူးဘူး"လို့ မီးရထားက ပြန်ဖြေလိုက်တယ် "ငါ့အတွက် တံတားတွေ ဆောက်ပေးရတာချည်းပဲ"လို့လည်း ပြောလိုက်တယ်၊ မြင်းက ရယ်လိုက်ပြီး "သံလမ်းဟုတ်လား မင်း ကိုယ့်နေရာကို ပြန်သွားရင် ကောင်းမယ်၊ သံလမ်းက မင့်နေရာမှန်ပဲ"လို့ ပြောလိုက်တယ်။

ဒါပေမယ့် မီးရထားက ဂယုမစိုက်ဘူးတဲ့၊ အဲ့ဒီအချိန်မှာ မိုးပေါ်က လေယာဉ်ပျံတဲ့သံကြားလိုက်ရလို့ မော့ကြည့်လိုက်လို့ လေယာဉ်ပျံ တစ်စင်း ကောင်းကင်မှာ ပျံနေတာကို တွေ့လိုက်တော့ မြင်းက "ငါ ဘာကြောင့် မြေကြီးပေါ်မှာ နေရမှာလဲ ကောင်းကင်ကို ပျံမယ် အဲ့ဒီကမှ တကယ် ပျော်စရာကောင်းတာ"လို့ ပြောပြီး ကောင်းကင်ကို ပျံသန်းနိုင်ဖို့ ကြိုးစားတယ်။

"လူမိုက်"လို့ မြင်းကပြောလိုက်တယ်၊ မီးရထားကလည်း ကောင်းကင်ကို ပျံနိုင်ဖို့ အမျိုးမျိုးကြိုးစားပေမယ့် မပျံနိုင်ဘူးဖြစ်နေတယ် ရှေ့ဘီးတွေကို အားစိုက်ပြီး ကြိုးစားကြည့်တယ် မရဘူး သူ့ဘီးတွေ အားလုံးကို အသုံးပြုပြီး ကြိုးစားကြည့်တယ် မရဘူးတဲ့၊ နောက်ဆုံးတော့ ကောင်းကင်ကို မပျံနိုင်ပဲ မောဟိုက်လာတယ် "တစ်ခုခုတော့ ချွတ်ယွင်းနေပြီထင်တယ်"လို့ စဉ်းစားမိသွါးတယ်၊ ငါလယ်ထဲမှာ ဆောင့်ဆောင့်သွါးနေတော့ လူတွေက မစီးကြတော့ဘူး၊ ကားလမ်းပေါ်မှာလည်း ငါက နှေးလွန်းလို့ဆိုပြီး ပစ္စည်းတွေ မတင်ကြဘူး၊ ကောင်းကင်လည်း မပျံနိုင်ဘူး၊ ငါဘယ်နေရာမှ အသုံးမ၀င်တော့ပါလားလို့ စဉ်းစားမိတယ်၊ ငါဟာ ကမ္ဘာပေါ်မှာ ဘာမှ အသုံးမ၀င်တော့ဘူးလို့ ထင်ပြီး အားငယ်လာမိတယ်၊ အဲ့အချိန်မှာ သူအတွေးတစ်ခု ရလိုက်တယ်၊ အဲ့ဒါကတော့ ငါ သံလမ်းပေါ် ပြန်သွားမယ်ဆိုတဲ့ အတွေးလေးပါပဲ၊ သံလမ်းတွေ ရှိမှ ရှိသေးရဲ့လားလို့လည်း သူ စိုးရိမ်မိသွားတယ်တဲ့၊

လယ်ကွင်းတွေကိုဖြတ်၊ ကားလမ်းကိုကူးပြီး သံလမ်းတွေဆီကို အမြန်သွားခဲ့တယ်၊ ဘူတာကို ရောက်တော့ သံလမ်းတွေက သူထားခဲ့တဲ့ အတိုင်းပဲတဲ့၊ "မင်း မရှိတာ ပျင်းလိုက်တာ"လို့လည်း သံလမ်းတွေက သူ့ကို ပြောကြတယ်၊ ငါတို့ အပေါ်မှာ သွားမယ့်သူ မရှိရင်တော့ သံချေးတက်ပြီး ပျက်စီးတော့မှာပဲလို့ စိုးရိမ်နေတာ "မင်း ပြန်ရောက်လာတာ ၀မ်းသာလိုက်တာ"လို့ လည်းပြောကြတယ်တဲ့၊ ဘူတာမှာ လူတွေအများကြီး စာပုံးတွေလည်း အများကြီး သေတ္တာတွေလည်း အများကြီး သူ့ကို စောင့်နေကြတယ်၊

"ဒါမှ ငါနဲ့ ဆိုင်တဲ့ နေရာပဲ"လို့ မီး၇ထားလေးက ရွှင်ရွှင်ပျပျ လေချွန်လိုက်တယ်။ အဲ့အချိန်ကစပြီးတော့ မီးရထားလေးဟာ ချောမွေ့နိုင်သလောက် ချောချော မွေ့မွေ့ သံလမ်းတစ်လျှောက် တပျော်တပါး ပြေးနေတာကို နေ့တိုင်းတွေ့မြင်နိုင်ကြပါတော့ တယ်။

ဒီစာလေးကို ဖတ်ပြီး မိမိနဲ့ သက်ဆိုင်တဲ့ နေရာ၊ ဘ၀မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြပြီး၊ မိမိနှင့် မဆိုင်တဲ့ မကိုက်ညီတဲ့ နေရာ, ဘ၀ မှာ မပျော်မိကြဖို့ သင်ခန်းစာလေးတွေ ဖြစ်ကြပါစေ။